Fact Check: မန္တလေးဆင်ခြေဖုန်းမှာတွေ့ရတဲ့ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါလား-မဟုတ်ပါ

မန္တလေးမြို့ဆင်ခြေဖုန်း တနေရာမှာ လူနှင့်တူတဲ့ ထူးဆန်းတဲ့ သတ္တဝါတကောင်တွေ့ ရှိရတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ထူးဆန်းတဲ့ သတ္တဝါဟာ အီးတီလိုလို လူလိုလိုပုံစံရှိပြီး မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလည်းပါရှိတယ်လို့ဆိုပြီး  ဓာတ်ပုံ ၂ ပုံနှင့်အတူဖြန့်ဝေနေတာဖြစ်ပါတယ်။ သတင်းမှားဖြစ်ပါတယ်။   “𝗡𝗚𝗔 𝗙𝗘𝗘𝗟𝗜𝗡𝗚”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အောက်ပါ screenshot ကတော့ မျှဝေထားတဲ့ ဓာတ်ပုံပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ဒီဓာတ်ပုံတွေဟာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ အီတလီအနုပညာရှင်တစ်ဦးဖြစ်တဲ့ “Laira Maganuco”ရဲ့ ဆီလီကွန်နဲ့ပြုလုပ်ပုံဖော်ထားတဲ့ တောင်အမေရိကန်မှာအတွေ့ရများတဲ့ armadillos လို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ပုံဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ […]

Continue Reading

Fact Check: စစ်ကောင်စီတိုက်လေယာဉ် NUG ပစ်ချဆိုတဲ့သတင်းမှား

NUG ကလေယာဉ်ပစ်လို့ရတဲ့ လက်နက်အချို့ပိုင်ဆိုင်နေပြီလို့ကြေညာခဲ့ပြီးနောက်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ပစ်ချခံရတယ်ဆိုတဲ့ သတင်းတုသတင်းမှားပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ “မအလစောက်ကြွေးတောထူပြီ ရွာသားတွေကိုအားရလိုက်တာဗျ ၊စျေးအကြီးဆုံးအသန်မာဆုံးတိုက်လေယာဥ်တဲ့ဟေ့”လို့ ရေးသားပြီး “HT News” အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာကဗွီဒီယိုတစ်ခုကိုအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “၈စီးပစ်ချလိုက်ပြီ။NUGကြေငြာတာ၂ရက်မပြည့်သေး။ရေစကြိုမြို့အပိုင်သိမ်း။လေယဥ်၈စီးပလုံ ရုပ်/သံ”စသည်ဖြင့်ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းဖြန့်ဝေထားပါ တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာ ဒီလိုမျိုး NUG လက်အောက်ခံ PDF တပ်တွေက ရဟတ် သို့မဟုတ် လေယာဉ်ကို ပစ်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။  ဗွီဒီယိုပါအကြောင်းအရာဟာလည်း လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပစ်ချမှုနဲ့သက်ဆိုင်တဲ့အကြောင်း အရာမဟုတ်ပါဘူး။   ပထမဗွီဒီယို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေခဲ့တဲ့ အတွေးအမြင်live […]

Continue Reading

Fact Check: သီတင်းကျွတ်လပြည့် ရွှေတိဂုံဘုရားဗုံးပေါက်ကွဲဆိုတဲ့သတင်းမှား

သီတင်းကျွတ်လပြည့်နေ့ မနက်က ရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီလို့ဆိုတဲ့  ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ခေါင်းစဉ်တုခေါင်းစဉ်အမှားတွေ ဖန်တီးပြီး လူတွေ စိတ်ဝင်စားမှုကို ရယူထားတဲ့  ဗွီဒီယိုသာဖြစ်ပါတယ်။ “လပြည်နေ့သေ ့ကုန်ပြီ။မနက်ပဲရှိသေးရွှေတိဂုံစေတီဗုံးပေါက်လို့မသာပေါ်ကုန်ပြီ။”လို့ ရေးသားပြီး “HNC hotline” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုရှာဖွေရာမှာ သတင်းမီဒီယာလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ သတင်းဌာန တွေမှာ သီတင်းကျွတ်လပြည့်နေက ရွှေတိဂုံဘုရားမှာဗုံးပေါက်ကွဲမှုအကြောင်းသတင်းမတွေ့ရပါဘူး။ ၄ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကိုထပ်မံလေ့လာကြည့်ရာမှာ ဗွီဒီယိုထဲမှာရွှေတိဂုံဘုရားဗုံးပေါက်ကွဲမှုနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတစ်စုံတစ်ရာမပါဝင်ပါဘူး။ ဗွီဒီယိုအသံဖိုင်မှာ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့ဖေ့စ်ဘွတ်အကောင့်မှာ အောက်တိုဘာ […]

