အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။
ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“တစ်နိုင်ငံလုံး အပစ်ရပ်စဲခြင်း စတင်ကြေညာ အချက် ၃ ချက် အတည်ပြု အမေရိကန်နဲ့ တရုတ် ဦးဆောင်မည် စစ်တပ်ထိန်းချုပ်မှု အောက်ကနေ လွတ်ရတော့မည် တစ်နိုင်ငံလုံး စစ်သံတိတ် ရတော့မည်”

အချက်အလက်စိစစ်ချက်
အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ် ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသား ပြောဆိုမှု တွေနဲ့ သတင်းမီဒီယာ တွေက သတင်းတွေကို ရောနှော ဖြန့်ချိတဲ့နေရာဖြစ်တယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့တာကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ DVB Talkshow အစီအစဉ်တခုကို ပြန်လည်ဖော်ပြထားခြင်းသာဖြစ်တယ်။ စစ်ကောင်စီကို နိုင်ငံတကာက အသိအမှတ်ပြုအခြေအနေ၊ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီအကြား စစ်ရေးအားသာချက်၊ အားနည်းချက်အလားအလာ၊ တော်လှန်ရေးဘက်က ကြိုးပမ်းလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဦးဆောင်ကောင်စီ(SCEF)အခြေအနေစတာတွေကို ဗွီဒီယိုထဲမှာ သုံးသပ်ဆွေးနွေး ထားခြင်းဖြစ်တာတွေ့ရတယ်။
သုံးသပ်ချက်
ဗွီဒီယိုဟာ လူကြည့်များအောင် လုပ်ကြံရေးသားမှုတွေနဲ့ လှုံဆော်ထားတဲ့ ကလစ်ဗိုက်(clickbaits)တခု သာဖြစ်တယ်။ တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူညီချက်ရတဲ့အကြောင်း ယုံကြည်ရလေ

