Fact Check: မျောက်ကျောက်ရောဂါ မြန်မာနိုင်ငံမှာ စတွေ့ပြီလား-မဟုတ်ပါ

မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ဇွန် ၁ရက်စပြီးပျံ့နှံ့ခဲ့ပါတယ်။ အတည်မပြုနိုင်တဲ့သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “မျောက်ကျောက်ရောဂါ ပြည်တွင်းရောက်လာပြီဒီနေ့တစ်ယောက်စတွေ့တာ ရောဂါက”လို့ ရေးသားပြီး “Ei pone pone tik tok”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုကိုမျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည် မျှဝေမှုပေါင်း ၄၀၀ ဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အခြားသောပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ ဖေ့စ်ဘွတ်ပို့စ်ပါမျှဝေထားတဲ့ လင့်ခ်တွေနှိပ်ပြီး ဝင်ရောက်ဖတ်ရှု့ရာမှာ “မျောက်ကျောက်နဲ့ ကိုယ်တွေ့ကြုံ အပြင်ထွက်ရင် ယခင်ကလိုပဲနှာခေါင်းစည်းတပ်ကြပါ လက်ကိုမကြာခဏဆေးပါ။ Bus ကားစီးပြီး လက်ကိုင်ကွင်း တန်းတွေလေဖျခါလက်ရန်းတွေ နဲ့လူအများထိတွေ့ကိုင်တွယ်ထားတဲ့ အရာတွေကိုမဖြစ်မနေ ထိတွေပြီးရင် လက်ကိုသေချာ ဆေးကြောပါ။ဘာပဲဖြစ်ဖြစ် မပေါ့ဆကြပါနဲ့။ကျနော့သားကြီးမှာ ယခုလို လက္ခဏာတွေ့ရတာ ၂ ရက်ရှိပါပြီ။လက်ရှိချိန်ထိ လူကတော့ […]

Continue Reading

Fact Check: ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ဓာတ်ပုံကို အိန္ဒိယကမြွေမြိုခံရခါနီး အမျိုးသမီးအဖြစ်ပျံ့နှံ့

