Fact Check: ၂၀၂၁ ခုနှစ်က အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျမှုဗွီဒီယိုသာဖြစ်တယ်
အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက စစ်တပ် ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့ တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဖေဖော်ဝါရီ ၃ ရက်ကဖော်ပြခဲ့အပြီးမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဓာတ်ပုံနဲ့ ဗွီဒီယိုအဟောင်းတွေကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမှား တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်းက အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဗွီဒီယိုဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စကစ ရဟတ်ယာဉ် ၁ […]
Continue Reading