Fact Check: ဗြိတိန်ဝန်ကြီးချုပ်မောင်းထုပုံကို မြန်မာနိုင်ငံက ဒန်အိုးတီးတဲ့ လှုပ်ရှားမှုနဲ့မဆိုင်ပါ

အာဏာသိမ်းမြန်မာတပ်မတော်ကို မြန်မာပြည်သူတွေလိုပဲ  မြန်မာရိုးရာမောင်းကို ထုပြီး ဗြိတိသျှ ဝန်ကြီး ချုပ် ဘောရီဂျွန်ဆင်(Boris Johnson)က သတိပေးခဲ့တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ ရေးသားမျှဝေထား တာတွေ့ရပါတယ်။ သို့သော်လည်း ဗြိတိသျှ ဝန်ကြီးချုပ် ဘောရီဂျွန်ဆင် ဒီမောင်းခတ်နေတဲ့ ပုံဟာ ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အင်တာနက်မှာ ပျံနှံ့လျက်ရှိတာတွေ့ရပါတယ်။ “စစ်မိစ္ဆာကောင်တွေ နိမိတ်မကောင်း မြန်မာရိုးရာမောင်းကို အားမာန်အပြည့် ထုပြီးအာဏာလုမိစ္ဆာကောင်ကို သတိပေးလိုက်ပြီ ဗြိတိသျှ ဝန်ကြီးချုပ် Boris Johnson Prime minister of The Unitedkingdom အဂ်လန်ဝန်ကြီးချုပ်သည် မနေ့ကမြန်မာပြည်သူများ သံပုံးတီး စစ်အာဏာတွန်းလှန်ခြင်းကို အသိမှတ်ပြုထောက်ခံသေားအားဖြင့် မြန်မာပြည်သူတွေနဲအတူ မြန်မာဒီမိုကရေးစီကို ကူညီသွားမည်ဟုပြေားကြား Crd: PHOTO ကိုကိုနောင်”လို့ ရေးသားပြီး လူမှုကွန်ယက်မှာ မျှဝေထားတာ တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ရန်ကုန်ဆေးရုံကြီးက ကိုဗစ်ကာကွယ်ဆေးလုသွား တယ်ဆိုတာမဟုတ်ပါ

ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်က လုယူသွားတယ်ဆိုပြီးတော့ လူမှု ကွန် ယက်အသုံးပြုသူများအကြားမျှဝေလျက်ရှိပါတယ်။ “ရန်ကုန်ဆေးရုံကြီးမှCo19.ကာကွယ်ဆေးများအားလုံးကိုစစ်တပ်မှမတရားလုယူသွားပြီးဟုသိရပါတယ်”လို့ ရေးသားပြီးဖေဖော်ဝါရီ ၁ရက်က မျှဝေထားရာမှာ အများအပြားကပြန်လည်မျှဝေခဲ့ပါတယ်။ ဒီလိုမျှဝေနေတဲ့ အကြောင်းအရာဟာ မဟုတ်မှန်ကြောင်း ရန်ကုန်ဆေးရုံးကြီးက ပြန်လည်ရှင်းလင်း ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီလိုပျံ့နှံ့လျက်ရှိတဲ့ပို့စ်နဲ့ ပတ်သက်ပြီး သတင်းမှားသာဖြစ်ကြောင်း ရန်ကုန်ဆေးရုံးကြီးရဲ့ တရားဝင်ဖေ့စ်ဘွတ်စာ မျက်နှာက ဖေဖော်ဝါရီ ၁ ရက်မှာ အောက်ပါအတိုင်း ရှင်းလင်းထားပါတယ်။ မူရင်းလင်ခ့် – Yangon General Hospital |  Archive link သုံးသပ်ချက် အထက်ပါအချက်အလက်အရ ရန်ကုန်ဆေးရုံကြီးမှ ကိုဗစ်ကာကွယ်ဆေးများအားလုံးကိုစစ်တပ်ကလုယူသွား တယ်ဆိုပြီးမျှဝေနေတာဟာ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။ Title:ရန်ကုန်ဆေးရုံကြီးက […]

