ပဲခူးမှာ နွားမကြီးက နွားဥဉလို့ လာကြည့်သူတွေများနေဆိုတဲ့သတင်းတု

“ပဲခူးတိုင်း ညောင်လေးပင်တွင် တောင်သူဦးဖိုးထူးမွေးမြူထားသော နွားမကြီးမိနီမှ ထူးထူးဆန်းဆန်းဘောလုံး အလတ် ဆိုဒ်ခန့်ရှိသော နွားဥများ ဥချသဖြင့် လာရောက်ကြည့်ရှု့သူ လူ၂ထောင်ခန့်ရှိလာ၍ အုပ်ချုပ်ရေးမှူးက ရွာအဝင်တံခါးကို ပိတ်ထားလိုက်ကြောင်းသိရပါသည်။အဆိုပါ နွားမကြီးမိနီကို တရုတ်လူမျိုးတယောက်က သိန်း၅ထောင်ဖြင့် ဝယ်ယူရန်ကမ်းလှမ်းသော်လည်းပိုင်ရှင်ဖြစ်သူ ဦးဖိုးထူးက သိန်းတစ်သောင်းမရရင် မရောင်းဘူး ဟုပြောဆိုခဲ့ကြောင်းသိရပါသည်။ထူးထူးခြားခြား နွားမကြီးမိနီပုံကို ရှယ်ပေးခြင်းဖြင့် ကံထူးနိုင်ကြပါစေ”ဆိုပြီး  “Khin Khin Aye”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မှုခင်းနှင့်သတင်းများ”၊ “7Day News သတင်းစုံ”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာမျှဝေထား ရာမှာ ၁၄ နာရီအတွင်း လူမှုကွန်ယက်သုံးစွဲသူ ၆ ထောင်ကျော်က ပြန်လည်မျှ ဝေခဲ့ကြတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ဒီလိုမျိုး နွားကနေ ဉဉတုတယ်ဆိုတာများကြားမိသလားလို့ ညောင်လေးပင် မဲဆန္ဒနယ်အမှတ်(၁) […]

Continue Reading

ပျံ့နှံမှုအားကောင်းနေတဲ့ မီတာခတွေအရှုပ်တော်ပုံပို့စ်အကြောင်း

COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက နေတဲ့ အရေးကြီးကာလအတွင်းမှာ ပြည်သူလူထုအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ဧပြီ ၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိအချိန်ဟာ ဧပြီလအတွင်းက သုံးစွဲခဲ့တဲ့လျှပ်စစ်ဓာတ်အားခတွေကို တောင်းခံနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဧပြီလ လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီးရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်သုံးစွဲ သူတွေအကြားမှာရေပန်းစားနေပါတယ်။ အောက်ပါ screenshot ကတော့ “Crystal Ko”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူမျှဝေထားတဲ့ ပို့စ်ထဲကဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အနည်းဈေးနှင့်ပေးဆောင်ရသော ယူနစ်၁၅၀ကင်းလွတ်ခွင့်ပေးပါမည်ဟု မကြေငြာခဲ့ပဲ ယူနစ်၁၅၀ကင်းလွတ်ခွင့်ရမည်ဟုသာကြောငြာခဲ့ကြောင်းနဲ့ ကြေငြာချက်သဘောအရဆိုလျှင် သုံးစွဲခဲ့တဲ့ ယူနစ်၁၅၀ကို အရင်နုတ်ပြီးမှတွက်ရမည်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ လွဲမှားတွက်ချက်ပြီးကောက်ယူနေတယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ Fb link Archive link ဒီလိုမျိုးတွက်ချက်မှုဟာ ယူနစ် […]

Continue Reading

ဒေးဗစ်လား စောင့်ကြည့်ခံဟိုတယ်မှထွက်ပြေးသွားပြီဆိုတဲ့ သတင်းမှား

ကိုယ်တိုင်လည်း COVID-19 ရောဂါးကူးစက်ခံရပြီး သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခု ကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့ အမှုဖွင့်အရေး ယူခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လား ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ ဟိုတယ်မှာ Quarantine ခံရယူနေရဆဲအခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အစိုးရက အမှုဖွင့်ထားသော ဒေးဗစ်လား..စောင့်ကြည့်ခံ ဟိုတယ် မှ ထွက်ပြေးသွား!= တာဝန်ယူ ခေါ်ခဲ့သော လူကြီးမင်း..ရှာပေးပါ!” ဆိုပြီး “Ne Ya Byutt”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူက နှစ်ထောင်ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အချက်အလက်စိစစ်ချက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းက ဒီသတင်းဟာ မဟုတ်ကြောင်း အောက်ပါအတိုင်းသူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။  Naing […]

