Fact Check:  ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန် ဖျက်သိမ်း ကြောင်း ကြေညာဆိုတဲ့ သတင်းတု

ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ ခေတ်သစ်မီဒီယာကသတင်းကို နားလည်မှုလွဲစေနိုင်တဲ့ခေါင်းစဉ်နဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဗွီဒီယိုပို့စ်မှာ “ရန်ကုန် ဗဟိုမဏ္ဍပ် ရှောတိုက်ဒုံးနဲ့ အထုခံရအပြီး သင်္ကြန်ဖျက်သိမ်းကြောင်း ကြေညာ” ဆိုပြီး ရေးသားထားပြီး “Aung Kyaw” အမည်နဲ့ ဖေ့ဘွတ်စ်အသုံးပြုသူက မျှဝေထားပါတယ်။ အဆိုပါ ပို့စ်ကို ပြန်လည်ဖြန့်ဝေထားမှုပေါင်း တစ်ထောင်နီးပါး ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင်ပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှဖော်ပြခဲ့တဲ့ “ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မည်ဟု ကြေညာချက်ကြောင့် စစ်တပ်မြို့တော် […]

Continue Reading

Fact Check: ရန်ကုန် Hirosima မှာ နာရီဝယ်ဖို့ စောင့်နေတဲ့လူတန်းရှည်ကြီးလား-မဟုတ်ပါ

ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ Hirosima စတိုးမှာ SMW T500 Series နာရီဝယ်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ လူတန်းရှည်ကြီးကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုထားတဲ့ ဓာတ်ပုံနဲ့အတူ နာရီ ကြော်ငြာ တစ်ခုကို Fact Crescendo Myanmar က သတိပြုမိပါတယ်။ အချက်အလက်အတုအယောင်တွေ အသုံးပြုပြီး ကြော်ငြာထားတဲ့ ပို့စ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ပါ ဖော်ပြချက်တစ်ချို့ဖြစ်ပြီး လူတွေတန်းစီနေတဲ့မြင်ကွင်း၊ စမတ်လက်ပတ်နာရီပုံတွေပါဝင် ဓာတ်ပုံ ၄ ပုံလည်းပါဝင်ပါတယ်။  “ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ပြင်းထန်။ 😵အဓိက အကြောင်းရင်းမှာ T500 SmartWatch ကို လျှော့စျေးဖြင့် ဝယ်ယူရန် ထောင်ပေါင်းများစွာသော လူများသည် HIROSIMA စတိုးသို့ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။  မနေ့ကဗိုလ်ချုပ်အောင်ဆန်းလမ်းမှဖြတ်သန်းသွားသူမည်သူမဆိုသည်Hirosima🥵စတိုးဆိုင်ရှေ့တွင်ထောင်ပေါင်းများစွာသောလူထောင်ပေါင်းများစွာကိုမြင်တွေ့ရလိမ့်မည်မှာသေချာသည်။ HIROSIMA သည် ဂျပန်နိုင်ငံတွင် အလွန်ကျော်ကြားသော […]

Continue Reading

Fact Check: သောကြာဂြိုဟ်နဲ့လနီးကပ်ခြင်းဆိုးကျိုးကြောင့် ကမ္ဘာပျက်စီးမယ့် သတင်းတု

သောကြာဂြိုဟ်နဲ့ လနီးကပ်ခြင်းဆိုးကျိုးကြောင့် ၂၀၂၃ ခုနှစ် ဇွန်လမှာ ကမ္ဘာ့ပျက်စီးသွားပြီး ရန်ကုန်လည်း ရေလွှမ်းမိုးပျက်စီးသွားမယ်လို့ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့မှု့အား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသတင်းမှားဖြန့်ချိမှုဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုဖြစ်ပါတယ်။ ဒီလို ကမ္ဘာပျက်မယ့် အကြောင်းအရာဟာ အချိန်ခရီးသွားလို့ကျော်ကြားတဲ အီနွန်အဲလရစ်က ဟောကိန်းထုတ်ခဲ့တာဖြစ်တယ်လို့လည်း ဒီဗွီဒီယိုထဲမှာ ဆိုပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ စရင်ရှော့ဓာတ်ပုံထဲမှာမြင်ရတဲ့ အမျိုးသမီးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတာဝန်ရှိသူဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အမှတ်တံဆိပ်တွေ နောက်ခံမှာ မြင်နေရပြီး သတင်းစာရှင်းလင်းပွဲတစ်ခုကလို့ ယူဆရပါတယ်။ “သောကြာဂြိုဟ်နဲ့ လ နီးကပ်မှု”ဆိုတဲ့အကြောင်းကို ဆန်းစစ်ကြည့်ရာမှာ မတ် ၂၄ ရက်ကစလို့ […]

