Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: AA နဲ့ စစ်ကောင်စီတိုက်ပွဲ ဗွီဒီယိုလား – မဟုတ်ပါ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်လာ နေပါတယ်။ ဒီလိုအခြေအနေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေနဲ့အတူ အဝေးက တောတန်းတစ်နေရာမှာ မီးခိုးဖြူတွေအူတက်လာနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို AA နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲအဖြစ် ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ “AA ရဲ့စကေးကြမ်းချက်….. စကစအတွက်တော့ မတွေးဝံ့စရာပဲ… (9.9.2022) ရက်နေ့… Credit ###”လို့ ရေးသားပြီး “Ayarwaddy Channel” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကအောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန်  ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။  “ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည် ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် […]

Continue Reading

Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) […]

Continue Reading

Fact Check: ချေးငွေလုပ်ငန်းအယောင်ဆောင်ဖေ့စ်ဘွတ်စာမျက်နှာတွေဖြစ်တယ်-မယုံပါနဲ့

မြန်မာနိုင်ငံက နာမည်ရှိ စီးပွားရေးလုပ်ငန်းတွေရဲ့အမည်ကို ဆင်တူယိုးမှားအသုံးပြုပြီး အွန်လိုင်းကနေ ငွေချေးနိုင်တယ်ဆိုပြီး လိမ်လည်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများရှိနေပါတယ်။ ပိုက်ဆံ အမှန်တကယ် လိုအပ်နေတဲ့ မသိနားမလည်သူတွေကို ပစ်မှတ်ထားပြီးလိမ်လည်လှည့်ဖြားနေတဲ့စာမျက်နှာတွေဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ချေးငွေလုပ်ငန်းအယောင်ဆောင်စာမျက်နှာတစ်ခုက ဖော်ပြထားတဲ့စာသား တွေပဲဖြစ်ပါတယ်။ ဒီစာသားတွေနဲ့အတူ ကျပ် ၁၀၀၀၀ တန်တွေ အထုပ်လိုက်တင်ထားတဲ့ ခုံရှည်တစ်ခုရှေ့မှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးယောက်ရပ်နေတဲ့ပုံကိုလည်းပါဝင်ပါတယ်။ “မင်္ဂလာပါရှင့် 🙏🙏 မြစိမ်းရောင်ချေးငွေလုပ်ငန်း မှ လူကြီးမင်းတို့ လုပ်ငန်းအတွက်လိုအပ်တဲ့ချေးငွေကိုလျောက်ထားနိုင်ပါပြီရှင် နေ့စဉ် နံနက် (7:30) မိနစ် မှ ညနေ (6:30) မိနစ်အထိရုံးဖွင့်လှစ်ထားပါတယ် (အတိုးငွေမှာ (1) ks တိုးနှုန်းဖြစ်ပါတယ်) (5)သိန်းကျပ် မှစတင်၍ ကျပ်သိန်း(500)ထိ ချေးငွေထုတ်ယူနိုင်ပါသည် (လစဉ်ပုံမှန်သာအတိုးကိုပေးဆောင်ရပါမည်) (ချေးငွေလျောက်ထားရန် အချက်လက် ဘာတွေလိုမလည်း) 1=အမည် နေရပ်လိပ်စာ အလုပ်အကိုင် 2=မှတ်ပုံတင်/ရှေ့/နောက်/နှစ်ပုံ 3=အိမ်ထောင်စုစရင်း […]

Continue Reading

Fact Check: မြန်မာဖုန်းပျောက်သူတွေ ဖုန်းပြန်ရှာဖို့အတွက် အီးမေးလ်ပို့ခိုင်းတဲ့ အချက်အလက်မှားပျံ့နှံ့

မြန်မာနိုင်ငံက ဖုန်းပျောက်သွားတဲ့သူတွေအနေနဲ့ အီးမေးလ်တစ်ခုကို မိမိတို့ရဲ့ ဖုန်း IMEI နံပါတ်ပို့မယ်ဆိုရင် ဖုန်း ဘယ်နေရာ ရောက်နေသလဲဆိုတာကိုသိရှိနိုင်ပြီး ပြန်လည်ရှာတွေ့စေဖို့အတွက် အထောက်အကူဖြစ်နိုင်မယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ကြိမ်ဖန်များပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ အောက်ပါဓာတ်ပုံနဲ့စာသားတွေကတော့ ယခုရက်ပိုင်းအတွင်း ပြန်လည်ပျံ့နှံ့လာခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါ တယ်။  “Bus စီးရင်း ခါးပနှိုက်ခံရလို့ ဖုန်းပါသွားတာဖြစ်ဖြစ် အပြင်သွားရင် တစ်နေရာရာမှာဖုန်းမေ့ကျန်ခဲ့လို့ ပျောက်သွားတာဖြစ်ဖြစ် အသုံးဝင်စေမယ့် ဗဟုသုတပါ 👇🏻 အရေးပေါ်အခြေနေမျိုးအတွက် ဆေ့ဖ်ထားကြပါခင်ဗျ ❗ Credit ဝေမျှသူ” မူရင်းလင်ခ့် – FB link |  Archive link   ဓာတ်ပုံထဲမှာတော့ ဖုန်းပျောက်တဲ့သူတွေအနေနဲ့ ပထမဆုံး IMEI နံပါတ် ၁၅ လုံးကို [email protected] ကိုပေးပို့မယ်ဆိုရင် မိမိဖုန်းဆင်းကတ်ကိုဖြုတ်ပစ်လိုက်သည့်တိုင်အောင် ဖုန်းရဲ့တည်နေရာကို သိရှိအောင် အကြောင်းကြားစာပို့ပေးတယ်လို့လည်း […]

