COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်

တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။ ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် […]

Continue Reading

COVID-19 ကာကွယ်ရေးပစ္စည်းတွေသယ်လာတဲ့ယာဉ်ကို AA ခိုက်တယ်ဆိုတဲ့သတင်းတု

ကိုဗစ်ကာကွယ်ရေးပစ္စည်းနဲ့ တိုက်ပွဲရှောင်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေး အတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်အား AA အဖွဲ့မှ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ပလက်ဝဒေသသို့ ကိုဗစ်ကာကွယ်ရေးပစ္စည်းများပို့ဆောင်နိုင်ရေးအတွက် လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်စစ်ကြောင်းတစ်ခုအား AA မှ ဝင်တိုက်”ခေါင်းစဉ်နဲ့သတင်းရေးသားဟန်နဲ့ ဖော်ပြထားတဲ့ ပလက်ဝနှင့် ဆမီးမြို့သို့ ဆက်သွယ်ထားသည့် လမ်းမပေါ်ရှိ ရက်ဒိန်ကျေးရွာအနီးမှာ တိုက်ခိုက်ခံရတာဖြစ်တယ် လို့ ဒေသခံတွေကပြောတယ်ဆိုပြီးတော့ ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ အသီးသီးမျှဝေခဲ့ကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ပထမဆုံး တပ်မတော်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထုတ်ပြန်လေ့ရှိတဲ့ တပ်မတော်သတင်းအမှန်ပြန်ကြား ရေးစာမျက်နှာ ဒီလိုသတင်းထုတ်ပြန်ချက်မျိုးမတွေ့ရှိရပါဘူး။ အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွေမှာလည်း ဒီလိုသတင်းမျိုးမတွေ့ရှိရပါဘူး။ ဒီသတင်းဟာ ဓာတ်ပုံအဟောင်း တစ်ပုံကို အသုံးပြုပြီး ပြန်လည်သတင်းတု ဖန်တီးထားခြင်းဖြစ်တာ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို […]

Continue Reading

COVID-19 လူနာအမှတ် ၃၁၁ ဟာ လာအိုက ခိုးပြန်လာသူဖြစ်ပြီး YBS-90 စီးနင်းခဲ့တယ်ဆိုတဲ့ သတင်းမှား

မြန်မာနိုင်ငံမှာ ဇူလိုင် ၆ ရက်နေ့အထိ COVID-19 အတည်ပြုလူနာ ၃၁၃ အထိရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ထဲမှာ ပြည်တွင်းကူးစက်မှုနည်း ပါးပြီး များစုဟာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေဖြစ်တာတွေ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပကပြန်လာသူတွေနဲ့ ပတ်သက်တဲ့ COVID-19 သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေးပန်းစားလေ့ရှိပါတယ်။ အခုတစ်ခါမှာလည်း လူနာအမှတ် ၃၁၁ ဟာ လာအိုကနေ တရားမဝင်ဝင် ရောက်လာပြီး၊ ရန်ကုန်မှာ အများပိုင်သယ်ယူပို့ဆောင်ရေးယာဉ်ကို အသုံးပြုခဲ့ကြောင်း မျှဝေခဲ့တာတွေ့ရှိပါတယ်။ “Wai Yan Aung”၊ “Zaw Zaw Oo”စတဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတဲ့ COVID-19 လူနာအမှတ် C-311 […]

Continue Reading

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ် ဆိုတဲ့သတင်းမှား

တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရတယ်ဆိုတဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။  “တရုတ်ကထုတ်တဲ့အခု ကိုကာကိုလာအပြာဗူး( Pepsi)ထဲမှာ ကိုဗစ်တွေ တွေ့ရလို့ ဒီ(Pepsi)ကိုလာစက်ရုံကြီး ကိုလည်း ပိတ်သိမ်းခံလိုက်ရပါပြီ။ ကျွန်တော်တို့မြန်မာတွေ မသောက်ကျပါနဲ့နော်”ဆိုပြီး “May Tan Saung” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက သတင်းတစ်ခုကို လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အလားတူ စွာပဲ “Yin Yin Aye”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အောက်ပါအအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ Fb link Fb link Archive link Archive link အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး ဒီသတင်းကို ရှာဖွေရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။  ဇွန် ၁၅ ရက်က ဘေဂျင်းမှာရှိတဲ့ PepsiCo ရဲ့ အကြော်အလှော်လုပ်ငန်း၊ အာလူးကြော်နဲ့ အခြောက်ကြော်လုပ်ငန်း စက်ရုံမှာ […]