Continue Reading

Fact Check: Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်လို့ သတင်းမှားဖြန့်

မြန်မာနောင်း(Myanmar Now) သတင်းဌာနက အယ်ဒီတာချုပ်ကိုဆွေဝင်းကို  ဖမ်းဆီးလိုက်ပြီဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ “(Myanmar Now) သတင်းဌာနမှ ဆွေဝင်း ကို ဖမ်းဆီးလိုက်ပြီ” (မူရင်းအရေးအသား) လို့ ရေးသားမျှဝေနေတာပါ။  သို့သော်လည်း မြန်မာနောင်းသတင်းဌာနက အားလုံးဘေးကင်းကြကြောင်း ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၁၁ နာရီဝန်းကျင်မှာ လူမှုကွန်ယက်စာမျက်နှာက တစ်ဆင့် အသိပေးထားပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို ပျံ့နှံ့လျက်ရှိတဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မြန်မာနောင်းအယ်ဒီတာချုပ် ကိုဆွေဝင်းအဖမ်းခံရတယ်ဆိုတဲ့ အကြောင်း မီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ […]

Continue Reading

Fact Check: နိုင်ငံခြားသားအကြံပေးများအတွက် လစဉ် ကျပ် ၂ ဒသမ ၅ ဘီလီယံအသုံပြုခဲ့သလား

NLD အစိုးရဟာ နိုင်ငံခြားသားငှားရမ်းခ လစဉ်ကျပ် ၂ ဒသမ ၅ ဘီလီယံအသုံးပြုခဲ့တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ မျှဝေနေတာတွေ့ရပါတယ်။ လူမှုကွန်ယက်ပေါ်မှာ NLD အစိုးရက နိုင်ငံခြားသား အကြံပေး ၉၀ ကျော် ခန့်အပ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေ ဖြုန်းတီးခဲ့တယ်ဆိုပြီး မကြာခဏပြန်နှံ့ခဲ့တဲ့ အထဲမှာ “NLD အစိုးရဟာ နိုင်ငံခြားသား ငှားရမ်းခတစ်နှစ်ကို ကျပ် ၂၄,၃၉၇,၆၀၉,၈၂၀/- တစ်လကို ကျပ် ၂ ဒသမ၅ ဘီလီယံအထိသုံးစွဲနေကြောင်း ပြည်သူများသိစေအပ်ပါတယ်” (မူရင်းအရေးအသား)လို့ ရေးသားမျှထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ တစ်နှစ်ကို ကျပ် ၂၄ ဘီလီယံ နိုင်ငံခြားသားတွေအတွက် ကုန်ကျခဲ့တယ်၊ တစ်လ ကျပ် ၂ ဒသမ ၅ ဘီလီယံရှိတယ် ဆိုပြီးတော့ ရေးသားမျှဝေချက်ကိုယ်၌က ရှေ့နောက်မညီဖြစ်နေတာတွေ့ရပါတယ်။ ၂၄ ဘီလီယံကို ၁၂ […]

Continue Reading

Fact Check; နိုင်ငံခြားသံရုံးတွေအနေနဲ့ ပြည်တွင်းရေးကို ဝင်မစွတ်ဖတ်ဖို့နဲ့ ကျင့်ဝတ်လိုက်နာဖို့ တပ်မတော်သတိပေးတယ်ဆိုတဲ့ သတင်းအမှား

နိုင်ငံခြားသံရုံးတွေက သံတမန်တွေအနေနဲ့ သံတမန်ကျင့်ဝတ်နဲ့အညီပြောဆိုဆက်ဆံဖို့နဲ့ မြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ လက်အောက်ခံနိုင်ငံမဟုတ်တာကြောင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း တပ်မတော်က သတိပေးလိုက်တယ်ဆိုတဲ့ကြောင်း ရွတ်ဖတ်ပြထားတဲ့ ရုပ်သံဖိုင်တစ်ခု ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံခြားသံရုံးများသို့ သဘောထားကြေငြာချက်များ”လို့ ခေါင်းစဉ်တပ်ထားပြီး “Statements from foreign embassies.Office of the Commander-in-Chief of the Armed Forces Commander-in-Chief of the Armed Forces from (Ka Ka Kyi) A warning was issued immediately.Our country is a sovereign state, so that foreign embassies can communicate […]

