Fact Check: PDF တွေပစ်ချလိုက်တဲ့ ရဟတ်ယာဉ်လား-မဟုတ်ပါ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ရဟတ်ယာဉ်တစ်စီးကိုပစ်ချလိုက်တယ်လို့ဆိုပြီး ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ သို့သော်ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလထဲမှာကတည်းက အင်တာနက်မှာပျံ့နှံ့လျှက်ရှိတာတွေ့ရပါတယ်။ “🛑PDF တွေရဲ့ကျွေးခြင်းအနုပညာ🛑 ဟေ့ ဘယ်သူလက်ချက်လည်း ဒါကြီးက အတိုအစ ဆိုင်ပို့ရတော့မယ်။ PDF လေးတွေရဲ့အစွမ်း ❣❣❣ 🇹🇭#Zaw နိုဝင်ဘာ ၅ #pdfchannel #pdfသတင်းပေါင်းစုံ”လို့ရေးသားပြီး “Simon Nick”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း ရေးသားမျှဝေထားပါတယ်။ တူညီစွာ ရေးသားမျှဝေထားတာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် ဓာတ်ပုံတွေကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ၂၀၂၀ ခုနှစ်ကနိုဝင်ဘာ ၁၇ ရက်ကထိုင်းနိုင်ငံမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့တာကိုတွေ့ရပါတယ်။ […]
Continue Reading