Continue Reading

ကိုရိုနာကပ်ရောဂါနဲ့ပတ်သက်ပြီး မိုင်းဖုန်းဆရာတော်ကြီးမိန့်ကြားတယ်ဆိုတဲ့ သတင်းတု

“ရှေ့ဆက်ဖြစ်လာမယ့် ကိုရိုနာ ကပ်ရောဂါအကြောင်း မိန့်ကြားလိုက်တဲ့မိုင်းဖုန်းဆရာတော်”ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီခေါင်းစဉ်နဲ့မျှဝေထားတဲ့သတင်းမှာ “ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ လူဉီးရေ သန်း ၁၀၀ အထိကူးစက်ခံရမယ်၊ ၂၀၂၀ နဲ့ ၂၀၂၁. ခုနှစ်တွေဟာအဆိုးရွားဆုံးနှစ်တွေဖြစ်မယ်၊ စီးပွားပျက်ကပ်တွေလည်းဖြစ်မယ်၊၂၀၂၂ မှ အကောင်း ဘက်ပြန်ရောက်မယ်၊ ဘင်္ဂလားဒေရှ့်တစ်နိူင်ငံလုံးနီးပါး ကူးစက်မှုဖြစ်ပြီး သေဆုံးမှု့အများဆုံးဖြစ်ကာ အလောင်း များတောင်လိုပုံမယ်၊ ဘူတန်နိုင်ငံက ကပ်ရောဂါသိပ်မခံစားရဘူး၊  ကပ်ရောဂါဟာ တရုတ်မှာစပြီး တရုတ်မှာ အကြီးအကျယ်ပြန့် အဆုံးသတ်သွားမယ်၊ မြန်မာပြည်မှာတော့ ဘုရား တရား မြဲတဲ့ ဒေသတွေဟာ ကပ်ရောဂါမ ှကင်းဝေးမယ်၊ ကပ်ရောဂါဖြစ်နေတဲ့ဒေသမှာ အကောင်းဆုံး ကာကွယ်ဆေးက ဘုရား တရား သံဃာကို နေ့တိုင်းရှိခိုး ရွတ်ဆိုနေခြင်းပဲ”စသည်ဖြင့် ရေးသားထားပါတယ်။ Fb link Archive link ဒီသတင်းကို […]

Continue Reading

ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ခိုင်မာတဲ့အထောက် အထား မရှိသေးပါ

ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ် လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Netguide Journal အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတဲ့ ဒီပို့စ်ကလင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် အောက်ပါအတိုင်းရေးသားထားပါတယ်။ ခေါင်းစဉ်မှာ “ဆေးခြောက်က COVID-19 ကို ကာကွယ်ကုသနိုင်ကြောင်း သိပ္ပံပညာရှင်းများ တွေ့ရှိ”လို့ ရေးသားထားပေမဲ့ COVID-19 ကိုကာကွယ်ကုသနိုင်သလားဆိုတာ သုတေသနတွေ ထပ်မံပြုလုပ်ရဉီးမယ်လို့လည်း ရေးသားထားပါတယ်။ Fb link Archive link COVID-19 ကပ်ရောဂါကို ကုသနိုင်မယ့်၊ ကာကွယ်နိုင်မယ့် ဆေးဝါး တစ်ချို့ဟာ လူနဲ့ စမ်းသပ်မှုအဆင့်မှာ ရလာဒ်ကောင်းတစ်ချို့ရှိထားပြီးဖြစ်ပေမဲ့ စမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးတာတွေ့ရပါတယ်။ ဆေးခြောက်က COVID-19 ကို ကုသနိုင်သလား ဆန်းစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် လောလောဆယ်အထိ ကာကွယ်နိုင်၊ ကုသနိုင်တယ်ဆိုတဲ့ဆေးကို အချက်အလက်ခိုင်ခိုင်မာမာ မတွေ့ ရသေး သလို ထောက်ခံချက်ပေးထားတဲ့ဆေးဝါးလည်းမရှိသေးဘူးလို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားထားပါတယ်။ […]