သူမွေးမြူထားခဲ့တဲ့မြွေရဲ့မြိုခြင်းခံရခါနီး အိန္ဒိယမှာအမျိုးသမီးတစ်ဦးအဖြစ် ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော် ဓာတ်ပုံဟာ ဖိလစ်ပိုင်က မြွေတွေနဲ့အနှိပ်ခံနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့ သွားပြတော့မှသင်ခန်းစာရ” လို့ရေးသားပြီး “ဆယ်လီ၊ သတင်း၊ဖြစ်ရပ်မှန်”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားပြီး ဝက်ဘ်ဆိုဒ်လင့်ခ်တစ်ခုနှင့်အတူမျှဝေထား တာတွေ့ရပါတယ်။ လင့်ခ်ကိုဖွင့်ကြည့်ရာမှာ CeleLand ဆိုတဲ့ဘလော့ဂ်စာမျက်နှာတစ်ခုကိုရောက်သွားပြီး အောက်ပါအတိုင်းရေးသား ထားပါတယ်။  “အိမ်မှာမြွေမွေးပြီးမြွေကဘာမှမစားတာတွေ့လို့ဆရာဝန်နဲ့သွားပြတော့မှသင်ခန်းစာရ သက်လတ်ပိုင်းအရွယ်အိန္ဒိယအမျိုးအသမီးကြီးတစ်ဦးကစပါးကြီးမြွေတစ်ကောင်ကိုအိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးထားပါတယ်။၄မီတာရှည်တဲ့ထိုမြွေကြီးကတစ်နေ့မှာတော့လုံးဝအစာမစားတော့ပါဘူးဒီလိုနဲ့မြွေကြီးကအစာမစားတာတစ်ပတ်လောက်ရှိလာတော့အမျိုးသမီးကြီးကစိတ်ပူပြီးမြွေကြီးကိုတိရိစ္ဆာန်ဆေးကုခန်းကိုခေါ်သွားပါတယ်။ထိုအမျိုးသမီးကြီးရဲ့ပြောပြချက်ကိုနားထောင်ပြီးနောက်တိရိစ္ဆာန်ဆရာဝန်ကအမနဲ့သူညဘယ်အတူတူအိပ်လား၊အိပ်တဲ့အခါအစ်မတကိုယ်လုံးကိုသူ့ခန္ဓာကိုယ်နဲ့ပတ်ပြီးအိပ်လားလို့မေးတယ်။အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်းဟုတ်ပါတယ်ညတိုင်းအဲ့လိုပဲအိပ်တယ်။သူတစ်ခုခုကိုတောင်းဆိုချင်နေတာလို့ကျွန်မထင်တာပဲဒါပေမဲ့လည်းသူတောင်းဆိုတာကဘာမှန်းမသိတော့ကျွန်မလည်းမလုပ်ပေးနိုင်ဘူးလေ။အဲ့အတွက်ကြောင့်အရမ်းစိတ်မကောင်းဖြစ်ရတယ်လို့ပြန်ပြောတယ်။ဒါနဲ့ဆရာဝန်ကအစ်မကြီးမြွေကနေမကောင်းတာမဟုတ်ပါဘူး။အစ်မကြီးကိုစားဖို့ရည်ရွယ်နေတာပါ။အစ်မကြီးခန္ဓာကိုယ်တစ်ခုလုံးကိုသူပတ်လိုက်တိုင်းအစ်မကြီးကိုယ်လုံးအလေးချိန်ဘယ်လောက်ရှိမလဲအစ်မကြီးကိုမြိုဖို့။မြိုပြီးရင်အစာချေဖို့အတွက်သူ့ဝမ်းဗိုက်ကိုရှင်းနေတာ၊အစာမစားတော့တာကလည်းအစ်မကြီးကိုစားဖို့ကြိုတင်ပြင်ဆင်နေတာလို့ပြန်ပြောခဲ့ပါတယ်။ဒီအဖြစ်အပျက်ရဲ့သင်ခန်းစာကတော့လူတွေမှာလည်းမိမိအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုသတိထားသင့်ပါတယ်။သင်နဲ့အရမ်းရင်းနှီးပြီးမကြာခဏသင့်ကိုပွေ့ဖက်အားပေးတိုင်းသူ့ရည်ရွယ်ချက်တွေကကောင်းတယ်လို့သတ်မှတ်လို့မရပါဘူး။”(ရှင်းလင်းမှုရှိစေရန်- ပုဒ်ဖြတ်၊ပုဒ်ရပ် တည်းဖြတ်မှုအနည်းငယ်လုပ်ထားပါသည်။) မူရင်းလင်ခ့် – FB link |  Archive link   တစ်နှစ်တာကာလအတွင်း ဒီပို့စ်ပျံ့နှံ့မှုပုံစံကိုလေ့လာကြည့်ရာမှာ ၂၀၂၁ ခုနှစ်ထဲမှာ ဒီမျှဝေမှုတွေရှိခဲ့ပြီး အဲဒီအချိန်က “The Voice Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားရာမှာ ဒီပို့စ်ကိုပြန်လည်မျှဝေ အကြိမ်အရေအတွက် ၁၈၀၀ ကျော်ရှိခဲ့ပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB […]

Continue Reading

Fact Check: ဒေါ်လာသန်း ၄၀၀ ကိုဟတ်ကင်းလုပ်ပြီး ဒုက္ခသည်တွေကို လှူဒါန်းခဲ့သူလား-မဟုတ်ပါ