Continue Reading

Fact Check: လွတ်လပ်တဲ့သတင်းဌာနတွေကို သတင်းတုသတင်းမှားတင်တယ်လို့ ဝါဒဖြန့်နေတဲ့ Fact Check အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာ

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြနေတဲ့သတင်းဟာ သတင်းမှားတွေလို့ဆိုပြီးတော့ အမြဲတမ်းဖော်ပြနေတဲ့ “Fact Check” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကို Fact Crescendo Myanmar က သတိပြုမိခဲ့ပါတယ်။ အများပြည်သူအတွက် အဓိကသတင်းအရင်းအမြစ်တွေဖြစ်တဲ့ သတင်းမီဒီယာတွေကို သတင်းတုနဲ့ လုပ်ကြံရေးသားနေ တယ်လို့ တိုက်ခိုက်ပြီး Fact Check ဆိုတဲ့ဖေစ့်ဘွတ်ပေချ့်ကို Follow လုပ်ထားသူ တစ်သောင်းရှိပြီး ဒီအကောင့်ဟာ နေ့စဉ်နီးပါး လွတ်လပ်တဲ့ သတင်းမီဒီယာတွေက တင်သမျှ စစ်တပ်နဲ့ PDF တို့ရဲ့ ထိတွေ့မှုသတင်းတိုင်းကို သတင်းမှားအဖြစ်ဖော်ပြနေတာဖြစ်ပါတယ်။  ဒီစာမျက်နှာရဲ့ မတ် ၂ ရက်နေ့မှာ မြင်ရတဲ့ screenshot ဓာတ်ပုံဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အထူးသဖြင့် ဒီစာမျက်နှာဟာ Khit […]

Continue Reading

Fact Check: ချင်းပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကို ဟုမ္မလင်းမှာ ပစ်ချခံရတဲ့ လေယာဉ်အဖြစ် မျှဝေ

ဟုမ္မလင်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြန်မာစစ်တပ် ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့တဲ့ အပိုင်းအစပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာဖော်ပြခဲ့အပြီး အခုလို သတင်းဓာတ်ပုံ မှားတစ်ခုပျံ့နှံ့ လာတာပဲဖြစ်ပါတယ်။ “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေး တပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ စီးကို ပျက်ကျအောင် ပစ်ချခဲ့သည့် လေပျံ အပိုင်းအစ ပုံရိပ်။ Feb 3”လို့ ရေးသားပြီး “People’s Power” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာကို အောက်ပါအတိုင်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ၂၀၂၁ ခုနှစ်က အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျမှုဗွီဒီယိုသာဖြစ်တယ်

အမျိုးသား ညီညွှတ်ရေးအစိုးရ(NUG)က ကာကွယ်ရေးဝန်ကြီးဌာနက စစ်တပ် ရဟတ်ယာဉ် တစ်စီး ပစ်ချနိုင်ခဲ့ တယ်လို့ သူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာ ဖေဖော်ဝါရီ ၃ ရက်ကဖော်ပြခဲ့အပြီးမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်တဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဓာတ်ပုံနဲ့ ဗွီဒီယိုအဟောင်းတွေကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေနေတာတွေ့ရပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချလိုက်တဲ့ ရဟတ်ယာဉ်အဖြစ်ဖော်ပြထားတာဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ သတင်းမှား တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံ အရုနာချာ ပရာ့ဒေ့ရှ်(Arunachal Pradesh) ပြည်နယ်မှာ ၂၀၂၁ ခုနှစ်အတွင်းက အိန္ဒိယလေတပ် ရဟတ်ယာဉ် တစ်စင်း ပျက်ကျမှု ဗွီဒီယိုဖြစ်ပါတယ်။  “ဖေဖော်ဝါရီ ၃ ရက် နေ့လည် (၃:၄၅)နာရီခန့်တွင် ဟုမ္မလင်းမြို့နယ် ဖြစ်ပွားသော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ  စကစ ရဟတ်ယာဉ် ၁ […]

Continue Reading

Fact Check: စစ်အာဏာသိမ်း ၂ နှစ်ပြည့် ရန်ကုန် အသံတိတ်သပိတ် ဓာတ်ပုံတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာသိမ်း ၂ နှစ်ပြည့်တိုင်အောင် ဆန့်ကျင်မှုကို ပြသတဲ့အနေနဲ့ မြို့အများအပြားမှာ အသံတိတ် သပိတ်ဆင်နွှဲနေချိန်မှာ ယနေ့ ၁၀ နာရီ ရန်ကုန်က မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၆ ပုံနဲ့ဖေ့စ်ဘွတ်ပို့စ်တစ်ခု အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အနည်းဆုံး ဓာတ်ပုံ ၃ ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ “နံနက် ၁၀နာရီရန်ကုန်မြို့အခြေနေ”လို့ ရေးသားပြီး ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ယခုလိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ဓာတ်ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေ ၂၀၂၁ […]

