Fact Check: မကွေး ပေါက်မြို့နယ် ကျွန်းရင်းရွာက မဲမသမာမှုလုပ်သူ အဖြစ်မျှဝေနေတဲ့ သတင်းမှား

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူအဖြစ် အမျိုးသမီးတစ်ဦး ဓာတ်ပုံနှင့်တကွ လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ ပေါက်မြို့နယ် ကျွန်းရင်းရွာမှာ မဲမသမာမှုလုပ်သူဟာ  မဲရုံစောင့်သူ ဒေါ်ဇင်မာသက် ဆိုသူ အမျိုးသမီးဖြစ်တယ်ဆိုပြီးတော့ မျှဝေနေကြတာဖြစ်ပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီးပြီး မဲမသမာမှုသံသယဖြစ်စဉ်နဲ့ ဓာတ်ပုံမှာပါတဲ့ အမျိုးသမီး ဟာ သက်ဆိုင်ခြင်းမရှိတာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “ပေါက်မြို့နယ် ကျွန်းရင်း ကျေးရွာမှ အဖိုးအဖွားများ၏ NLD ကြိုတင်မဲကို USDP (ကြံ့ဖွံ့)မဲအဖြစ်ခိုးပေးရန် သိန်း၃၀၀ ကျပ်နှင့် ခိုင်းစေသဖြင်ခိုးခဲ့သော ဒေါ်ဇင်မာသက် တိမ်းရှောင်ထွက်ပြေး”လို့ ရေးသားပြီး “Pesai Metgum Metgumအ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားတာတွေ့ရပါတယ်။ အလားသဏ္ဌာန်တူ ရေးသားပြောဆိုချက်တွေကိုလူမှုကွန်ယက်နဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာတွေဖြစ်တဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: မဲဆွယ်ပွဲမှာ သေဆုံးခဲ့ရသူ ကာဘိုးကျေးရွာသားမှာ ကလေးဖြစ်တယ်ဆိုတဲ့ အချက်လက်အမှား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကာဘိုကျေးရွာမဲဆွယ်ပွဲမှာ ကြံ့ခိုင်ရေးပါတီနဲ့ NLDပါတီဝန်းရံသူအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခဲ့ရသူမှာ ကလေးဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။  BURMESEDAILYONLINE.ORGဆိုတဲ့ ဝဘ်ဆိုဒ်မှာ “ကာဘိုးကျေးရွာတွင် USDPဝန်းရံသူများ ရိုက်နှက်တာခံရတဲ့ ကလေးငယ်လေးသေဆုံးသွားပါပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားထားတဲ့သတင်းကို ဖေ့စ်ဘွတ်အကောက်တွေကနေ “အမျိုး၊ဘာသာ၊သာသနာ အော်ပြီး အပြစ်မဲ့ကလေးကို ရိုက်နှက်ခဲ့တာ။ အခုတော့ သေသွားရှာပြီ။ ခံပြင်းလိုက်တာကွာ။ ကာဘိုးကျေးရွာတွင် USDP ပါတီဝန်းရံသူများ ရိုက်နှက်တာ ခံရတဲ့ ကလေးငယ်လေး သေဆုံးသွားပါပြီ”အညွှန်းတက်ပြီး ဖေ့စ်ဘွတ်ခ်ဂရုတွေဆီ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ဒီပို့စ်ကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်မှာပါဝင်တဲ့ သေဆုံးသူက ကလေးဖြစ်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ပြည်တွင်မီဒီယာတွေက ဖော်ပြထားတဲ့ သတင်းတွေကိုကြည်မယ်ဆိုရင် သေဆုံးသူမှာ ကလေးမဟုတ်ပဲ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကို မွတ်ဆလင်အသိုင်းအဝိုင်းကို ညွှန်းဆိုတယ်ဆိုပြီး သတင်းမှားဖြန့်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗမာပါတီမဟုတ်ပြောကြားချက်ကိုကြောင့် မာမူတွေပျော်လို့ရပြီဆိုလို့ရေးသားပြီး လူမှုကွန်ယက်မှာရေးသားဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်မှာ “ဝန်ခံပြီ၊ မာမူတို့ပျော်ကြပြီ”လို့ရေးသားချက်နဲ့အတူ အောက်တိုဘာ ၂၁ ရက်နေ့ ထုတ်စံတော်ချိန် သတင်းစာ စာမျက်နှာ ၃ မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြောဆို”လို့ ခေါင်းစဉ်တပ်ထားရေးသားထားဟန်ရှိတဲ့ ဓာတ်ပုံပို့စ်နှင့်အတူ မျှဝေနေတာ ဖြစ်ပါတယ်။  သို့သော်လည်း စံတော်ချိန်သတင်းစာရဲ့အောက်တိုဘာ ၂၁ ရက်နေ့ထုတ် စာမျက်နှာ ၃မှာ ဒီလိုသတင်းခေါင်းစဉ်နဲ့ ဖော်ပြချက်မပါရှိပါဘူးတာ Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဗမာပါတီမဟုတ်ကြောင်း”ပြောဆိုချက်ဟာ တိုင်းရင်းသားလူမျိုးတွေနဲ့ မဲဆွယ်တဲ့အနေနဲ့ အသုံးပြုတဲ့ စကားလုံးဖြစ်တာလည်းတွေ့ရှိပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ “ဘာတဲ့…ဗမာပါတီမဟုတ်ဘူးတဲ့” လို့ရေးသားပြီး “Nay Sit”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check; ရခိုင်ပြည်နယ်က ဘုရားပေါင်းကျေးရွာဘုန်းကြီကျောင်းအတွင်းမှာ AAတပ်သားတွေဖမ်းမိတယ်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်နယ်အတွင်းကျောက်တော်မြို့နယ်အတွင််းက ဘုရားပေါင်ကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှာ အခုလအောက်တိုဘာ ၂၄ရက်နေ့က AAတပ်ဖွဲဝင်တွေနဲ့အတူ လက်နက်တွေပါဖမ်းမိတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်ခ်စာမျက်နှာပျံ့နှံ့နေတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “AAအကြမ်းဖက်များနှင့်လက်နက်ခဲယမ်းများဖမ်းမိ”ဆိုတဲ့ခေါင်းစဉ်နဲ့ နေ့စွဲကိုတော့ “24-10-2020”လို့ ရေးသားထားပြီး “အခု မိတာပါ၊ ရခိုင်ပြည်နယ် ဘုရားပေါင်း ရွာဘုန်းကြီး ကျောင်းမှာ လူရော့ လက်နက်ပါ မိတာပါ။သတင်း အပြည့်အစုံကို ပြန်လည်တင်ပြပေးမည်။”(မူရင်းရေးသားတဲ့အတိုင်း)လို့ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီပို့စ်နဲ့ပတ်သက်ပြီး ဘုရားပေါင်းကျေးရွာမှာ ရက္ခိုင့်တပ်တော်AAတပ်ဖွဲ့ဝင်ဖမ်းမိတယ်ဆိုတဲ့ သတင်းမျိုး တပ်မတော်သတင်းမှန်ပြန်ကြားရေးရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားတာမတွေ့ရသလို တပ်မတော်သတင်းမှန်ပြန်ကားရေးက အောက်တိုဘာ ၂၄ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲပေမဲ့ ဒီအကြောင်းထည့်သွင်းပြောကြားသွားတာကိုလည်း မတွေ့ရပါဘူး။အလားတူပဲ ပြည်တွင်းမီဒီယာတွေမှာလည်း အဲ့ဒီလိုသတင်းမျိုးရေးသားဖော်ပြထားတာမတွေ့ရပါဘူး။ ဒီပို့စ်မှာသုံးထားတဲ့ AAတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့လက်နက်တွေအဖြစ် ပုံဖော်အသုံးပြုထားတဲ့ပုံတွေကို […]