ဘဏ်ပေါင်း ၂၀၀ ကျော်ကို ဟတ်ကင်းလုပ်ပြီး ရတဲ့ငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို တစ်ပြားမှ မသုံးဘဲ အာဖရိကနဲ့ပါလက်စတိုင်း ဒုက္ခသည်တွေကို လှူဒါန်းခဲ့တဲ့  ကွန်ပျူတာပညာရှင် ဟမ်းဇာဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျှက်ရှိပါတယ်။ ပိုမိုကောင်းမွန်တဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး တည်ဆောက်ဖို့ အတွက် အသုံးမချဘူးဆိုရင် ငွေကြေးနဲ့ရာထူးအာဏာဆိုတာအလကားပဲလို့ သူဟာ ကြိုးမိန့်ပေးခဲ့ရပေမဲ့ နောက်ဆုံးအချိန်မှာ အခုလို ရယ်ပြုံးပြီးတော့ပြောခဲ့တယ်လို့လည်း ပျံ့နှံ့ခဲ့တဲ့ပို့စ် မှာပါဝင်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ လူမှုကွန်ယက်ပို့စ်ပါစာသားများဖြစ်ပါတယ်။ “ဒို့နိုင်ငံကအဘတွေထက် မင်းမြတ်တယ် ဟမ်း —————————- ဟမ်ဇား၏ ကမ္ဘာကိုပြောခဲ့သောစကား *************************** သူ့နာမည်က ဟမ်ဇား ဘဏ်ပေါင်း ၂၁၇ ခုကို ဟက်ကင်းလုပ် ထိုးဖောက်၀င်ရောက်ပြီးး ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ခိုးယူခဲ့ပါတယ်… ပြီးတော့ […]

Continue Reading

Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု 

ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။   “၃၁-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein […]

Continue Reading

Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ

မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “ယနေ့ မန်း စက်သုံးဆီအခြေအနေ နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။ သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက AA ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်

နက်နက်တူးထားတဲ့မြေကျင်းတွေထဲမှာ ဝါးချွန်တွေ ရိုက်ထားနေတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကိုင်းတိုင်းမှာ PDF တွေက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်း ကနေ ထွက်မပြေးနိုင်အောင် လို့ ညှောင့်ကျင်းတွေ ထောင်ထားတဲ့ မြင်ကွင်းဆိုပြီးတော့  “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဖြန့်ဝေထားတာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့ သိရပါတယ်”လို့ ရေးသားပြီး သူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီဓာတ်ပုံတွေကိုပဲ “77 Media Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “စစ်ခွေးတွေက သူတို့စခန်းပတ်လည်ဒီလိုလုပ်နေတယ်တဲ့😅 ကြည့်ရတာဒီကောင်တွေ ဂျူမုံကားတွေကြည့်ပြီး Feel […]

Continue Reading

Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading

Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို  “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

လူမရှိတော့တဲ့နေအိမ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ္စည်းခိုးယူနေတဲ့ ဓာတ်ပုံတွေလို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကနီမြို့နယ် ဝင်မနား နယ်မြေရဲစခန်းကို PDF တွေက ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ “လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကိုပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ… ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့မီဒီညာတွေနဲ့ပေါင်းပြီးကမ္ဘာကိုအရင်ချပြတာ… အလိမ်အညာတွေကကမ္ဘာကိုပတ်နေချိန်အမှန်တရားကိုဖော်ပြတဲ့ MRTV apk ကဖြုတ်ချခံလိုက်ရပြီ….😏 #နေမင်းသူရိန်”လို့ရေးသားပြီး “နေမင်း သူရိန်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်က သယ်ယူနေတဲ့ ဓာတ်ပုံကို ပထမဆုံး ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  “ludunwayoo”အမည်နဲ့ဝက်ဘ်ဆိုဒ်က မေ […]

Continue Reading

Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ

ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မီးရှို့ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်(Facebook)အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။  ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ သီတင်းရွာ(သတင်းရွာ)ရုပ်စုံကျောင်းမီးရှို့ခံတာမှန်ပေမဲ့ PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ “ဒို့မြန်မာတွေရဲ့အသဲနှလုံးကြေမွဖျက်ဆီးကုန်ပြီဗျာ ================================== ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို အကြမ်းဖက် pdf များမှ မီးရှို့ခဲ့ကြောင်းသိရှိရသည်။ AS#”စသည်ဖြင့်ရေးသားပြီး “စမ်းချင်သလိုစမ်း ဘဂျမ်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google နဲ့ ဖေ့စ်ဘွတ်မှာ အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မီးရှို့သွားတာလို့ […]

Continue Reading