Continue Reading

Fact Check: ဦးသန်းဌေးကို ပဲခူးမြို့က ကြိုဆိုတဲ့ ဆိုင်းဘုတ်လား- မဟုတ်ပါ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးကို ပဲခူးမြို့က ဝန်းရံပြည်သူတွေက ကြိုဆိုကြောင်း ဦးသန်းဌေးပုံနဲ့ ဆိုင်ဘုတ်ထောင်ထားတဲ့ ဓာတ်ပုံပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ပြန်လည်မျှဝေတာ၊ ပြန်လည်ကူးယူဖော်ပြနေတာတွေ့ရပါတယ်။ ဒီပုံကို “ဒီပိုစတာလေးတွေ့တော့… ရင်ထဲမှာကြည်နူးမိတယ်…. ပဲခူးက မျိုးချစ်လူငယ်တွေကိုလည်း ကျေးဇူးတင်မိတယ်… သူတို့လေးတွေ အရဲစွန့်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်လိုက်တာလို့ မြင်မိပါတယ် အရမ်းကြီးလည်း အရဲမစွန့်ကြပါနဲ့ တောသားတွေ ရန်ရှာလိမ့်မယ်”လို့ အညွန်းတက်ထားတာ တွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဒီပုံနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးကြည့်မယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်လောက်အောင် အနိုင်မရရှိခဲ့တာကြောင့် […]

Continue Reading

Fact Check: အစိုးရနဲ့ တပ်မတော်ဆွေးနွေးမှုအပြီး စစ်ရေးပြင်နေပုံလား- မဟုတ်ပါ

အစိုးရနဲ့တပ်မတော်ဆွေးနွေးမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်ဘက်က စစ်ရေးလုပ်ရှားမှုအဖြစ် စစ်ကားတွေတန်းစီနေတဲ့ပုံနဲ့ စစ်သားတွေ မြေနီလမ်းတစ်ခုမှာ ရပ်နေပုံတို့ကို လူမှုကွန်ယက်မှာ မျှဝေလျက်ရှိ တာတွေ့ရပါတယ်။ သို့သော်လည်း ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်များအတွင်း ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။  “နိုင်ငံရေးဆွေးနွေးချင်ရင် တတိယအကြိမ်လွှတ်တော် ခေါ်ဆိုထားမှုကို ရပ်ဆိုင်းပေးရမယ်လို့ တပ်မတော်ရဲ့ တောင်းဆိုချက်ကို NLD အစိုးရက ငြင်းဆန်အပြီး နာရီပိုင်းအတွင်း ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်များပါ။ မဲအငြင်းပွားမှုပြဿနာများကို မဖြေရှင်းပဲ တတိယအကြိမ် လွှတ်တော်ခေါ်မယ်ဆိုရင် တပ်မတော်ကလည်း လုပ်စရာရှိတာ ဆက်လုပ်သွားမယ့် အနေအထားကို တွေ့ရပါတယ်။”စသည်ဖြင့် ရေးသားလျှက် “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ “လမ်းပေါ်ရောက်ကုန်ပီး”လို့ရေးသားလျှက် “မဉ္ဇူသက်ထား”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာကို ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  | […]

Continue Reading

Fact Check: လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်မထွက်ဖို့ စစ်တပ်က အမိန့်ပေးတယ်ဆိုတာမဟုတ်ပါ

လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တပ်က ၃ ရက် အပြင်မထွက်ဖို့ အမိန့်ပေးတယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ပါတယ်။ သို့သော်လည်း ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ တူညီစွာမျှဝေ ထားတာကို ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အခုလိုပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ လွှတ်တော်တက်ဖို့ ရောက်ရှိနေတဲ့ မင်္ဂလာ တောင်ညွှန့်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို Fact Crescendo Myanmar က ဆက်သွယ် အတည်ပြုရာမှာ  သတင်းမမှန်ကြောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ Quarantine ဝင်နေတာ သာဖြစ်ပြီး တပ်က ညွှန်ကြားတယ်ဆိုတာမဟုတ်ကြောင်းပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ရောက်ကတည်းက အပြင်မထွက်ဖို့ ပါတီဘက်က […]

Continue Reading

Fact Check: NLDထောက်ခံပွဲလုပ်သူတွေ သုံးပြီးသားတွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ ပစ်ထားခဲ့တယ်လို့ ဖော်ပြနေတဲ့ ပုံအမှား

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ ပလတ်ဖောင်းဘေးမှာ စားသားတချို့ရေးသားထားတဲ့ အနီရောင်ဗွီနိုင်းစတွေ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ ထောက်ခံပွဲလုပ်သူတွေစည်းကမ်းမရှိပဲ ထောက်ခံပွဲက ဗီနိုင်းတွေကို လမ်းပေါ်မှာပစ်ထားခဲ့တယ်လို့ ရေးသားထားတဲ့ပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက် ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်မှာ အနီရောင်အောက်ခံမှာ အဖြူရောင်စားသားတချို့ရေးသားထားတဲ့ ဗွီနိုင်းစတွေကို အလပ်ဖောင်ဘေးမှာ ဖြန့်ခင်းထားတဲ့ ပုံတစ်ပုံကို “ရန်ကုန်မြို့တွင် ယမန်နေ့က NLD အုပ်စုအားထောက်ခံကြောင်းပြသခဲ့သည့် လူအုပ်စုသည် ၎င်းတို့ကိုင်ဆောင်သော ပိုစတာများအား လူအများသွာလာသည့် လမ်းများပေါ်တွင် စည်းကမ်းမဲ့ပစ်ချပြီး လူစုခွဲသွားကြောင်းသိရသလို ၎င်းတို့လုပ်ရပ်အား ပူးပေါင်ပါဝင်ခြင်းမရှိသည့် ပြည်သူလူထုအားလည်း ခြိမ်းခြောက်ပြောဆိုမှု့တွေပြုလုပ်သွားတယ်လို့သိရပါတယ်။”လို့ အညွှန်းတပ် ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှူ့နိုင်ပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အဲ့ဒီ့ပို့စ်ပါ ပုံကို Zoomဆွဲပြီး […]

Continue Reading

Fact Check: ဦးဖြိုးမင်းသိန်း အင်းစိန်ထောင်အဆောင်သစ်ဖွင့်နေပုံလား-မဟုတ်ပါ

ဦးဖြိုးမင်းသိန်း ဖဲကြိုးဖြတ်နေတဲ့ ဓာတ်ပုံတစ်ပုံကို အသုံးပြုပြီး အင်းစိန်ထောင်အဆောင်သစ်ဖွင့်ပွဲအဖြစ်မျှ ဝေနေတာတွေ့ရပါတယ်။  သို့သော်လည်း ဓာတ်ပုံဟာ Rosewood Yangon ဟိုတယ်ကို ၂၀၁၉ ဩဂုတ်လအတွင်းက မြို့ပြအမွေအနှစ် အသိအမှတ်ပြု အပြာရောင်ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားမှတ်တမ်းပုံဖြစ်ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ ရပါတယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ NLD ဟာ မဲခိုးတဲ့အတွက် ထောင်ကျတော့မည်၊သို့သော်လည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ထားတဲ့ အကျဉ်းဆောင်မှာ ထောင်မှထွက်ပြေးရန် အကြံဖြင့် မြေအောက်ခန်းနှင့် လှိုင်ခေါင်းများ ပါဝင်နေမည်ကို စိုးရိမ်ရတယ်လို့လည်းရေးသားမျှဝေထားတာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ ရွေးကောက်ပွဲပြီးမှာ အင်းစိန်ထောင်အဆောင်သစ် ဖွင့်လှစ်ပွဲ ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ ဓာတ်ပုံကိုစစ်ဆေးကြည့်ရှု့ရာမှာ  […]

Continue Reading