Continue Reading

Fact Check: ဗျိုင်းတွေမှာ အဖိုမရှိဘဲ အမသာရှိတယ်ဆိုတာမမှန်ပါ

လူအပါအဝင် အခြားသောသတ္တဝါတွေမှာ အဖိုအမ ရှိကြပေမဲ့ ဗျိုင်းတွေမှာ အဖိုရယ်လို့မရှိဘဲ အားလုံးအမတွေ ချည်းသာဖြစ်ပြီး မိုးခြိမ်းသံမှာ သာယာခြင်းဖြင့် ကိုယ်ဝန်ရကြတယ်ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူ တွေအကြားကြိမ်ဖန်များစွာပျံ့နှံ့လျက်ရှိပါတယ်။  တကယ်တော့ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ အောက်ပါ စာသားအချို့ကတော့ ယနေ့ပျံ့နှံ့ခဲ့တဲ့ ဘလော့ဂ်ပို့စ်ပါစာသားတွေထဲကကောက်နုတ်ဖော်ပြ ချက်ဖြစ်ပါတယ်။ ဒီပြောဆိုချက်ဟာ ၂၀၂၀ ခုနှစ်လောက်ကတည်းကစတင်ပျံ့နှံ့ခဲ့တာတွေရပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တူညီတဲ့ ပြောဆိုချက်ပါဝင်တဲ့ဖေ့စ်ဘွတ်ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာတွေ့ရပါတယ်။   “လူပဲဖြစ်စေ ခွေးပဲဖြစ်စေ ဘယ်သတ္တဝါမဆို အဖိုရယ် အမရယ်လို့ နှစ်မျိုးစီရှိတတ်ကြပါတယ်၊ ဒါပေမဲ့ ဗျိုင်းတို့မှာ တော့ကား အဖိုဟူ၍ မရှိ အားလုံး အမ-တွေချည်းသာဖြစ်ပါတယ်။ ဒါဆို ဗျိုင်းမတွေ ဘယ်လိုကြောင့် အဥ အုနိုင်ကြတာပါလဲဆိုတဲ့ မေးခွန်းတက်လာနိုင်စရာအကြောင်းရှိပါတယ်၊ အဲဒီအတွက် အဖြေကတော့ ဗျိုင်းမတွေဟာ […]

Continue Reading

Fact Check: ဒီဗွီဒီယိုကမင်းတပ်မှာ စစ်ကောင်စီတပ်တွေကို စီးနင်းတိုက်ခိုက်မီးရှို့မှု သာဖြစ်တယ်

ပလက်ဝမှာ ရခိုင်တပ်တော်(AA)က စစ်ကားတွေကို တိုက်ခိုက်မီးရှို့ပုံအဖြစ် ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ မင်းတပ် CDF က စစ်ကောင်စီတပ် စစ်ကားတွေကို တိုက်ခိုက်မှုဖြစ်စဉ်က ဗွီဒီယိုဖြစ်ပါတယ်။ “ပလက်ဝ မှာ AA ဧည်ခံ ထားပုံ”လို့ ရေးသားပြီး “U Zaw Gyi” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ULA/AA ရဲ့ တိုက်ခိုက်မှုအဖြစ် ပျံ့နှံ့လျက်ရှိတဲ့ ဗွီဒီယိုထဲ မြင်ကွင်းတစ်ခုကို Google မှာပုံရှာနည်းအသုံးပြုပြီး ရှာဖွေကြည့်ရာမှာလည်း ဒီမြင်ကွင်းနဲ့ တူညီတဲ့ ဓာတ်ပုံတစ်ခုကို ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ဘာသာနဲ့ သတင်းဖော်ပြချက်တစ်ခုမှာတွေ့ရပါတယ်။ ၂၀၂၂ ခုနှစ် […]

Continue Reading

Fact Check:  ၂၀၂၁ ခုနှစ် မလေးရှားကဖြစ်စဉ်ကို ရန်ကုန်မှာ ရေကြီးရေလျှံမှုအဖြစ်ပျံ့နှံ့ခဲ့

မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိတဲ့ ဩဂုတ်လမှာ ရန်ကုန်လူထုဟာ နှစ်စဉ်လိုလို ရေကြီးရေလျှံမှုကို ခံစားရပါ တယ်။ ယခုနှစ် စံချိန်တင်မိုးကြီးခဲ့တာကြောင့် ဩဂုတ် ၁၇ ရက်က ရန်ကုန်မှာအနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အဓိက လမ်းမကြီး တွေမှာ ရေနစ်မြှုပ်တဲ့ သတင်းက ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ရေပန်းစားခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ တိုက်ပေါ်ကနေရိုက်ထားတဲ့ အရောင်အသွေးသစုံတဲ့ ကားတွေ ရေထဲနစ်မြုပ်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ရန်ကုန်တာမွေနဲ့ တောင်ဒဂုံက ရေကြီးရေလျံမှုအခြေအနေအဖြစ်သတင်းမှား ပြန့်နှံ့ခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံဟာ မလေးရှားနိုင်ငံက ရေကြီးရေလျှံမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ်။ အောက်ပါစခရင်ရွှတ်ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေပဲဖြစ်ပါတယ်။ မူလဖြန့်ဝေခဲ့သူတွေက ဒီပို့စ်တွေကို ပြန်ဖျက်သွားပြီးဖြစ်ပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ရန်ကုန်မြို့မှာ ရေကြီးနစ်မြှုပ်မှုသတင်းတွေကို […]

Continue Reading