Continue Reading

Fact Check: NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက် ၆ ချက်ဆိုတဲ့သတင်းတုသတင်းမှား

NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ဆိုပြီး ဓာတ်ပုံပို့စ်တစ်ခုကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ဓာတ်ပုံပို့စ်မှာ NLD ပါတီ ၂၀၂၀ ရွေးကောက်ပွဲမဲအောင်နိုင်ရေး အစည်းအဝေး ဆုံးဖြတ်ချက်လို့ ရေးသား ထားပြီး ရွေးကောက်ပွဲကော်မရှင်ဟာ မိမိမိတ်ဖက်လို့ အသိပေးထားပြီး အနိုင်မရနိုင်သော မဲရုံများတွင် ဆူပူဆန္ဒပြခြင်း၊ ရန်ပွဲဖန်တီးခြင်း၊ ကိုဗစ်ရောဂါအဖြစ် ဟန်ဆောင်မူးလဲရန်နဲ့ နောက်ဆုံးအနိုင်မရပါ ဆူပူအုံကြွမှုလုပ်ရန်စတဲ့ အချက် ၆ ချက်ညွှန်ကြားထားတယ်ဆိုပြီးတော့  မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ပုံဟာ စာစီရိုက်ထားတဲ့ စာရွက်တစ်ရွက်ကို ဓာတ်ပုံရိုက်ထားခြင်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်တုံး၊ နေ့စွဲစတဲ့ ပါတီက ထုတ်ပြန်လေ့ရှိတဲ့ ပုံသဏ္ဌာန်မျိုးကင်းမဲ့နေတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ “#အလွန်ကြောက်စရာကောင်းသော အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲအောင်နိုင်ရေး အစည်းအဝေးမှ […]

