COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်
တကျော့ပြန် COVID-19 ဟာ ကူးစက်ပျံ့နှံ့မှုနဲ့အတူ လူအများစိုးရိမ်ပူပန်မှုဖြစ်ပေါ်လျက်ရှိပါတယ်။
ဒီလိုအခြေအနေမှာ “Myanmar Movies”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “ရက်စက်လွန်းလှတယ် COVID-19 ရယ် အပြစ်မဲ့တဲ့ ကလေးလေးကိုတောင် မညှာတာဘူး မနေ့ကမှvedioလေးတက်လာလို့ မြန်မြန်သက်သာဖို့ ဆုတောင်းပေးနေတာ ရက်စက်လိုက်တာ covid 19 ရယ်”ဆိုတဲ့ စာသားနဲ့အတူ ကလေးငယ်တစ်ယောက်ရဲ့ နာရေးဓာတ်ပုံတွေနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ၂ ရက်အတွင်း ပြန်လည်မျှဝေသူ ၅ ထောင် ကျော်ရှိခဲ့ပါတယ်။
အလားတူ ပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ြသဂုတ် ၃၁ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်အထိ ြသဂုတ် ၁၆ ရက်က စတင်ခဲ့တဲ့ တကျော့ပြန် ပြည်တွင်းကူးစက်မှုမှာ COVID-19 ရောဂါကြောင့် သေဆုံးခြင်းမရှိသေးတာ အောက်ပါအတိုင်း တွေ့မြင်နိုင်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ COVID-19 အတည်ပြုလူနာ၊ အသစ်တွေ့ရှိနဲ့ သေဆုံးစာရင်းမှာလည်း ကူးစက်မှုအသစ်မှာ မြန်မာနိုင်ငံက သေဆုံးခြင်းမရှိသေးတာတွေ့ရပါတယ်။
မြောက်ဦးက COVID-19 ကူးစက်ခံရတဲ့ ၂လသမီးအရွယ်ကလေးဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ ြသဂုတ် ၂၇ ရက်က ဒီဗွီဘီ သတင်းဌာနက မြောက်ဦးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်သန်း ပြောကြားချက် ကိုးကားပြီးရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဒီလို COVID-19 ကူးစက်ခံရတဲ့ ကလေးငယ်သေဆုံးဆိုတဲ့ သတင်းမဖြန့်ခင်မှာ ကလေးငယ်အသက်ရှုကျပ်နေတဲ့ ဗွီဒီယိုတစ်ကိုလည်း ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။ ဒီဗွီဒီယိုနဲ့ ပတ်သက်ပြီး မြောက်ဦးက ကလေးဆရာဝန်ကို လည်း ဆက်သွယ် မေးမြန်းကြည့်ရာမှာ ၂ လကလေး ဘာရောဂါလက္ခဏာမှ မပြကြောင်းနဲ့ အသက်ရှုရခက်နေတဲ့ ကလေးငယ်ရဲ့ လက္ခဏာဟာ ရန်ကုန်ဆေးရုံကြီးက ကလေးအထူးကုပါမောက္ခ ဒေါက်တာရဲမြင့်ကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ COVID-19 အတည်ပြုလူနာ ကလေးငယ်ဟာ သေဆုံးမှုအဖြစ်ဖော်ပြနေတဲ့ သတင်းဟာ သတင်းမှားဖြစ်ပါတယ်။
Title:COVID-19 ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် ဆုံးပြီဆိုတဲ့ သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False