Continue Reading

Fact Check: ကိုကာကိုလာက ရေခဲသေတ္တာတွေလက်ဆောင်ပေးနေပြီဆိုတဲ့ အတုအယောင်စာမျက်နှာ

ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမှာဖြစ်တဲ့အတွက် မိမိကြိုက်တဲ့အရောင်ကို မှတ်ချက်ရေးပြီး ဒီအစီအစဉ်မှ ပါဝင်နိုင်တယ်ဆိုတဲ့ “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်အသုံးပြုသူထောင် ပေါင်းများစွာကမျှဝေလျက်ရှိပါတယ်။ ကိုကာကိုလာကုမ္ပဏီအယောင်ဆောင်ထားတဲ့ အတုအယောင် စာမျက်နှာသာဖြစ်ပါတယ်။ “#အသေးအမွှား ခြစ်ရာများကြောင့် မရောင်းချနိုင်သော ရေခဲသေတ္တာငယ် ၆၇၀ ကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။ ဒါကြောင့် သူတို့ကြိုက်တဲ့အရောင်ရေးတဲ့သူကို ကျပန်းပို့ပေးပါတယ်။ ဥပမာ “အနီရောင်”။”လို့ရေးသားပြီး ဒီဖေ့စ်ဘွတ်ဖေ့စ်ဘွတ်စာမျက်နှာက ပို့စ်တစ်ခုကိုမျှဝေထားရာမှာ ၁၀ နာရီအတွင်း  ပြန်လည်မျှဝေမှုပေါင်း တစ်သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် “Coca-Cola FANS”အမည်နဲ့ စာမျက်နှာက မှတ်ချက်အချို့ကိုလေ့လာကြည့်ရင် ဒီစာမျက်နှာက အတုအယောင် စာမျက်နှာဖြစ်ပြီး လိမ်လည်လှည့်စားဖို့လုပ်ထားတဲ့ စာမျက်နှာဖြစ်တာသိသာပါတယ်။ ယခုပို့စ်ကလွဲလို့  […]

Continue Reading

Fact Check: ပြည်ပရောက် KBZ PAY အသုံးပြုသူတွေပိတ်ဆို့ခံရဆိုတာမဟုတ်ပါ

ပြည်ပရောက် KBZ PAY အသုံးပြုသူတွေဟာ ဒီငွေကြေးဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်တော့မှာ မဟုတ် ကြောင်း KBZ PAY ကထုတ်ပြန်လိုက်တယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း ခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ KBZ PAY အသုံးပြုသူတွေဟာ ပြည်ပမှာ KBZ PAY ကိုအသုံးပြုနိုင်မှာမဟုတ်ဘဲ ပြည်တွင်း ပြန်လည်ရောက်ရှိချိန်မှသာလျှင် သူတို့ရဲ့ ငွေတွေကို ပြန်လည်အသုံးပြုနိုင်မယ်ဆိုပြီး KBZ PAY ကပေးပို့တယ်ဆို တဲ့ စာသားဓာတ်ပုံတစ်ခုလည်းပါဝင်ပါတယ်။ “MDY news center”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ တူညီတဲ့ပြောဆိုချက်တွေပါဝင်တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ပြည်ပရောက် KBZ PAY အသုံးပြုသူများ ဆက်လက်အသုံးပြု့နိုင်မည်မဟုတ်ပဲ ပြည်တွင်းသို့ ပြန်လည် ရောက်ရှိချိန်မှသာလျှင် Login ပြန်လည်ဝင်ရောက် အသုံးပြု့နိုင်မှာဖြစ်ကြောင်း KBZ pay မှထုတ်ပြန်လိုက်ကြောင်းသိရှိရ” […]

Continue Reading

Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: AA နဲ့ စစ်ကောင်စီတိုက်ပွဲ ဗွီဒီယိုလား – မဟုတ်ပါ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်လာ နေပါတယ်။ ဒီလိုအခြေအနေမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သံတွေနဲ့အတူ အဝေးက တောတန်းတစ်နေရာမှာ မီးခိုးဖြူတွေအူတက်လာနေတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတစ်ခုကို AA နဲ့ မြန်မာစစ်တပ်ရဲ့တိုက်ပွဲအဖြစ် ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျက်ရှိပါတယ်။  သတင်းမှားတစ်ခုဖြစ်ပါတယ်။ ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိပြီး အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ “AA ရဲ့စကေးကြမ်းချက်….. စကစအတွက်တော့ မတွေးဝံ့စရာပဲ… (9.9.2022) ရက်နေ့… Credit ###”လို့ ရေးသားပြီး “Ayarwaddy Channel” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ကအောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  […]

