Fact Check: Phoenix-အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဗွီဒီယိုဖိုင်ကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက အိမ်ဖျက် မီးရှို့နေတဲ့ သက်သေဆိုပြီးတော့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ ၇ စက္ကန့်ရှည်လျား တဲ့ ဗွီဒီယိုထဲမှာ အမျိုးသားတစ်ယောက်က ဝါးကတ်ခြံဝင်းထရံကို ဆောင့်ကန်နေတာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ စစ်တပ်က မီးရှို့ခဲ့တာကို မီးငြိမ်းနေတဲ့ ဗွီဒီယိုဖြစ်ပါတယ်။ “ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ PDF တွေ အိမ်ဖျက် မီးရှို့နေတဲ့ သက်သေ” စသည်ဖြင့် ရေးသားပြီး “Sit Min Lwin”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဧပြီ ၇ ရက်က အောက်ပါအတိုင်းမျှဝေထားပါတယ်။   မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ဖေ့စ်ဘွတ်မှာပဲ […]
Continue Reading
Fact Check: ကရင်ပြည် ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်နေတဲ့ဒီဗွီဒီယိုလား-မဟုတ်ပါ
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တောင်ပိုင်းဒေသဖြစ်တဲ့ ဖလူးဒေသကို စစ်တပ်က တိုက်ခိုက်မှုအဖြစ် ဗွီဒီယိုတစ်ခုဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ တောအုပ်တစ်ခုထဲမှာ ပစ်ခတ်သံ ပေါက်ကွဲသံတွေနဲ့အတူ မီးခိုးတွေအူနေတာကို အဝေးတစ်နေရာက ရိုက်ကူးထားတဲ့ မြင်ကွင်းတွေပါဝင်ပြီး ဗွီဒီယိုရိုက်ကူးရက်စွဲအဖြစ် “20.4.2022”လို့လည်းရေးသားထားပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ အိန္ဒိယ-ပါကစ္စတန်နယ်စပ် ကတ်ရှ်မီးယားဒေသမှာ ၂၀၁၉ ခုနှစ်က ပစ်ခတ်မှုအဖြစ်အပျက်ကို ရိုက်ကူးထားဖြစ်ပါတယ်။ ဒီဗွီဒီယိုနဲ့အတူ “Zaw Min Hlaing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“pdfတောင်ပိုင်းလို့ပြောနေတဲ့ ဖလူးဒေသ ကိုစိုးမိုနိုင်ပါတော့မည်…ဘောကျော်ဟဲ..ကတော့ထိုင်းဖက်ကိုပြေးပြီလို့သတင်းရပါတယ်… စခန်းအားလုံး ကိုထိချက်ကောင်းပါတယ်…ထိုင်းဖက်ထွက်ပေါက်ဖြစ်တဲ့…မဲကုနွဲ..ကျောက်ခက်တလျှေက်လဲပိတ်ထားနိုင်ခဲ့ပါပြီလို့…..👌” စသည်ဖြင့် ရေးသားပြီး အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အခြားသောဖေ့စ်ဘွတ်အသုံးပြုသူ “သခင် မုန်တိုင်း”အမည်နဲ့အကောင့်ကလည်း […]
Continue Reading
Fact Check:  Taylor Swift သေဆုံးမှု သတင်းတုသတင်းမှားသာဖြစ်တယ်
အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်ဆိုပြီးတော့  ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ တကယ်တော့ သတင်းတုသတင်းမှားတစ်ခုသာဖြစ်ပါတယ်။ “Breaking News အမေရိကန်အဆိုတော် Taylor Swift မိမိကိုယ်မိမိအဆုံးစီရင်သွား”လို့ရေးသားထားသလို “အမေရိကန်နာမည်ကြီးအဆိုတော် Taylor Swiftသည်  ယနေ့ New York စံတော်ချိန် မနက် ၈ နာရီ (မြန်မာစံတော်ချိန် ည ၆နာရီခွဲ) ခန့်က ရုတ်တရက် မိမိကိုယ်မိမိ အဆုံးစီရင်သွားကြောင်းသိရသည်။ အတူနေထိုင်သူများ၏ ပြောကြားချက်အရ သေကြောင်းမကြံခင်က ၎င်းသည် ရုပ်သံလိုင်းတစ်ခုမှ ဖျော်ဖြေရေးအစီအစဉ်များကို စိတ်ဝင်တစား ကြည့်ရှု‌နေခဲ့သေးကြောင်း၊ ၎င်းတွင် စိတ်ညစ်စရာရှိသည်ဟု မကြားဖူးသေးကြောင်း ပြောကြားသည်။ Taylor Swift သည် သေဆုံးချိန်၌ အသက် ၃၂နှစ် ခန့်သာရှိသေးပြီး သန်း ၄၀၀ကျော် […]
