Fact Check: ဘားလမ်းဘက်စ်ကားမှတ်တိုင်ဗုံးခွဲမှုနဲ့ပတ်သက်ပြီး People Defence Force Yangon(PDF)အမည်နဲ့ ထုတ်ပြန်ချက်အတု 

ယနေ့(၂၀၂၂ ခုနှစ်မေ ၃၁ ရက်) ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ် ဘားလမ်းဘက်စ်ကားမှတ်တိုင် ဗုံးခွဲခံ ရမှုမှာ People Defence Force Yangon(PDF)က သူတို့လုပ်ရပ်ဆိုပြီးတော့ ထုတ်ပြန်ချက် ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာမျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဝါဒဖြန့် သတင်းတုပြုလုပ်ဖြန့်ချိနေခြင်းဖြစ် တာတွေ့ရပါတယ်။ ဒီဗုံးပေါက်ကွဲမှုမှာလူ ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့ပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။   â€œáƒá-၅-၂၀၂၁ ရက်နေ့ ညနေ (၃)နာရီ (၂၀)အချိန် အစ္စလာမ်ဘာသာဝင် (၁)ဦး သေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာလမ်း၊ ဘားလမ်းထိပ်တွင် ဖြစ်ပွားခဲ့သော ဗုံးကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ People Defence Force Yangon (PDF) က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။”လို့ ရေးသားပြီး “Naing Thein […]

Continue Reading

Fact Check: သီရိလင်္ကာနိုင်ငံက ဓာတ်ပုံကိုအသုံးပြုပြီး မန္တလေးကဆီဖြည့်နေတဲ့ မြင်ကွင်းအဖြစ်မျှဝေ

မေ ၂၅ ရက်က မန္တလေးမှာ စက်သုံးဆီထည့်နေတဲ့မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ မျှဝေနေတာတွေ့ရပါတယ်။ တကယ်တော့ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့ လူတွေရဲ့ ဓာတ်ပုံဖြစ်ပါတယ်။  â€œá€šá€”္အ မန်း စက်သုံးဆီအခြေအနေ နိုင်ငံရေးကိုယ်နဲ့မဆိုင်သူတေကြည့်ထားကြ မေ၂၅”လို့ ရေးသားပြီး “Myo Gyi Myo Gyi”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် စစ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံမှာ လောင်စာဆီဈေးအဆမတန်မြင့်တက်လာတဲ့အပြင် လောင်စာဆီကို အကန့်အသတ်နဲ့ ရောင်းချမှုနေရသလို အရောင်းဆိုင်အချို့ပိတ်ထားရပါတယ်။ သို့သော်လည်း ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ သီရိလင်္ကာနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ သီရိလင်္ကာနိုင်မှာ နိုင်ငံခြားငွေပြတ်လပ်မှုကြောင့် လောင်စာအပါအဝင် အခြေခံကျတဲ့ ပစ္စည်းတွေ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက AA ကထုတ်ပြန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက ဓာတ်ပုံတွေသာဖြစ်တယ်

နက်နက်တူးထားတဲ့မြေကျင်းတွေထဲမှာ ဝါးချွန်တွေ ရိုက်ထားနေတဲ့ ဓာတ်ပုံတွေနဲ့အတူ စစ်ကိုင်းတိုင်းမှာ PDF တွေက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်း ကနေ ထွက်မပြေးနိုင်အောင် လို့ ညှောင့်ကျင်းတွေ ထောင်ထားတဲ့ မြင်ကွင်းဆိုပြီးတော့  “Aung Min”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဖြန့်ဝေထားတာတွေ့ရပါတယ်။ “စစ်ကိုင်းတိုင်းအတွင်းတွင် PDF အကြမ်းဖက်သမားများက ကျေးရွာများကို အကြမ်းဖက်သိမ်းပိုက်ပြီး ရွာသားများ ကျေးရွာအတွင်းမှထွက်မပြေးနိူင်ရန် ယ္ခုကဲ့သို့ ညှောင့်ကျင်းများ ထောင်းပြီး ကျေးရွာတွေကို ပိတ်ဆို့လျှက်ရှိတယ်လို့သိရပြီး ၎င်းတို့ကိုခုခံတဲ့ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးလျှက်ရှိတယ်လို့ သိရပါတယ်”လို့ ရေးသားပြီး သူကအောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီဓာတ်ပုံတွေကိုပဲ “77 Media Myanmar”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “စစ်ခွေးတွေက သူတို့စခန်းပတ်လည်ဒီလိုလုပ်နေတယ်တဲ့😅 ကြည့်ရတာဒီကောင်တွေ ဂျူမုံကားတွေကြည့်ပြီး Feel […]

Continue Reading

Fact Check: PDF တွေကို ကျည်ပြီးဆေးထိုးပေးမယ်လို့ ဒေါက်တာဇော်ဝေစိုးပြောဆိုတဲ့ သတင်းတု