Continue Reading

Fact Check: ဒီဓာတ်ပုံက KIA ထံမှ မြို့သစ် မိုက်ခရိုဝေ့စခန်းအား စစ်ကောင်စီတပ် ပြန်သိမ်းစဉ်ကပုံသာဖြစ်တယ်

ကရင်ပြည်နယ် သုံးထပ်ကွေ့တိုက်ပွဲအောင်ပွဲမှာ စခန်းသိမ်းခဲ့တဲ့ မြန်မာစစ်သားများဓာတ်ပုံလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ မြန်မာစစ်တပ်စစ်သားတွေက စခန်းကုန်း တစ်ခုပေါ်မှာ မြန်မာနိုင်ငံအလံကိုကိုင်ထားတဲ့ ဓာတ်ပုံနဲ့အတူ “ကရင်ပြည်နယ်၊ သုံးထပ်ကွေ့အောင်ပွဲ”လို့ ရေးသားထားမျှဝေ ထားပါတယ်။ ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်က ကချင်ပြည်နယ်တိုက်ကပွဲတစ်ခုအတွင်းက ဓာတ်ပုံဟောင်းတစ်ခုသာ ဖြစ်ပါတယ်။ “ဗိုလ် အောင် ဒင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဩဂုတ် ၂၇ ရက်က မျှဝေထားတဲ့ ပို့စ်ကိုအောက်ပါ အတိုင်းတွေ့ရပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ တူညီတဲ့ဓာတ်ပုံကို မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ အင်္ဂလိပ်ဘာသာ ဖော်ပြတဲ့ The Global New Light of Myanmar သတင်းဝက်ဘ်ဆိုဒ်တစ်ခုမှာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: ထိုင်းလိပ်ကျွန်းလူသတ်မှုက ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ပြန်လွတ်ပြီဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာလိပ်ကျွန်းလူသတ်မှုလို့ လူသိများတဲ့ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗြိတိန်  ၂ ယောက်ကို သတ်မှုနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦးပြန်လည်လွတ်မြောက်လာပြီ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှား ဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ဩဂုတ် ၂၈ ရက်ကပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါကောက်နှုတ်ချက်ဖော်ပြချက်ဖြစ်ပါတယ်။  “ဒေါ်လာ ၂ သန်းနစ်နာကြေးရရှိပြီး ပြန်လွတ်လာပါပြီ ၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသ.တ်မှုမှာ စွတ်စွဲခံရမှုနဲ့ အကျဉ်းကျခံ ကိုဝင်းဇော်ထွန်း နဲ့ ကိုမောင်ဇော်လင်း နှစ်ဦးကို အမိန့် ရုပ်သိမ်းပီးပြီး အမှုကိုဖျက်သိမ်းပီးပြီး လွတ်ငြိမ်းခွင့်ပေးဖို့ ထိုင်းဘုရင်မင်းမြတ်မှ အမိန့်ပေးလိုက်ပါသည် ထိုင်းဘုရင် ပေ့ခ်ျပေါ်မှာ မြန်မာနိုင်ငံသားများက အသနားခံစာ ရေးသားချက်များကို ထိုင်းဘုရင်သိရှိရပြီးနောက် လူသားချင်း စာဏာကာ အိမ်နီးချင်းကောင်း ပီသစွာ ပြသခြင်းဖြင့် […]

Continue Reading

Fact Check: တမူးက CDM ဆရာမ PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချအဆုံးစီရင်ဆိုပြီး သတင်းမှားဖြန်ဝေ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းမှာ စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမတစ်ဦး PDF တွေရဲ့ အဓမ္မပြု့ကျင့်ခံရမှုကြောင့် ကြိုးဆွဲချ အဆုံးစီရင် သွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ CDM ဆရာမတစ်ဦး ကွယ်လွန်သွားတာကို အကြောင်းပြုပြီး ဝါဒဖြန့်သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့ခဲ့တဲ့ပို့စ်ကနေ ကောက်နှုတ်ထားတဲ့စာသားတွေဖြစ်ပါတယ်။ “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ အကြမ်းဖက် NUG လက်အောက်ခံကျောင်းတစ်ကျောင်းကို စာသင်ပေးနေတဲ့ CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဆိုသူဟာ ယမန်နေ့ (သြဂုတ် ၂၆ ရက်) ညနေပိုင်းမှာ သူ့ကိုယ်သူ ကြိုးဆွဲချပြီး အဆုံးစီရင်သွားခဲ့တယ်လို့ ၎င်းနဲ့နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ ဆရာမဒေါ်စန်းမို့မို့ဟာ တမူးမြို့နယ် ဈေးတန်း (၁၀) ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အ-ထ-က(ခွဲ) […]

Continue Reading