Continue Reading

စိမ်းစိုလာတဲ့ သစ်တောတွေဓာတ်ပုံက ပါကစ္စတန်က မဟုတ်ပါ

သစ်တောမရှိသလောက်ဖြစ်နေတဲ့ ကွင်းပြင်နဲ့ စိမ်းစိုနေတဲ့ တောအုပ်နှစ်ခုကို ယှဉ်ပြထားတဲ့ ဓာတ်ပုံတစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ဒီဓာတ်ပုံကို “အလုပ်လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ခိုင်းလိုက်တဲ့ ပါကစ္စတန်”ဆိုတဲ့သတင်းမှာ ပြန်လည် မျှဝေနေ တာတွေ့ရပါတယ်။ “ကိုဗစ် ၁၉ ကြောင့် အလုပ်အများစုရပ်တန့်သွားတာကြောင့် ကမ္ဘာတဝှမ်းမှာ အလုပ် လက်မဲ့လူဦး ရေဟာလည်း အဆမတန် တိုးပွားလာခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဒီအကြပ်အတည်းကို အခွင့်အရေး တခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဝန်ကြီးချုပ် Imran Khan ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံတွင်း က အလုပ် လက်မဲ့ ၆သောင်းကျော်ကို သစ်ပင်စိုက်ပျိုးရေးစီမံကိန်းမှာ နေ့စားအလုပ်သမားတွေအဖြစ် ငှားရမ်း ခန့်အပ် လိုက်ပါတယ်။ á€”ိုင်ငလဥနသလအက နေရာအသီးသီးမှာ သစ်ပင်ပေါက်များ ပျိုးခြင်း ၊ ရေလောင်းခြင်း စတဲ့ အလုပ် တွေကို လုပ်ကြရမှာဖြစ်ပါတယ်”ဆိုပြီးရေးသားထားပါတယ်။ […]

Continue Reading

COVID-19 ရောဂါအမြစ်ပြတ်ကုသမယ့် တိုင်းရင်းဆေးဆိုတဲ့ သတင်းမှား

“ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ရွှေမြန်မာဖော်ထုတ်လိုက်နိုင်ပြီ….(ဂုဏ်ယူစရာပါပဲဗျာ)”ဆိုတဲ့ခေါင်းစဉ်နဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။  Fb link Fb link Archive link Archive link ဝက်ဘ်ဆိုဒ်လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ပို့စ်မှာ သမ္မတရုံးကခွင့်ပြုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို သွားရောက်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပြီး ဆေးတံဆိပ်တစ်ခုကို မျှဝေထားတာတွေ့ရပြီး အောက်ပါအတိုင်း ပြောဆိုထားတာတွေ့ရပါတယ်။ “အရေးပေါ်အနေအထားအသက်ရှူစက်ကူနေရသူလူနာအား ၎င်းဆေးပေါင်းရည် .5 စီစီအားသွေးကြောတွင်း ထိုးသွင်းလိုက်ပါက ၅ မိနစ်အတွင်းအသက်ရှူကူစက်မလိုအောင်အသက်ရှူလာနိုင်မည် ပြီးလျှင်သိသိသာသာ သက်သာလာပါမည် မနက်နေ့လည်ည တစ်ရက်သုံးကြီမ်နှုန်းထိုးသွင်းကုသပါက သုံးရကမှငါးရက်အတွင်း ရောဂါ လုံးဝအလျှင်းပျောက်ကင်း နိုင်ပါသည်။ သာမန်ပိုးတွေ့လူနာများအားတစ်ကြိမ် လျှင်.5စီစီအား ပျားရည်စစ် လဘက်ရည်သောက်ဇွန်းတစ်ဇွန်းစာဖြင့်ရောစပ်၍ မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်ရက် နှစ်ကြိမ်နှုန်းဖြင့် ၃ရက်မှ၅ရက်တိုက်ကျွေးယုံနှင့်ရောဂါပိုးအလျှင်းပျောက် ကင်းစေရုံသာမက နောက်ထပ်မည်သို့မျှရောဂါပိုး ထပ်မံမကူးစက်နိုင်တော့ပါ ရောဂပိုးကူးစက်ခံရခြင်းမရှိသေးသူများ.5စီစီကိူပျားရည် ဖြင့်တစ်ကြိမ်ကြိုတင် ကာကွယ်သောက်သုံးထားယုံဖြင့် ရောဂါပိုးကူးစက်နိုင်ခြင်းလုံးဝမရှိအောင်ကာကွယ်ထားနိုငိပါသည် ယခုပို့စ်တင် […]