ရှေ့တန်းက တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကို ကျည်မတိုးဆေးထိုးပေးမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုး(NUG)ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုပြီး သတင်းစာဖြတ်ပိုင်းပုံ screenshot တစ်ခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုပြုလုပ်မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့နေတဲ့ Screenshot ဓာတ်ပုံထဲမှာ ဒေါက်တာဇော်ဝေစိုးဓာတ်ပုံနဲ့အတူ မေ ၁၉ ရက်ကလုပ်တဲ့ NUG နဲ့ CRPH တို့ရဲ့အစည်းအဝေးမှာ သူကပြောကြားခဲ့တာဖြစ်တယ်လို့လည်းရေးသားထားပါတယ်။ “တစ်နှစ်တာကာလအတွင်း ဆရာတို့ တီထွင်မှုတွေ တိုးတက်မြင့်မားလာ တာအထူးပဲဝမ်းမြောက်ရပါတယ်။”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   ဒီလိုမျှဝေထားတဲ့ပို့စ်တွေကို ဖေ့စ်ဘွတ်အသုံးပြုသူကပေးတဲ့ တုန့်ပြန်မှုကို လေ့လာကြည့်ရာမှာ အပြောင် အပျက်အနေနဲ့ မျှဝေထားကို အများစုက […]

Continue Reading

Fact Check: KIA တပ်ရင်းနဲ့တပ်မဟာတွေကို မြန်မာစစ်တပ်လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ပုံလား-မဟုတ်ပါ

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ တပ်ရင်းနဲ့ တပ်မဟာတွေကို မြန်မာစစ်တပ်က လေကြောင်းက တိုက်ခိုက်နေပုံအဖြစ် ဓာတ်ပုံ ၁ ပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ အဝေးတစ်နေရာက အဆောက်အဦးတွေဆီကနေ မီးခိုးတွေ ပျံတက်နေတာကို မြင်တွေ့ရပါတယ်။ တကယ်တော့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဓာတ်ပုံဟာ ချင်းပြည်နယ် ထန်တလန်မြို့ကို  “KIA..ဂွမ်မော်…ဖင်ကျယ်တော့… KIA.ရင်း.၁၄..ရင်း.၆..တပ်မဟာ..၉.. လင်းယုန်တွေ…အစာကြွေးနေပြီ.. 10-5-22..အာရုံဦး…NCA..ဖောက်ဖျက်.ဆုံးမခြင်း..သင်ခဏ်းစာ. Sittway Thitsar @ကရင်ပြည်နယ်”လို့ရေးသားပြီး “Fighterforce Fighterforce”အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ကနီမြို့နယ် ဝင်မနားရဲစခန်းအား PDF ကရှင်းလင်းတဲ့ ဓာတ်ပုံတွေသာဖြစ်တယ်

လူမရှိတော့တဲ့နေအိမ်တွေကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ္စည်းခိုးယူနေတဲ့ ဓာတ်ပုံတွေလို့ ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျှက်ရှိပါတယ်။  တကယ်တော့ ဓာတ်ပုံတွေဟာ ကနီမြို့နယ် ဝင်မနား နယ်မြေရဲစခန်းကို PDF တွေက ဝင်ရောက်ရှင်းလင်းခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ “လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကိုပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ… ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့မီဒီညာတွေနဲ့ပေါင်းပြီးကမ္ဘာကိုအရင်ချပြတာ… အလိမ်အညာတွေကကမ္ဘာကိုပတ်နေချိန်အမှန်တရားကိုဖော်ပြတဲ့ MRTV apk ကဖြုတ်ချခံလိုက်ရပြီ….😏 #နေမင်းသူရိန်”လို့ရေးသားပြီး “နေမင်း သူရိန်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   အလားတူမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုပြီး ဆိုင်ကယ်တစ်စီးကို လူနှစ်ယောက်က သယ်ယူနေတဲ့ ဓာတ်ပုံကို ပထမဆုံး ရှာဖွေကြည့်ရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။  “ludunwayoo”အမည်နဲ့ဝက်ဘ်ဆိုဒ်က မေ […]

Continue Reading

Fact Check: ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို PDF က မီးရှို့လို့သတင်းမှား ဖြန့်ဝေ

ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က မီးရှို့ခဲ့တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်(Facebook)အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။  ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ သီတင်းရွာ(သတင်းရွာ)ရုပ်စုံကျောင်းမီးရှို့ခံတာမှန်ပေမဲ့ PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။ “ဒို့မြန်မာတွေရဲ့အသဲနှလုံးကြေမွဖျက်ဆီးကုန်ပြီဗျာ ================================== ပုလဲမြို့နယ် သတင်းရွာက ရှေးဟောင်းရုပ်စုံကျောင်းကို အကြမ်းဖက် pdf များမှ မီးရှို့ခဲ့ကြောင်းသိရှိရသည်။ AS#”စသည်ဖြင့်ရေးသားပြီး “စမ်းချင်သလိုစမ်း ဘဂျမ်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် Google နဲ့ ဖေ့စ်ဘွတ်မှာ အဓိကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေဟာ ပုလဲမြို့နယ် သီတင်းရွာ(သတင်းရွာ)ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က မီးရှို့သွားတာလို့ […]

