သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ သတင်းမှား
မတ် ၁၉ ရက်အထိ ကမ္ဘာတစ်လွှာက နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၆၈ အခုအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံခဲ့ပြီး လူပေါင်း ၂ သိန်းကျော်လောက်ကူးစက်ခံထားရပြီး လူပေါင်း ၉၀၀၀ နီးပါးသေဆုံးခဲ့ရချိန်မှာ မြန်မာနိုင်ငံအနေနဲ့လည်း စောင့်ကြည့်လူနာ ၁၇၇ ကျော်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပြီဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ “မကွေး/ကျိုင်းတုံ / မိုင်းဖြတ်မှ စောင့်ကြည့် ကိုရိုနာ လူနာ သုံးဉီးလုံး ယနေ့ သေဆုံးသွားပါပြီ…ဝန်ခံဖို့ အချိန်တန်ပါပြီ ဧကရီ…သီပေါက စောင့်ကြည့်လူနာမှာ ပိုးတွေ့ပါသတဲ့ဗျာ..ဝန်ခံသင့်ပါပြီ သို့မှ ပိုတိုးပြီး သတိထား ဆင်ချင်နိုင်ဖို့ ဖြစ်လာမှာပါ” ဆိုပြီး Aung Naing Htwe အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က မျှဝေထားပါတယ်။ Fb link Archive […]
Continue Reading