Continue Reading

Fact Check: “ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်ထားတဲ့ သီချင်းအသုံးပြုပြီး NLD စတစ်ကာကားတန်းကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယို ထပ်မံ ပုံဖျက် ဖြန့်ဝေ

နေပြည်တော်မှာ NLD ကားစတစ်ကာကပ်ကန်ပိန်းစီတန်းလှည့်လည်လာသူတွေကို ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆက်နေတဲ့ ဗွီဒီယိုကို NLD ရဲ့ရွေးကောက်ပွဲသီချင်း“ဒေါက်ဖိနပ်လျှောက်သံ”ကို ပုံဖျက်သီဆိုထားတဲ့ သီချင်းနဲ့ အစားထိုးပြီး ထပ်မံပုံဖျက်ထားတဲ့ ဗွီဒီယို လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိပါတယ်။ ဗွီဒီယိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ‘အင်္ဂလိပ်၏ ကျွန်မယား’၊ NLD ပါတီကို ‘သာသနာဖျက်ပါတီ’စတဲ့ စကားလုံးတွေအတူနဲ့ လူမျိုးရေး၊ ဘာသာရေး၊ ပုဂ္ဂိုလ်ရေး ပုတ်ခတ်မှု စကားလုံးများနဲ့ သီချင်းအသံပါဝင်ပါတယ်။  “နှစ်ဖက်ချွန်လို့ ခေါ်ချင်ခေါ်ပါ။ NLDကို တလှည့် မဲဆွယ်ပေးပါရစေ။”လို့ရေးသားပြီး “Nay Thurain” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုသတင်းအမှားဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှုတွေကို ဖော်ပြနေတဲ့ “Chair […]

Continue Reading

Fact Check: ထိုင်းတောင်ပိုင်းက ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား

ထိုင်းမှာ ဘာသာခြားတွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့ သံဃာတော်တွေအဖြစ် မျှဝေနေတဲ့သတင်းမှား လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ အခြားဘာသာတွေကို နေရာပေးမိတဲ့အတွက် ထိုင်းနိုင်ငံမှာ ဘုန်းကြီးတွေ အသတ်ခံလိုက်ရ တဲ့ အဖြစ်အပျက်ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။ သို့သော်လည်း မျှဝေထားတဲ့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဘုန်းကြီးတွေ အသတ်ခံရတဲ့ပုံ မဟုတ်ဘဲ တရုတ် တိဘက်ဒေသက ဘုန်းကြီးတွေ တရုတ်ရဲ့ အုပ်ချုပ်မှုကို ဆန္ဒဖော်ထုတ်နေပုံဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ ထိုင်းနိုင်ငံမှာ ဘုန်းကြီးအမြောက်အများကို အခြားဘာသာဝင်တွေက သတ်ဖြတ်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ အချက်အလက် တစ်စုံတစ်ရာလည်း မတွေ့ရှိရပါဘူး။ “ဘာလုပ်သင့်လဲ စဉ်းစားကြပေါ့ နှလုံးသားမှာ ဘုရားတည်နေရင် ဘယ်ဘာသာဝင်ကမှ လာဖျက်ဆီးလို့မရဘူး။ ကျန်တဲ့ဘာသာတွေကိုလည်း နေရာပေးရမယ်လို့ NLD ပါတီဝန်းရံသူတွေက ပြောကြတယ်။ နှလုံးသားမှာ ဘုရား တည်နေပါလျှက်နဲ့ ဘာသာခြားတွေကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားကသရော်ထားတယ်ဆိုတဲ့ တစ်ကွက်ကာတွန်းအမှား