Continue Reading

ဒေးဗစ်လားကို မောင်းထုတ်ရေးတွေ့ဆုံပွဲဆိုင်းဘုတ်တဲ့လား.. အမှန်က ဒီလိုပါ

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစား ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ရပ်ကွက်ကလက်မခံဘူးဆိုတာ..တော်ကီလို့ထင်နေသူများအဖို့.” ဆိုပြီး “Min Khant Koko Maung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့ အောက်က မှတ်ချက်တွေမှာ ဖို့တိုရှော့ဆိုပြီးပြောဆိုနေသူတွေရှိသလို ပို့စ်တင်သူကိုယ်တိုင်ကလည်း ဒီဟာက အတုပြုလုပ်ထားတာဖြစ်တာကို သိရှိပြီး စိတ်ထဲက ဒီလိုဖြစ်စေချင်တဲ့အတွက်မျှဝေထားတာလို့ ပြောဆိုထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။ အပေါ်က Google ရဲ့ရှာဖွေမှုရလဒ်မှာဖော်ပြထားသလို […]

Continue Reading

မေ ၁၂ နဲ့ ၁၃ မှာ အပူချိန် ၄၈ ကနေ ၅၀ ဒီဂရီစင်တီဂရိတ်အထိရှိလာနိုင်တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ နေ့အပူချိန် အမြင့်ဆုံးလတွေကိုရောက်ရှိဖြတ်သန်းနေရချိန်ဖြစ်ပြီး ရာသီဉတုပူပြင်းမှုဒဏ်ရဲ့ နောက်ဆက်တွဲအဖြစ် အသက်အန္တရာယ်အထိရှိနိုင်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အပူဒဏ်အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ သတိပေး ချက်တွေ ထုတ်ပြန်ထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “မြတ်လေး နွယ်” နဲ့ “Thae Thae” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက “မေလ ၁၂ ရက် ၁၃ ရက် အပူချိန် ၄၈-၄၉-၅၀ အထိ တက်မယ်တဲ့ အားလုံးဂရုစိုက်ကြပါစို့လားဗျာ” ဆိုတဲ့ ဓာတ်ပုံ ပို့စ်တစ်ခုကို အောက်ပါအတိုင်းမျှဝေထားပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ရာသီဉတုဆိုင်ရာ သတင်းအချက်အလက်တွေကို ပုံမှန်ထုတ်ပြန်ပေးနေတဲ့ “မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြား မှုဉီးစီးဌာန”ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို သွားရောက်ပြီး အချက်အလက်ရှာဖွေရာမှာ “(၁၂.၅.၂၀၂၀) ရက်နေ့ […]

Continue Reading

၆ နှစ်ပြည့်အစီအစဉ်အဖြစ် iphone 11 pro အလုံး ၃၀ မဲပေါက်ပေးမယ်ဆိုတဲ့ Telenor စာမျက်နှာအတု

“Telenor ‌အော်ပရေတာ ၆နှစ်ပြည့်အထူးအစီအစဥ်”ဆိုပြီးတော့ Telenor ဆိုတဲ့စာမျက်နှာကနေ မျှဝေထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ မေ ၉ ရက်နေ့ကတင်ထားတဲ့ပို့စ်မှာ  “Telenor သုံးစွဲသူမိဘပြည်သူများအား ကျေးဇူးတုံပြန်သောအနေဖြင့် Telenor နှင့် i phone company တို့ပူးပေါင်း၍ i phone 11pro အလုံး(၃၀) ခန့်ကို မဲဖောက်ပေးသွား မည်ဖြစ် ပါသည်။ထို့အပြင် ဖုန်းဘေ 1000 ကတ် 100ကတ် 5000ကတ် 50ကတ် 3000ကတ် 30ကတ်နှင့် 1000ကတ် 10ကတ်ကိုပါထပ်မံမဲဖောက်ပေးသွားမည်ဖြစ်ပါသည်။ကံစမ်းမဲအစီအစဉ်တွင်ပါဝင်လိုသူများအနေဖြင့်1.ပထမဦးဆုံးအခု Telenor Page ကို Like လုပ်ထားရပါမယ် 2.အခု Post မိမိ Profile တွင့် share ပါ 3.ယခု Post အောက်မှာ […]

Continue Reading

လွန်ခဲ့တဲ့ ၄ နှစ်က သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး၏ ကြေကွဲဖွယ်အဖြစ်အပျက်ကို လက်ရှိဖြစ်ပျက်သဖွယ်မျှဝေနေခြင်း

“သရက်သီး ကောက်ရင်း ဓာတ်လိုက် သေဆုံးခဲ့သည့် မောင်နှမ ၄ဦး၏ ကြေကွဲဖွယ် နောက်ဆုံးမြင်ကွင်း” ဆိုပြီး WT Kaung အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link သရက်သီးကောက်ရင်းကလေးငယ် ၄ ဉီးဓာတ်လိုက်သေဆုံးခဲ့ရသည့် ဒီသတင်းကို အွန်လိုင်းသုံးစွဲသူ အသီးသီး ကလည်း အောက်ပါအတိုင်းမျှဝေထားပါတယ်။ အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့ ၄ နှစ်ကတကယ့် ကြေကွဲဖွယ်အဖြစ် အပျက်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ “သရက်သီးကောက်ရင်း ဓာတ်လိုက်သေဆုံးခဲ့သည့် မောင်နှမ၄ဦး”လို့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ မြို့ကွက်သစ် ၁ မှာ ဒီကနေ့ နေ့လယ်ပိုင်းက ကလေးငယ် ၄ ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့တဲ့သတင်းကို […]