Continue Reading

Fact Check: မြေအောက်တော်လှန်ရေးသမားကိုဖမ်းဆီးခဲ့တဲ့ ငွေတောင် စားသောက်ဆိုင် ဝန်ထမ်းတွေလား-မဟုတ်ပါ

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က တောင်ဥက္ကလာပ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြေအောက်တော် လှန်ရေးသမား ၂ ဦးက ဗုံးပစ်တိုက်ခိုက်ခဲ့စဉ်မှာ အနီးနားဘေးက ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးရိုက်နှက်ခဲ့လို့ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တောင်ဥက္ကလာ ၁၄ ရပ်ကွက် သံသုမာလမ်းပေါ်က ငွေတောင်စားသောက်ဆိုင်မှ မြေအောက်တော်လှန်ရေး သမားတစ်ဦးကို ရိုက်နှက်ဖမ်းဆီး ခဲ့တဲ့သူတွေဆိုပြီးတော့ ဓာတ်ပုံတွေပျံ့နှံ့လျက်ရှိရာမှာ ဖြစ်စဉ်နဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က လာရောက်စားသောက်သူတွေရဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ဓာတ်ပုံ ၅ ပုံနှင့်အတူ ငွေတောင်စားသောက်ဆိုင်ဓာတ်ပုံ၊ ဆိုင်တည်နေရာတို့ကိုဖော်ပြထား တဲ့ ဓာတ်ပုံနဲ့အတူ “ကဲဘောင်ချာစုတ်လို့ရပြီနော်ငွေတာင်ကပါဝင်သူများ”လို့ ရေးသားပြီး “Bae” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။  […]

Continue Reading

Fact Check: ဦးဝိရသူကို သာသနာရေးဝန်ကြီးခန့်အပ်တယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီကို ထောက်ခံတဲ့ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ် ဆိုတဲ့ ဗွီဒီယိုဖိုင်တခုဟာ ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းမှားဖြစ်ပါတယ်။ ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “သာသနာ ပျက်တုန်းပြီ၊ ဦးဝိရသူကို သာသနာရေး ဝန်ကြီး ခန့်အပ် “လို့ စသည်ဖြင့် ရေးသားထားပါတယ်။ “Dave Poahas”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုတွေကို  ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၁၀ မိနစ်ဝန်းကျင် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဦးဝိရသူကို သာသနာရေးဝန်ကြီး ခန့်အပ်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။  အမှန်တကယ်က အသံဖိုင်ထဲမှာ ဧရာဝတီ မြန်မာပိုင်း သတင်းဌာနက ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check: မိမိ​ဖေ့စ်ဘွတ်အကောင့်ကို ဘယ်သူဝင်ကြည့်သလဲဆိုတာ မသိနိုင်ပါ

မိမိအကောင့်ထဲကို ဘယ်သူတွေ လာသွားလဲဆိုတာ ဖေ့စ်ဘွတ်ကို အဆင့်မြှင့်ခြင်းအားဖြင့်သိနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “ကိုယ့်အကောင့်ထဲကို ဘယ်သူတွေ လာသြားလဲဆိုတာ  ကိုကြည့်နိုင်ဖို့ဆို 😊 ပထမဆုံး မိမိအကောင့်ကို profile page ( professional mode)  ပုံစံအရင်ပြောင်းထားရပါမယ်။ (ပြောင်းနည်းကို ရှေ့မှာ တင်ပေးထားပြီး ဖြစ်ပါတယ်) (professional mode မပေါ်ရင်က fb ကို uptade တင်ပါ)  profile page ပုံစံပြောင်းပြီးမှသာ နောက်ပိုင်း ဘယ်သူတွေ ကိုယ့်အကောင့်ထဲ လာကြည့်လဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။  (အရင်က လာကြည့်သူတွေ မြင်ရမှာ မဟုတ်ပါဘူး)  တပုံချင်းစီလေ့လာနိုင်ပါတယ်။ Facebook New Version – https://bit.ly/3tVxeF2 တခြားသူတွေလည်း သိအောင်ပြန်လည်မျှဝေစေလိုပါတယ်…”လို့ ရေးသားပြီး “Fb […]

Continue Reading