နိုင်ငံခြားကာတွန်းပညာရှင်တစ်ဦးက တစ်ကွက်ကာတွန်းလက်ရာတစ်ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီကို ရည်ရွယ်ရေးသားထားပြီး သရော်ထားတယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေတာတွေရပါတယ်။ ဒီပို့စ်မှာ “နိုင်ငံတကာမှာတောင် အရှက်ကွဲနေပြီ”ဆိုပြီး ခေါင်းစဉ်တပ်ထားပြီး “နိုင်ငံခြားသတင်းဂျာနယ်က ကာတွန်းပါရောဂါဖြစ်လိုခွဲစိတ်ခန်းဝင်တာတောင် ထိုင်ခုံတပ်ပါလာလို့သံသရွင်းနဲ့ ခွာနေပုံပါ ဘယ်လောက်ထိ ထိုင်ခုံမတ်လဲဆိုတာသူများတိုင်းပြည်ကတောင် သိနေကြပြီလေ သိပ်ရှက်စရာကောင်းတဲ့ NLDရဲ့ဖြစ်ရပ်” (မူရင်းရေးသားထားသည့်အတိုင်း)လို့ ကာတွန်းကို အညွှန်းတပ်ထားတာတွေ့ရပါတယ်။ မူရင်းလင့်ခ် –  FB Link |  Archive Link အချက်အလက်စိစစ်ချက် ဒီကာတွန်းလက်ရာကို သေချာကြည့်မယ်ဆိုရင် Photoshopနည်းပညာနဲ့ ပြုပြင်ထားတာကို သတိပြုမိမှာ ဖြစ်ပါတယ်။ ဘာကြောင့်သတိပြုမိစေသလဲဆိုတာကို ကြည့်ရအောင်..။ ဒေါ်အောင်ဆန်းစုကြည်လို့သတ်မှတ်လို့ရတဲ့ ခွဲစိတ်ကုတင်ပေါ်မှာ မှောက်နေတဲ့ ကာတွန်းရဲ့ အဓိကဇာတ်ကောင်ရဲ့ မျက်နှာနေရာမှာ ကယ်ရီကေးချားပညာ(အရပ်အခေါ်- ရုပ်ပြောင်)နဲ့ ဆွဲထားတာကို တွေ့ရမှာပါ။ ဒီလိုဆွဲထားတဲ့ မျက်နှာအပါဝင် ခေါင်းနေရာသည် နောက်မှာရှိနေတဲ့ ခွဲစိတ်ခန်းဝတ်စုံအပါဝင် ကုတင်နဲ့ တသားတည်းကျမနေဘဲ လေးထောင့်ဘောင်တစ်ခုကွက်နေတာကို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားကို သာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်၊ အထူးကိုးကွယ်နေစရာ မလိုဘူးလို့ ပြောခဲ့သလား

ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဘုရားဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးဖြစ်တာကြောင့် အထူးအလေးထား ကိုးကွယ်နေစရာမလိုဘူးလို့  ပြောကြားခဲ့တယ်ဆိုပြီး လူမှုကွန်ယက်မှာ မျှဝေနေလျက်ရှိတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ဗုဒ္ဓဘုရားဆိုတာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါကြောင့် အရမ်းကြီး အလေးအနက်ထား ကိုးကွယ်နေ စရာမလိုဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်ဆိုပြီးတော့ ရေးသား မျှဝေနေတာဖြစ် ပါတယ်။ ဒီလိုအလားတူမျှဝေချက်တွေကို ဒီနေရာ ၊ဒီနေရာ ဒီနေရာနဲ့ ဒီနေရာ နဲ့ ဒီနေရာမှာ မျှဝေထားတာ တွေ့ရပါတယ်။ tenor အပါအဝင်အခြားသော gif ပလက်ဖောင်းများတွေမှာလည်း အလားသဏ္ဌာန်တူ ပျံ့နှံ့လျက်ရှိတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဒီလိုမျှဝေနေတဲ့ အချက်အလက်တွေဟာ မှားယွင်းပြီး အထောက်အထားမရှိတာကို Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ စာပေအသိုင်းအဝိုင်း၊နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေကို မေးမြန်းအတည်ပြုရာမှာလည်း ဒီလိုပြောကြားခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ကြပါတယ်။ မူရင်းလင်ခ့် – Fb link  |  […]

Continue Reading

Fact Check: သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်လို့ သတင်းမှားဖြန့်

သမ္မတဟောင်းဦးသိန်းစိန် နိုဘယ်ဆုရတယ်ဆိုပြီး မျှဝေလျက်ရှိတဲ့ပို့စ် လူမှုကွန်ယက် အသုံးပြုသူများအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “ပြုပြင်ပြောင်းလဲရေးနိုဗယ်ဆု ပူပူနွေးနွေးရရှိလိုက်တဲ့ သမ္မတဟောင်းဦးသိန်းစိန်” လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “သူဟာ သူအားထုတ်ခဲ့တဲ့ ငြိမ်းချမ်းရေး အောင်မြင်အောင် လုပ်နိုင်ခဲ့မှုနဲ့  နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်  ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရခဲ့တာ ဖြစ်ပါတယ်။ အီသီယိုးပီးယားဟာ အီရီထရီးယားနဲ့ မနှစ်က  ငြိမ်းချမ်းရေး သဘောတူညီချက်ရခဲ့ပါတယ်။  ဒါဟာ ၁၉၉၈-၂၀၀၀ ပြည့်နှစ် နယ်စပ် စစ်ပွဲ အပြီး  နှစ် ၂၀ ကြာ ရှေ့မတိုး နောက်မဆုတ်သာ စစ်ရေး တင်းမာနေတဲ့ အခြေအနေကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူက နိုဘယ် ငြိမ်းချမ်းရေးဆုကို  ၁၀၀ ဦးမြောက်ရသူ ဖြစ်လာပါတယ်။ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက်  အမေရိကန်ဒေါ်လာ ကိုးသိန်းနီးပါးကို နော်ဝေနိုင်ငံ […]

Continue Reading