Continue Reading

Fact Check:  အဖမ်းခံရတဲ့ ပရဟိတလူငယ် ၆ ဦးရဲ့ဓာတ်ပုံကို အသုံးပြုပြီး မုဒိန်းမှုနဲ့ ပတ်သက်တဲ့ PDF တပ်ဖွဲ့ဝင်တွေအဖြစ်ဖြန့်ဝေ

အဖမ်းခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးပုံကိုအသုံးပြုပြီး မုဒိန်းမှုနဲ့ပတ်သက်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေလို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေဟာ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီနေတဲ့ပရဟိတလူငယ် ၆ ဦးဖြစ်တာ တွေ့ရပါတယ်။ “နိုင်ငံရေးအကြောင်းပြ တောခိုမည်ဟု စည်းရုံးကာ…ဖမ်းဆီးရမိ PDF ကျားသုံးဦးက အတူပါလာသူ PDF မိန်းကလေးငယ် ၃ ဦးကို တောတွင်းမှာ အလိုမတူပဲ အတင်းအဓမ္မ အလှည့်ကျ ပေါင်းသင်းနေထိုင်တာကို ခံခဲ့ရကြောင်း မိန်းကလေးငယ်များ ကိုယ်တိုင် ရင်ဖွင့်ထွက်ဆို တိုင်ကြားလာကြောင်း သိရ တော်လှန်ရေးအတွက် တောထဲလိုက်ခွင့်ပြုတဲ့ မိဘတွေတော့ ရင်ကျိုးပေါ့လေ..crd ခရစ်ဒစ်”စသည်ဖြင့်ရေးသားပြီး “Ju Pai”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  […]

Continue Reading

Fact Check: ဆက်ကြေး​​ကောက်ခံတာမရလို့ နတ်ချောင်းရွာကို PDF ကမီးရှို့ တယ်ဆိုတဲ့သတင်းမှား

ဆက်ကြေးကောက်ခံတာမရလို့ နတ်ချောင်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကမီးရှို့ခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ ဒီပြောဆိုချက်ဟာ လွတ်လပ်တဲ့မီဒီယာအများ အပြားမှာဖော်ပြချက်နဲ့ကွဲလွဲပြီး အထောက်အထားမရှိပါဘူး။ “ကလေးမြို့နယ်၊ ကလေး-ဂန့်ဂေါလမ်းမပေါ်မှာ ရှိတဲ့ နတ်ချောင်းကျေးရွာက ပညာဗမ္မာန်ကိုယ် ပိုင်အထက်တန်းကျောင်းအပါအဝင်  လူနေအိမ် ၁၀၀ နီးပါးကို PDF အဖွဲ့မှ  ဆက်ကြေးကောက်ခံမှုမရရှိသောကြောင့် တစ်ရွားလုံးကိုမီးရှို့ရာ အိမ်ခြေတစ်ချို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိပါတယ်။”စသည်ဖြင့်ရေးသားပြီး “Aung Htoo San”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၄ ပုံနှင့်အတူအောက်ပါအတိုင်းမျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အဓိကျတဲ့ စကားလုံးအချို့အသုံးပြုပြီး Facebook(ဖေ့စ်ဘွတ်)နဲ့ Google မှာအကြောင်းအရာကို ရှာဖွေကြည့်ရာ မှာ ကလေးမြို့နယ် နတ်ချောင်းရွာဟာ စစ်တပ်ရဲ့ အကြိမ်ကြိမ်မီးရှို့တာခံခဲ့ရတာကို လွတ်လပ်တဲ့ […]

Continue Reading

Fact Check: CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ ဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့ သတင်းတုသတင်းမှား

CDM ဝန်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောတယ်ဆိုပြီးတော့ ဓာတ်ပုံ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ DVB သတင်းဌာနကရေးသားခဲ့တဲ့သတင်းအဖြစ် ဒီ screenshot ဓာတ်ပုံထဲမှာ “CDM ဝန်ထမ်းများအား လစာတိုးရန် စီစဉ်ထားကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ (၃၁) ရက်နေ့တွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်ဝေစိုး ပြောကြား”လို့ ရေးသားထားပြီး ဒေါက်တာ ဇော်ဝေစိုး ဓာတ်ပုံနဲ့အတူ သတင်းဖော်ပြပါရက်စွဲအနေနဲ့ ၂၀၂၂ ခုနှစ် ဧပြီ ၂ ရက်လို့ ဖော်ပြထားပါတယ်။ တကယ်တော့ ပြောဆိုမျှဝေထားတဲ့ အကြောင်းအရာဟာ မှားယွင်းပြီး သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ NUG ကလစာတိုးဖို့ ထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်အဖြစ် ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ပထမဆုံး ဒီscreenshot ဓာတ်ပုံပါ ဒီဗွီဘီသတင်းဌာနရဲ့ ဝက်ဘ်လိပ်စာကို Google […]

Continue Reading