Continue Reading

ဒေးဗစ်လား စောင့်ကြည့်ခံဟိုတယ်မှထွက်ပြေးသွားပြီဆိုတဲ့ သတင်းမှား

ကိုယ်တိုင်လည်း COVID-19 ရောဂါးကူးစက်ခံရပြီး သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခု ကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့ အမှုဖွင့်အရေး ယူခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာစောဒေးဗစ်လား ဗိုင်းရပ်စ်ပိုးမတွေ့ရှိတော့တာကြောင့် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပေမဲ့ ဟိုတယ်မှာ Quarantine ခံရယူနေရဆဲအခြေအနေဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “အစိုးရက အမှုဖွင့်ထားသော ဒေးဗစ်လား..စောင့်ကြည့်ခံ ဟိုတယ် မှ ထွက်ပြေးသွား!= တာဝန်ယူ ခေါ်ခဲ့သော လူကြီးမင်း..ရှာပေးပါ!” ဆိုပြီး “Ne Ya Byutt”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေထားရာမှာ ၂၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေသူက နှစ်ထောင်ကျော်ရှိခဲ့ပါတယ်။  Fb link Archive link အချက်အလက်စိစစ်ချက် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဉီးနိုင်ငံလင်းက ဒီသတင်းဟာ မဟုတ်ကြောင်း အောက်ပါအတိုင်းသူ့ရဲ့ လူမှုကွန်ယက်မှာရေးသားထားပါတယ်။  Naing […]

Continue Reading

ဒေးဗစ်လားကို မောင်းထုတ်ရေးတွေ့ဆုံပွဲဆိုင်းဘုတ်တဲ့လား.. အမှန်က ဒီလိုပါ

COVID-19 ရောဂါးကူးစက်ခံရအပြီးမှာ အငြင်းပွားဖွယ်ရာဟောပြောချက်တွေကြောင့် လူမှုကွန်ယက် သုံးစွဲသူတွေ အကြားမှာ တမုတ်ချင်းနာမည်ကြီးလာသလို သူဉီးဆောင်ကျင်းပခဲ့တဲ့ ဘာသာရေး အခမ်းအနားတစ်ခုကြောင့် အခြားသူတွေပါ ကူးစက်ခံရခဲ့ရပြီးနောက် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဉပဒေနဲ့အမှုဖွင့်အရေးယူခံ ထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ လူမှုကွန်ယက်မှာ ရေပန်းစား ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ရပ်ကွက်ကလက်မခံဘူးဆိုတာ..တော်ကီလို့ထင်နေသူများအဖို့.” ဆိုပြီး “Min Khant Koko Maung”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ပို့စ်တစ်ခု မျှဝေလာတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် ဒီပို့စ်ရဲ့ အောက်က မှတ်ချက်တွေမှာ ဖို့တိုရှော့ဆိုပြီးပြောဆိုနေသူတွေရှိသလို ပို့စ်တင်သူကိုယ်တိုင်ကလည်း ဒီဟာက အတုပြုလုပ်ထားတာဖြစ်တာကို သိရှိပြီး စိတ်ထဲက ဒီလိုဖြစ်စေချင်တဲ့အတွက်မျှဝေထားတာလို့ ပြောဆိုထားတာတွေ့ရပါတယ်။ ဒီပို့စ်မှာပါတဲ့ ဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာဖွေရာမှာလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။ အပေါ်က Google ရဲ့ရှာဖွေမှုရလဒ်မှာဖော်ပြထားသလို […]

Continue Reading