Continue Reading
Fact Check: ဒီဗွီဒီယိုက ၂၀၁၆ ခုနှစ် မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်မှုအနှောင့်အယှက်အဖြစ်အပျက်တစ်ခုသာဖြစ်တယ်
မန္တလေးသင်္ကြန်မှာ Skynet ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်နေချိန်မှာပဲ ထုတ်လွှင့်မှုကို တားမြစ်ခဲ့တယ် ဆိုပြီးတော့ ဗွီဒီယို ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဒီဖြစ်စဉ်ဟာ တကယ်တော့ ၂၀၁၆ ခုနှစ်က ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား နားလည်းမှုလွဲစေတာတွေ့ရပါတယ်။ “ဘောမချင်တဲ့ ကောင်မ စောက်ရှက်ကွဲ”လို့ရေးသားပြီး“မြန်မာ့ အားကစား” အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ ကရေးသားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး ဒီဗွီဒီယိုကို ရှာဖွေကြည့်ရာမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၃ ရက်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ “မန္တလေးသင်္ကြန်SKYNETဖြစ်စဉ်”လို့ရေးသားပြီး “Myanmar Crime”အမည်နဲ့ youtube အကောင့်မှာ ၂၀၁၆ […]
Continue Reading
Fact Check: ချောင်းဦး PDF က စပါးရိတ်တဲ့ တောင်သူတွေဆီက အခွန်ကောက်နေတဲ့ မြင်ကွင်း ဓာတ်ပုံလား-မဟုတ်ပါ
ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းတဲ့တောင်သူလယ်သမားတွေဆီကနေ စပါးတစ်တင်းကို ၂၀၀၀ ကောက်နေ တယ်လိုဆိုပြီး ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ သေနတ်ကိုင်ထားသူအချို့ရဲ့နောက်မှာ စပါးရိတ်စက်နဲ့ စပါးရိတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။ “ချောင်းဦးPDF အဖွဲ့မှ စပါးရိတ်သိမ်းသည့်တောင်သူလယ်သမားများအား စပါးတစ်တင်းကို ၂၀၀၀ ကောက် ချောင်းဦးPDF အဖွဲ့မှ ချောင်းဦးမြို့နယ်အတွင်းရှိ စပါးရိတ်သိမ်းနေသောတောင်သူလယ်သမားများအား စပါးတစ်တင်းထွက်ပါက ၂၀၀၀ ကျပ် ၁၀၀ ထွက်ပါက ၂၀၀၀၀၀ ကျပ်တော်လှန်ရေး ရံပုံငွေအဖြစ်ကောက်ခံနေတယ်လို့သိရှိရ Crd”လို့ရေးသားပြီး“Aye Lay”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီး အောက်ပါအတိုင်းမျှဝေထား ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ပထမဆုံးဓာတ်ပုံကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီပုံဟာ ဧပြီ ၁ […]
Continue Reading
Fact Check: ဟား ၅ ကောင်အလင်းဝင်ဖို့ပြောကြားမှု ဝါဒဖြန့်သတင်းမှားဗွီဒီယိုသာ ဖြစ်တယ်
ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောကြားချက်ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ “ဟားငါးကောင်က အလင်းဝင်ရောက်လိုကြောင်း ပြောပြီ။” စသည်ဖြင့် ရေးသားပြီး “Verity News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားပါတယ်။ ၅၅ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ ဟာသလူရွှင်တော် တိုင်းကျော်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးက “အရင်တုန်းက တကယ်ကိုလည်းမကြိုက်ခဲ့ပါဘူး။ မကြိုက်လို့လည်း ကျွန်တော်တို့တွေ စစ်ကောင်စီကို တွန်းလှန်မယ်ဆိုပြီးတော့ တော်လှန်မယ်ဆိုပြီးတော့ ကျွန်တော်တို့တွေ တော်ခုခဲ့ပါတယ်။ လွတ်မြောက် နယ်မြေကို ကျွန်တော်တို့တွေ ရောက်အောင်လာခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော်တို့ အနုပညာသမားတွေက မြို့ပေါ်မှာ ပွဲလမ်းသဘင်တွေလုပ်နေကြတယ်။ ကနေကြတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေ အများကြီးပဲ ကနေကြတယ်။ အဲတာသူတို့ကို တွေ့တော့ ကျွန်တော်တို့လည်း ကချင်တာပေါ့ဗျာ။ ကျွန်တော်လည်း အနုပညာသမားလေဗျာ။ ကချင်တာပေါ့။ အခုကျွန်တော်တို့ နားလည်သွားပါပြီ။ […]
Continue Reading
Fact Check: KNPP က တောင်သူတွေရဲ့ ယာခင်းတွေမှာ မိုင်းထောင်နေတယ်လို့ သတင်းမှားဖြန့်ဝေ
KNPPအကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူများတောင်ယာလုပ်ကိုင်နေတဲ့ နေရာများတွင် မိုင်းထောင်နေသော မြင်ကွင်းဆိုပြီးတော့ ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မျှဝေထားတာတွေ့ရပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ မိုင်းရှင်းလင်းနေတဲ့မြင်ကွင်းအဖြစ် KNDF B-02 က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ “KNPPအကြမ်းဖက်အဖွဲ့များမှ ပြည်သူများတောင်ယာလုပ်ကိုင်သည့် နေရာများတွင် မိုင်းများထောင်နေသော မြင်ကွင်းဖြစ်ပါသည်… #ဒေသခံတွေအထူးသတိပြုရန်” စသည်ဖြင့် ရေးသားပြီး “Min Mahar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။  တူညီတဲ့ရေးသားမျှဝေမှုတွကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် အဓိကကျကတဲ့စကားလုံးအချို့ အသုံးပြုပြီး ဓာတ်ပုံကိုရှာဖွေကြည့်ရာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တင်ရင်း ၂ ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ “Karenni Nationalities Defense […]
Continue Reading
Fact Check: ၂၀၁၉ခုနှစ်က မူးယစ်ဆေးဝါးမှုနဲ့ UWSA က ဖမ်းဆီးခံရသူ ၃ ဦးပုံကို လက်နက်ခိုးလို့ဖမ်းခံရတဲ့ PDF လို့သတင်းမှားဖြန့်ဝေ
Continue Reading
Fact Check: AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ပတ်သက်တဲ့ သတင်းတု
PDF တွေနဲ့ပတ်သက်တဲ့ AAစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြားချက်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ PDFတွေဟာ စစ်ကောင်စီကိုတော်လှန်နေတာမဟုတ်ဘဲ လက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာဖြစ်လို့ AA အနေနဲ့ ပူးပေါင်းမှာမဟုတ်ဘူးလို့လည်း ဒီပို့စ်မှာရေးသားထားပါတယ်။  အောက်ပါစာသားကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ ကောက်နှုတ်ချက်အချို့ဖြစ်ပါတယ်။ “PDFအဖွဲ့တွေဟာစစ်ကောင်စီကိုတော်လှန်တာမဟုတ်ပဲလက်နက်မဲ့အရပ်သားတွေကိုတော်လှန်နေတာ ဟုAAစစ်ဦးစီးချုပ်ထွန်းမြတ်နိုင်မှပြောကြားလိုက်ပါတယ် လက်ရှိဖြစ်နေတဲ့တိုက်ပွဲတွေဟာဗမာတပ်မတော်နဲ့ဗမာစစ်သွေးကြွ PDFတွေဖြစ်နေတာမဟုတ်ပဲလက်နက်မဲ့တဲ့ပြည်သူတွေကိုသတ်ဖြတ်နေတာကတော်လှန်ရေးမဟုတ်ဘူး ဒါကတော့ လူမှုရေးကိစ္စတွေကိုမကျေနပ်လို့ဒလန်ဆိုပြီးသတ်နေကြတာ၊ကျွန်တော်တို့ရခိုင့်တပ်တော်အနေနဲ့အခုချိန်ထိလက်နက်မဲ့တဲ့ပြည်သူကိုမသတ်ဖူးဘူး။ စစ်ကြောင်းတွေကျူးကျော်လာရင်တော့ဖြစ်တာကလူမျိုးရေးတိုက်ပွဲမဟုတ်ဘူး။ဒါကAA တပ်တော်နဲ့ဗမာတပ်မတော်ဖြစ်တဲ့တိုက်ပွဲတွေ၊ဒါကတိုက်ပွဲအစစ် လက်ရှိPDFဆိုတာကကျွန်တော်တို့ ရခိုင်ပြည်မှာနေရာမပေးဘူး။ဒီကောင်တွေကတော်လှန်ရေးလုပ်တာမှမဟုတ်တာဒီကောင်တွေက အကြမ်းဖက်နေတာဒီပုံစံအတိုင်းသာ PDF တွေကို လွတ်ထားရင်တော့ကြာလာလေ ဗမာအချင်းချင်းသတ်ပြီးတော့မျိုးတုံးဖို့ပဲရှိတော့တယ်။-” စသည်ဖြင့် ရေးသားပြီး “Aerial Aerial”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အချက်အလက်စိစစ်ချက် ရက္ခိုင့်တပ်တော်(Arakan Army)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ တွစ်တာ(twitter)အကောင့်ကို ဒီနေရာမှာ […]
Continue Reading
Fact Check: ထိုင်းဘက်ခြမ်းကနေ ကရင်ပြည်နယ်ကို ရောက်လာတဲ့ မြန်မာစစ်ကား တွေလား-မဟုတ်ပါ
ထိုင်းဘက်အခြမ်းကနေ ကရင်ပြည်နယ်ကိုဝင်လာတဲ့ မြန်မာစစ်တပ်က စစ်ကားတွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအချို့ကမျှဝေလျက်ရှိပါတယ်။ သို့သော် ဒီဓာတ်ပုံဟာ ဗြိတိန်စစ်တပ်ကယာဉ်တွေ အက်စတိုနီးယားနိုင်ငံကို ရောက်လာတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ “ထိုင်း..မြန်မာ.တပ်မတော်.၂ရပ်နားလည်မှု့နဲ့.KNDO..DKBA.(908)..KNLA.6..လက်ခံထားရှိတဲ့PDF..တွေကိုရှင်းဖို့ထိုင်းနိုင်ငံထဲကမြန်မာတပ့်မတော်..စစ်ကြောင်းတွေ..စစ်ကားတွေ..ဒီနေ့.30-3-22ဂက်နေ့မှာဖြတ်သန်းခွင့်ပြုလိုက်ပါတယ်ကရင်ပြည်နယ်.ထိုင်းနယ်စပ်ကနေထိုးစစ်စတင်လိုက်တာနဲ့ကျိုက်ဒုမ်ကြာအင်းဆိပ်ကြီးလမ်းပေါ်ကိုမောင်းချမှာမို့.တိုက်ပွဲတွေပြင်းထန်ရက်ပါလိမ့်မယ်ဝေါလေ မှာ မြန်မာ့တပ်မတော်နှင့် KNU.KNLA.PDFပူးပေါင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေခဲ့ရာမှ ယနေ့ မြဝတီဘက်မှထိုင်းနိုင်ငံနယ်စပ်ထဲကို စစ်ကား ၄၃ စီးဝင်ပြီး သောင်းရင်းမြစ်ရိုးတစ်လျှောက် မင်းလက်ပန် အင်ကြင်းမြိုင်ကိုဖြတ်ပြီးဝေါလေနောက်ကြောကို သွားပိတ်နေပါတယ်”စသည်ဖြင့် စချီရေးသားပြီး “Nga Htwar”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မတ် ၃၀ ရက်မှာအောက်ပါအတိုင်းမျှဝေထားပါတယ်။  ထို့အပြင် “# ပုံ >> ဝေါလေစခန်းအနောက်ဘက်သို့ ထိုင်းနယ်စပ်အတွင်းမှ ဖြတ်သန်းခွင့်ပေးသဖြင့် စစ်ကား၄၃ စီးဖြင့် ချီတက်ဝင်ရောက်လာပုံမကြာမီ..နာရီပိုင်းအတွင်း..တိုက်ပွဲတွေ..ပြင်းထန်လာပါလိမ့်မယ် ”လို့လည်း ၎င်းက ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အလားတူရေးသားမျှဝေမှုတွေကို […]
Continue Reading