Continue Reading

ထိုင်းနိုင်ငံချင်ရိုင်းခရိုင်က ကောက်ရိုးဘန်ဂလိုတွေကို မိတ္ထီလာကဘန်ဂလိုတွေအဖြစ် မျှဝေနေကြ

“မိတ္ထီလာရောက်ရင် ဝင်ခဲ့ပါ ရှန်တဲလေတပ်စခန်း ရဲ့ ဘေးက သရက်ခြံက ကျနော့်တို့ခြံပဲ ထန်းရေနဲ့ ဆိတ်သား ခြောက်ဖုတ် free ကြွေးမယ် ခွေးသားလည်းရတယ် အတွဲးတွေလာမယ်ဆိုရင် ဘိကောင်းတယ်နော်ဂစ်တာတီး မလား ဖဲရိုက်မလား နောက်ဆုံး fa ဖြစ်ပါစေ အားငယ်စရာမလိုဘူး…..(မှတ်ချက်-စကားလုံးအသုံးအနှုန်းကြမ်း တမ်းမှုကြောင့် ချန်လှပ်ထားခဲ့ပါသည်)မီထီလာ စီးပွားရေး တက္ကသိုလ်က ကျောင်းသား#သူများ အပြင် GTC ပါမကျန် အခြားမေဂျာပေါင်းစုံက ကျောင်းသား/သူတွေအတွက် ကျနော်တို့ ခြံလေးက လုံးဝနတ်ပြည် အိုအေ စစ်လေးပါ တစ်ချို့မန်လေးသားတွေတောင် တစ်လကိုးသီတင်း လာနေကြပါတယ်ဗျ။ ခြံအကျယ်ဝန်း ကတော့ ၁၂ဧကရှိပါတယ် အားလုံးလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဗျ”ဆိုပြီး “Kyaw Htet Naing”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ပထမဆုံး ဘန်ဂလိုပုံကို Google […]

Continue Reading

Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းက ဂျုံကြမ်းထုတ်တွေ မလှူခဲ့ပါ

COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ချက်တွေကြောင့် လူထုရဲ့နေ့စဉ်ဘဝလုပ်ဆောင်တာတွေနဲ့ စီးပွား ရေးလုပ်ငန်းပုံမှန်လည်ပတ်နိုင်ဖို့ ရုံးကန်နေရချိန်မှာ နေ့စဉ်လူမှုဘဝဖူလုံရေးအတွက် ရုန်းကန်နေရသူကို သက် ဆိုင်ရာအစိုးရတွေအပါအဝင် ငွေရကြေးတက်ပုဂ္ဂိုလ်တွေက ပုံစံမျိုးစုံနဲ့ လောကအတွက်ကောင်းကျိုးအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ဆောင်ရွက်နေကြတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့ bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ “သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါဆိုပြီး ။ မြို့နေလူထုက လည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့ ” ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့်ကောင်းတာပေးပါလား ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီး သွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။ […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူဆိုတဲ့သတင်းမှား

“၅၂သန်းသောပြည်သူများရဲ့ လက်သန်းလေးတွေ မှင်စွန်းရကျိုးနပ်ပြီ…….. အမေ ကိုယ်တိုင် PPE ဝတ်စုံနဲ့ ကိုဗစ်လူနာတွေကို လိုက်လံကြည့်ရှူ အားပေးနေပြီ ……အမေ့နောက်မှာ ၅၂သန်းသောပြည်သူတွေ ဝိုင်းဆုတောင်း ပေးတဲ့ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်လဲ အတူလိုက်ပါပြီး ဆေးရုံတွေမှာ လိုအပ်တဲ့အရာတွေ လိုက်လံ စစ်ဆေး နေပြီ မကြာခင် ဆေးရုံနဲ့ ဆရာဝန်ကြီးတွေ လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမှာပါ”ဆိုပြီးတော့ “Zarni tike”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက မျှဝေထားပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ တရားဝင် လူမှုကွန်ယက်စာမျက်နှာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 လူနာတွေဆီသွားရောက်ခဲ့တဲ့ သတင်းမတွေ့ရှိရပါတယ်။ ပို့စ်ရဲ့အောက်ခြေမှာ ဒီပုံဟာ ၂၀၁၉ ခုနှစ်က သီလဝါကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်လည်ပတ်တုန်း ကပုံဖြစ်တယ်ဆိုပြီးတော့လည်း မှတ်ချက်ပေးသူတစ်ချို့က ရေးသားထားပါတယ်။ Google […]

Continue Reading