Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှား

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် ပြန်လည်လွှတ်မြောက်လာတဲ့ သတင်းမှားပို့စ်တွေ အခုရက်ပိုင်း ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်တွေမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ‌ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “August 1, 2023 ဒေါ်စုနဲ့သမ္မတလွတ်ပြီးငြိမ်းချမ်းရေးယူပြီ” မူရင်းလင်ခ့် – Youtube link | Archive link အလားတူ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ပြီဆိုတဲ့အကြောင်းအရာအဟာ မကြာခဏဖြန့်ဝေနေတဲ့ သတင်းမှားအကြောင်းအရာ သာဖြစ်တယ်။ Fact Crescendo Myanmar အနေနဲ့ အချက်အလက်စိစစ်ထားတာတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ အခုတကြိမ်မှာတော့ အာဏာသိမ်းအပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပေါ်  စွပ်စွဲ ချမှတ်ထားတဲ့ ပြစ်ဒဏ်အချို့ကို လျော့ပေးခဲ့တဲ့ သတင်းနဲ့အတူအခုလို သမ္မတဦးဝင်းမြင့်နဲ့ […]

Continue Reading

Fact Check: လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးက လှူတန်းမယ်ဆိုတဲ့ သတင်းတု

လူအယောက် ၁၀၀ ကို iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့က လှူမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်က ဗွီဒီယိုဟောင်းတခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေနဲ့ စခရင်ရှော့ဓာတ်ပုံကတော့  ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ကရယူထားခြင်း ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13 တစ်လုံးကို လှူဒါန်းသွားမှာဖြစ်ပါတယ်။”လို့ ရေးသားထားပြီး အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ရဲ့ နှစ်ယောက် ပြောဆိုနေတဲ့ ဗွီဒီယိုကို မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez မသေခင်ရေးခဲ့တဲ့ စာလား – မဟုတ်ပါ

ကမ္ဘာကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ကင်ဆာနဲ့ မသေခင်ရေးခဲ့တဲ့ စာဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံနဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ အိန္ဒိယရုပ်ရှင် သရုပ်ဆောင် ဆိုနာလီ ဘင်ဒြရီ(Sonali Bendre)ရဲ့ ဓာတ်ပုံတွေသာဖြစ်တယ်။ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့ ကမ္ဘောကျော် ဒီဇိုင်နာနဲ့ စာရေးဆရာ Crisda Rodriguez ရယ်လို့ မတွေ့ရပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ် ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “အစာအိမ်ကင်ဆာဖြင့် အသက် ၄၀ တွင် မသေဆုံးမီ ကမ္ဘာကျော် ဒီဇိုင်နာနှင့် စာရေးဆရာ “Crisda Rodriguez” က ရေးသားခဲ့သည် 1. ကျွန်တော့်ကားဂိုဒေါင်မှာ ကမ္ဘာ့စျေးအကြီးဆုံး ကားတစ်စင်းရှိခဲ့ပေမယ့် အခု ကျွန်တော် ဘီးတပ်ကုလားထိုင်နဲ့ ရွေ့နေရပါပြီ။ 2. […]

Continue Reading

Fact Check: iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်ဆိုတဲ့ သတင်းတု

iPhone 13 နဲ့ ဒေါ်လာ ၂၀၀၀၀ လူအယောက် ၁၀၀ ကို ဝတ်မှုံရွှေရည်က ပေးမယ်လို့ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုံရွှေရည်ကပေးမယ်လို့ဆိုထားတဲ့ live ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ ဝတ်မှုံရွှေရည်ရဲ့ ပြီးခဲ့တဲ့ ၃ နှစ်က ဗွီဒီယိုဟောင်းတစ်ခုကို အသုံးပြုပြီး ပြန်လည်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ live ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ပုံထဲက နံပါတ်တွေကို မှန်မှန်ကန်ကန် ခန့်မှန်းတဲ့ ကံထူးရှင် အယောက် ၁၀၀ ကို $20,000 နဲ့ iPhone 13” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဒီဗွီဒီယိုဟာ လွန်ခဲ့တဲ့ ၃ နှစ်ဖြစ်တဲ့ ၂၀၂၀ […]

Continue Reading

Fact Check: စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန် ဝေဖန်ဆိုတဲ့ သတင်းတု

စစ်တပ်က နိုင်ငံ ဖျက်ဆီးရာကျဟု သမ္မတဟောင်း ဦးသိန်းစိန်က လက်ရှိစစ်ခေါင်းဆောင်ကို ဝေဖန်မှုဆိုတဲ့ ဗွီဒီယို ပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့သူများလျှက်ရှိပါတယ်။ ဒီလိုဝေဖန်တဲ့အတွက်လည်း စစ်တပ်က ဦးသိန်းစိန်ကို ဖမ်းဆီးဖို့လုပ်နေတယ်လို့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုကို ဖြန့်ဝေရာမှာလည်း ရေးသားထားတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ အလားတူ ရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ အခုဖြန့်ဝေနေတဲ့ “7days media”အမည်နဲ့ ယူကျူချန်နယ်ဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်တု သို့မဟုတ် ချဲ့ကားရေးသားထားတဲ့ သတင်းခေါင်းစဉ်တွေ တပ်ပြီး သတင်းမီဒီယာတွေမှာ ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြနေတဲ့ ချန်နယ်တခုဖြစ်တယ်။ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ၇ ဦး ICJ ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ၇ ဦးကို အပြည်ပြည်ဆိုင်ရာတရားရုံး(International Court of Justice-ICJ)က ဖမ်းဝရမ်းထုတ်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေကြား ဖြန့်ဝေနေတာဟာ သတင်းမှား သာဖြစ်တယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “စစ်ခေါင်းဆောင်(၇)ဦး ICJ ဝရမ်းထုတ်/ စစ်အုပ်စုနိဂုံးချုပ်ပြီ” မူရင်းလင်ခ့် – Fb link | Archive link တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ထို့အပြင် ဗွီဒီယိုထဲမှာ “July 21 ICJ တရားရုံး အထူးအမိန့် စစ်‌ခေါင်းဆောင်(၇)ဦး ICJ ဖမ်းဝရမ်းထုတ် စစ်အုပ်စု နိဂုံးချုပ်ပြီ” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခု ဗွီဒီယိုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်ကို […]

Continue Reading

Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ အောက်ပါဓာတ်ပုံကတော့ “Thit News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ကို စခရင်ရှော့ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အာဇာနည်နေ့မှာ PDF တွေ ရန်ကုန် ဝင်စီးပြီး ဗုံး ၅ လုံးပေါက် ကွဲခဲ့တယ်လို့  ဒီစာမျက်နှာကပဲ နောက်ထပ် ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အောက်မေ့ဖွယ်အခမ်းအနားအနေနဲ့ စစ်ကောင်စီက သူတို့ ထိန်းချုပ်တဲ့ မြို့တွေမှာ အခမ်းအနားလုပ်သလို အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်ခံ […]

Continue Reading

Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading