Fact Check: ရန်ကုန်မှာ ဖမ်းမိတဲ့လက်နက်တွေလား-မဟုတ်ပါ

နိုဝင်ဘာ ၁၉ ရက်က ရန်ကုန်မှာ ဖမ်းဆီးခံရမိတဲ့ လက်နက်တွေဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြု သူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဓာတ်ပုံဟာ ဩဂုတ်အတွင်းက မန္တလေးမှာ ဖမ်းဆီးရမိတဲ့ လက်နက်တွေဖြစ်ပါတယ်။  နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မှာ လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်အပါအဝင် ရန်ကုန်အခြေစိုက် တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးရမိကြောင်း စစ်တပ်ကထုတ်ပြန်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူမှုကွန်ယက် အသုံးပြုသူများအကြားရေပန်းစားခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “နေမင်း၏သားတော်” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “NOV  19. ရန်ကုန် ဖြစ်စဉ်  ကွင်းဆက်”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google […]

Continue Reading

Fact Check: ကျူးကျော်အိမ်တွေဖျက်ပြီးနောက်တွေ့ရတဲ့လက်နက်တွေလား-မဟုတ်ပါ

လမ်းဘေးကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းလိုက်ပြီးနောက် တွေ့ရတဲ့လက်နက်တွေဆိုပြီးတော့ လက်နက်ခဲ ယမ်းပုံတွေကို ဖေ့စ်ဘွတ်အသုံးပြုသူများအကြားပျံ့နှံ့လျက်ရှိပါတယ်။ ကျူးကျော်တဲတွေရှင်းလင်းမှုကနေ အဆင့်မြင့်လက်နက် ကိုးသောင်းကျော်တွေ့ရှိခဲ့ရပြီး  NLD က၂၀၁၈ ခုနစ်ထဲကတည်းက မြန်မာနိုင်ငံကို ဖျက်ဆီးဖို့အကြံအစည်ကို စစ်တပ်ကတွေ့ရှိရတာဖြစ်တယ်လို့ရေးသားထားပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ ကျူးကျော်တွေကိုဖျက်သိမ်းမှုမတိုင်ခင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ကျူးကျော်တဲဖယ်ရှားမှုကနေ လက်နက်အမြောက်များတွေ့ရတယ်ဆိုတဲ့အထောက်အထားမျိုးမတွေ့ရပါဘူး။ အောက်ဖော်ပြပါစာပိုဒ်ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိတဲ့ပို့စ်ပါ အကြောင်းအရာက ကောက်နှုတ်ချက် ဖြစ်ပါတယ်။ “ကျူးကျော်တွေက မိတဲ့လက်နှက်တွေ.NLD.ကြိုတင်ပြီးယုတ်မာထားပုံ ကျူ း ဘာတွေလုပ်လည်းလို့မေးသူမရှိဘူး ကျူ းဖျက်လို့ $ ပစ်ပြောသာပဲရှိတယ်  ကျူ  း တွေ ကဘာတွေလုပ်လည်း ဆိုတာ သက်သေ ပြစရာတွေအများကြီး ထဲက ယ္ခုဖြစ်စဉ်တစ်ခုကသက်သေပဲ ကျူ းတွေသာ  နစက ကြီးကမဖျက် မြန်မာပြည့်ရှေ့ရေး တွေးရဲစရာမရှိပါဘူး ဆီးရီးယားးး  အာဖဂန် တို့ထင်ပိုဆိုးမယ် ကျုပ်တို့မြန်မပြည်  အနောက်အုပ်စုနဲ့  ဝက်မစားနိင်ငံတွေ  […]

Continue Reading

Fact Check: ခရမ်းက နို့တိုက်မိခင် PDF ရိုက်နှက်ခံရတဲ့ဓာတ်ပုံလား-မဟုတ်ပါ

နို့တိုက်နေတဲ့မိခင်ကို PDF က ရိုက်နှက်သွားတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ ကလေးငယ်ကို နို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဓာတ်ပုံတစ်ပုံလည်း ပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ အခြားနိုင်ငံက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။ “ရန်ကုန်၊ခရမ်းမြိုနယ်  က လေးနိုတိုက် နေ သော မိခင်အား အကြမ်းဖက် pdf များမှ ဒလန်စွပ်စွဲ၍  သတ်ရန်လာ သော်လည်း က လေးနိုတိုက် နေသဖြင့်  ခေါင်းပဲ ရိုက်နှက်သွားဟု ကနဦးသိရ”လို့ရေးသားပြီး “မင်းခ ယောက်ကျား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၃၀ ရက်မှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive […]

Continue Reading

Fact Check: လွတ်မြောက်နယ်မြေကိုရောက်လာတဲ့ ဒရုန်းယာဉ်တွေဓာတ်ပုံလား-မဟုတ်ပါ

လွတ်မြောက်နယ်မြေတွေဆီရောက်ရှိလာတဲ့ ဒရုန်းယာဉ်တွေဆိုပြီးတော့  ဓာတ်ပုံ ၃ ပုံနဲ့အတူ ရေးသားမျှဝေထား ရာမှာ ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံတွေမှာ တောတွင်း တစ်နေ ရာမှာ ရွက်ဖျင်တဲထိုးပြီး ကားနဲ့လူအချို့က စက်ပစ္စည်းအချို့၊ အလုပ်ရှုပ်နေပုံနဲ့ ဒရုန်းယာဉ်တစ်စီး ချထားတဲ့ပုံနဲ့ ဝေဟင်ကရိုက်ကူးထားတဲ့ နေရာတစ်ခုပုံတွေပါဝင်ပါတယ်။ သို့သော် မျှဝေထားတဲ့ ဓာတ်ပုံတွေဟာ ဟောင်ခြေစိုက် Gl ကုမ္ပဏီက ကြော်ငြာဓာတ်ပုံတွေဖြစ်ပါတယ်။ “ဆော်မယ့် တီးမယ့် Drone တွေ လာပြီ ======================= လွတ်မြောက်နယ်မြေများသို့ ဒရုံးများအချို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရ #myanmarcelebrityclub_edition”လို့ရေးသားပြီး “Jo Tiger” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်တို ဘာ ၆ ရက်က မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၃ ထောင် […]

Continue Reading

Fact Check: ဇင်ဝိုင်းပြန်လည်အဖမ်းခံရတယ်ဆိုတာမဟုတ်ပါ

အောက်တိုဘာ ၆ ရက်နေ့ ည ၇ နာရီအချိန်မှာသရုပ်ဆောင် ဇင်ဝိုင်းဟာ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီး ထိန်းသိမ်းခံလိုက်ရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းကမျှဝေလျှက်ရှိပါတယ်။   ပျံနှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ခံဝန်နဲ့ ပြန်လွှတ်ပေးထားတဲ့ သရုပ်ဆောင် ဇင်ဝိုင်းကို ပြန်လည် ဖမ်းဆီး”စသည်ဖြင့် ခေါင်းစဉ်တပ်ရေးသားထားပြီး  ဇင်ဝိုင်း(ခ) ဦးဌေးလွင်ဟာ ရပ်ကွက်အတွင်း မူးရူးအော်ဟစ်ခြင်း၊ ဒေသခံကာကွယ် ရေးတပ်ထဲရောက်နေတဲ့ သားဖြစ်သူ PDF အဖွဲ့ဝင် မင်းမော်ကွန်းနဲ့ ဆက်သွယ်ခြင်း၊ အမျိုးသား ညီညွတ်ရေးအစိုး ရ(NUG)ကို လျှို့ဝှက်ထောက်ပံ့ခြင်း စတာတွေကို လုပ်ဆောင်နေ တယ်ဆိုပြီး အောက်တို ဘာ ၆ က ပြန်လည် ဖမ်းဆီးလိုက်တာလို့ ဖော်ပြထားပါတယ်။ “Cele New Moe”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကမျှဝေထားတဲ့ ပျံ့နှံမှုအားကောင်းခဲ့တဲ့ပို့စ်ကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဒီဗွီဒီယိုက ကနဲလေးရွာအနီးကမြန်မာစစ်သားတွေပြန်လည်မြှုပ်နှံမှု ဖြစ်တယ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၅ မှာ တော်လှန်ရေး လူငယ်အမျိုးသား အမျိုးသမီး ၄၅၀ ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ ဗွီဒီယိုဆိုပြီးတော့ ဖေ့စ်ဘွတ်မှာ မျှဝေလျက်ရှိပါတယ်။    “ကဲTGကရုပ်သံကြည့်ကျပါ တောခိုမိဘတွေ KNLAတပ်မဟာ5ကိုဝင်ရှင်းတော့ အစုလိုက်အပြုံလိုက်ကျားမရောရာသတ်ဖြတ်ခံထားရတဲ့..GZ450ကို တပ်မတော်သားတွေက မြေမြှုပ်ပေးရတယ် မျက်ရည်ကျပြီး အမျိုးသမီး121ယောက်ပါတယ် မုဒိမ်းကျင့်သတ်ထားတာ Kmh”လို့ရေးသားပြီး “စနေသား ဘီလူးနတ်ခတ်”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်း မျှဝေ ထားပါတယ်။ GZ ဆိုတဲ့စကားလုံးဟာ စစ်အာဏာသိမ်းမှုကိုမလိုလားတဲ့ လူငယ်တော်လှန်ရေးအင်အားစုကို ဆိုလိုတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ ရေးသားမျှဝေထားတဲ့ နောက်ထပ်ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ရွံ့ညွှန်တွေ လူးနေတဲ့ […]

Continue Reading

Fact Check: ကနီမြို့နယ် စဖိုကြီးရွာမီးလောင်မှုဓာတ်ပုံတွေလား-မဟုတ်ပါ

စစ်တပ်က ကနီ စဖိုကြီးရွာကို မီးရှို့မှုအဖြစ် အိမ်တွေမီးလောင်နေတဲ့ ဓာတ်ပုံ၊ အထုပ်အပိုးနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၄ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ သို့သော်လည် ဒီဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်ကတည်း အင်တာနက်မှာပျံ့နှံ့လျက်ရှိပြီး ရိုဟင်ဂျာရွာတွေ မီးရှိုးခံရမှုထိုအချိန်က မီဒီယာတွေမှာ ဖော်ပြထား တာတွေ့ရပါတယ်။ “ကနီ ကို သူတို့လောင်တိုက်သွင်းပြီ ဒီလောက်ရက်စက်ယုတ်မာနေတာ ခင်ဗျားတို့ speakoutလုပ်ပေးဖို့ ပြောနေရတုန်းလားဗျာ ကိုယ်ချင်းစာ နာတက်ခဲ့့ပီလေ ဆိုတာ စိုးလွင်လွင်သီချင်းဘဲဆိုလိုကောင်းတာနော် တနေ့ခင်ဗျားတိုအိမ်တွေ့ရွာတွေ ရပ်ကွက်တွေ  မြို့တွေ  အလှည့်ရောက်လာလိမ့်မယ်။ ကျေးဇူးပြု့ပြီး ကနီဘေးကင်းဖို့ဆု့တောင်းပေးကြရအောင်။ #waitharlill 18.08.2021 ညက  ကနီမြို့နယ် စဖိုကြီးကျေးရွာတွင် စစ်ကောင်စီတပ်များဝင်ရောက်လုယက်ကာ ရွာမီးရှို့သွားပါတယ်❗ ဖုန်းနဲ့ပိုက်ဆံတွေလည်း လုယူသွား ဗိုက်ကြီးသည်တယောက်ခြေထောက် သေနတ်ထိမှန် 18.08.2021 Aung Bo […]

Continue Reading

Fact Check: Glory of The Special Forces ဇာတ်လမ်းတွဲက မြင်ကွင်းဗွီဒီယိုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအဖြစ်မျှဝေ

စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီရဲ့ လူမဆန်တဲ့ ပစ်ခတ်မှုလို့ရေးသားပြီး ဗွီဒီယိုဖိုင်တစ်ဖိုင်ကို ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။ ၁၅ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ လူနေအိမ်တွေ‌ ပေါ်မှာ ကောင်းကင်ကလာတဲ့ လက်နက်ကြီးထိမှန်ပေါက်ကွဲနေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်။ ဒီဗွီဒီယိုပျံ့နှံ့လာချိန်ဟာ မြန်မာ-အိန္ဒိယနယ်စပ်၊ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက လုံလဲရ်(Lungler) ကျေးရွာကို စက်တင်ဘာလ ၁၀ ရက် နေ့လယ်ပိုင်းက စစ်တပ်က တိုက်လေယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်မှု နဲ့လည်း တိုက်ဆိုင်နေပါတယ်။  သို့သော်လည်း ဒီဗွီဒီယိုဟာ ပြီးခဲ့တဲ့နှစ်များအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတဲ့ ဗွီယိုဖိုင်ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်တာတွေ့ရပါတယ်။   “စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကပြစ်ခတ်မှု စစ်ကောင်စီရဲ့လူမဆန်စွာပြည်သူတေနှိပ်စက်တဲ့ ဗီဒီယိုဖိုင်”လို့ရေးသားပြီး “Tin Myint Aung”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါ အတိုင်း […]

Continue Reading

Fact Check: တက္ကသိုလ်ဝင်တန်းလျှောက်လွှာတွေ စက်တင်ဘာ ၂၁ ရက်စတင်ရမယ် ဆိုတာ မဟုတ်ပါ

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့်သူတွေအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ဖြေဆိုခွင့်လျှောက်လွှာ တင်ရမယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီလိုမျှဝေထားတဲ့အ ေကြာင်းအရာဟာ မှားယွင်းေကြာင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ “၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအားလုံး၂၁. ၉. ၂၀၂၁ မှ စ၍ဖြေဆိုခွင့်ဖောင်များတင်ရမှာ ဖြစ်ပါတယ်”လို့ ရေးသားပြီး “For Education”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ြသဂုတ် ၃၀ ရက်က မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၈ ထောင် ၃ ရာရှိ ပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ်သူေတွဟာ စက်တင်ဘာ ၂၁ ရက်က […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က သံတွဲ ရွှေလှေတိုက်နယ်က ဗုဒ္ဓ ဆင်းတုတော်အချို့ ဖျက်ဆီးခံရတဲ့သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေ

ဘင်္ဂလီလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ဦးက သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စုမှာ ဗုဒ္ဓဆင်းတုတော် တွေ ဖျက်ဆီးလိုက်တယ်လို့ ရေးသားထားတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။  သို့သော် ဒီသတင်းဟာ ၂၀၁၇ ခုနှစ်က သတင်းတစ်ခုဖြစ်ပြီးလက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေခြင်း ဖြစ်ပါတယ်။ “NUG မှ အသိမှတ်ပြုထားတဲ့ ဘဂ်လီလူမျိုးအစ္စလာမ်ဘာသာဝင်တစ်ဦးမှ ဗုဒ္ဓရုပ်ပွားတော်များအား ဖျက်ဆီး MHT News (Aug 15) ရခိုင်ပြည်နယ် သံတွဲခရိုင် ရွှေလှေတိုက်နယ်ဘုရားမော်အုပ်စု (ငွေတောင်) တောင်ပေါ်ရှိစေတီ​တော်တစ်ဆူမှ ဗုဒ္ဓရုပ်ပွားတော်များအား အာစ္စလာမ်ဘာသာဝင် တစ်ဦးမှ အကြောင်းမဲ့ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ အဆိုပါပြစ်မှုကျူးလွန်သူအား ရွှေလေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် မောင်မောင်လေးမှ အချိန်နှင့်တပြေးညီ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည် ။”လို့ရေးသားပြီး “ReallyPage” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေ အရေအတွက် ၃၀၀ […]

Continue Reading