Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ

ကယားပြည်နယ် ဖရူးဆိုမြို့နယ်မှာ မြန်မာစစ်တပ်က မီးရှိုသတ်ဖြတ်ခံရတဲ့သူတွေကို နောက်ဆုံးတွေ့ရပုံ ဆိုပြီးတော့ အမိုးဖွင့် ထရပ်ကားတစ်စီးပေါ်မှာ စုပြုံလိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများ အပြားပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာအသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလိုက်ပါလာတဲ့ အမိုးဖွင့် ထရပ်ကားတစ်စီးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံ ၂ ပုံပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ ဖရူးဆိုမြို့နယ်က တုန်လှုပ်ခြောက်ခြားဖွယ် ယင်းအဖြစ်အပျက်သတင်းတွေနဲ့အတူ “ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ ကားက Save […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်အတွင်းက တူရကီရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုကို မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

လတ်တလော တိုက်ပွဲများအတွင်း စစ်တပ်က လေယာဉ်တစ်စီးပစ်ချလိုက်တယ်ဆိုပြီးတော့ တောင်တန်းတစ်ခု အပေါ်မှာ ရဟတ်ယာဉ်တစ်စီးပေါက က်ကွဲပျက်ကျသွားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်အသုံးပြုထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်အတွင်းက တူရကီမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။  â€œMin Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“မအေလိုးတွေရဲလေယာဉ်တစ်စီးကိုဖျက်ချလိုက်ပြီနော်”လို့ ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားအချို့အသုံးပြုရှာဖွေနည်း၊ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်တွင်းက တူရကီ​ရဟတ်ယာဉ်တစီးပစ်ချခံလိုက်ရတဲ့ဗွီဒီယိုဖိုင်သာဖြစ်တာတွေ့ရပါတယ်။ တူညီတဲ့မြင်ကွင်းပါဝင်ပြီး ပိုမိုရှည်လျားတဲ့ ဗွီဒီယိုတစ်ခုကို  Military.com ဝက်ဘ်ဆိုဒ်က ၂၀၁၆ ခုနှစ် မေ ၂၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တူရီကထိပ်တန်းတိုက်ခိုင်ရေး […]

Continue Reading

Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ် ဆိုတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်က ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ထဲမှာ“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” လို့ ရေးသားလျှက် “Revolution News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၃၄၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား

ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။ တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မိုးညှင်းမှာမိုင်းထိတဲ့ တင့်ကားပုံမဟုတ်ပါ

မိုးညှင်းမှာ မိုင်းထိတဲ့ စစ်တပ်ကတင့်ကားပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများ က မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့လျှက်ရှိခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။   â€œá€™á€­á€Żá€¸á€Šá€žá€„á€şá€¸â—á€…á€€á€…á€á€„á€ˇá€şá€€á€Źá€¸á€á€…á€şá€…á€Žá€¸ နန်းမားကြီးလမ်းတွင် မိုင်းခွဲခံရပြီး မှောက်လှန်သွား 🤥✊️ ပျော်လိုက်တာ ကွယ်👏🏻👏🏻👏🏻”လို့ရေးသားပြီး “မိုး မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  á€Ąá€á€ťá€€á€şá€Ąá€œá€€á€şá€…ိစစ်ခဝက် ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ပြီးခဲ့တဲ့ နှစ်များအတွင်းအမြောက်အများ ပျံ့နှံ့လျှက်ရှိခဲ့ တာတွေ့ရပါတယ်။ “Destroyed Tank”အမည်နဲ့ reddit အကောင့်မှာ ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ အောက်ပါ အတိုင်း ရေးသားမျှဝေထားပါတယ်။  “လမ်းဘီးများပုံပျက်မှုသည်  […]

Continue Reading

Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။   â€œá€žá€…်ခိုးထုတ်န္သ္ဏ pdf များ….. ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ… #kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  á€Ąá€á€ťá€€á€şá€Ąá€œá€€á€şá€…ိစစ်ခဝက် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani […]

Continue Reading

Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ရန်ကုန်မြို့ သုဝဏ္ဏမှာ ဆန္ဒပြစဉ်ကဓာတ်ပုံဖြစ်တယ်

ဒဂုံဆိပ်ကမ်း လျှပ်စစ်ရုံးမှာ ဗုံးပေါက်ကွဲမှုဆိုပြီးဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ မီးခိုးမည်းတွေ လိပ်တက်နေတဲ့ ဓာတ်ပုံမှာ “ဒဂုံမြို့သစ် ဆိပ်ကမ်း EPC ရုံးဗုံးကွဲ (၂၅.၁၁.၂၀၂၁)”လို့လည်းရေးသားထားပါတယ်။ သို့သော် ဓာတ်ပုံဟာ မေလအတွင်း ဆန္ဒပြမှုနဲ့သက်ဆိုင်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်က ဒဂုံဆိပ်ကမ်း မြို့နယ်လျှပ်စစ်ရုံးမှာ ဗုံးကွဲခဲ့တဲ့သတင်းတွေကို မီဒီယာမှာဖော်ပြထား ဒီနေရာမှာတွေ့ရပါတယ်။ ဒီလိုအခြေအနေမှာ “” ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ EPC ရုံး အနီးရောက်ရှိနေသူများ ချက်ချင်း ရုံးနှင့်ဝေးရာသို့ ထွက်ခွာကြပါရန် “ •••••••••••••••••••••••••••••••••••••••••••••••••••••••••••• မိမိ မိသားစုဝင်များ ရုံးအနီးရောက်ရှိနေပါက ချက်ချင်းလှမ်းခေါ်ကြပါ။ Source- YangonRevolutionGroup November <25>     https://t.me/Newsinfomation Copy : Crd ”လို့ ရေးသားလျှက် “Ne Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက […]

Continue Reading

Fact Check: ဒီမောဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သတင်းမှားဖြန့်

ဒီမောဆိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက လယ်သမားတွေရဲ့စပါးကို ခိုးယူသွားတယ် ဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကိုဖေ့စ်ဘွတ်မှာဖြန့်ဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံတွေဟာ ဒီမောဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး အကြောင်းအရာကို ပုံမှားရိုက်ဖော်ပြနေခြင်းဖြစ်ပါတယ်။  â€œá€”á€ąá€™á€„á€şá€¸áá€žá€Źá€¸á€á€ąá€Źá€şâ€á€Ąá€™á€Šá€şá€”á€˛á€ˇá€–á€ąá€ˇá€…á€şá€˜á€˝á€á€şá€Ąá€žá€Żá€śá€¸á€•á€źá€Żá€žá€°á€€ “တော်လှန်ရေးရိက္ခာအတွက်ဟုဆိုကာ DMO-PDF တပ်ရင်းက နေရပ်စွန့်ခွာသွားတဲ့စစ်ရှောင်များရဲ့ စပါးများခိုးယူ =============================== မိုးဗြဲ /ဒီး မာ့ဆို နယ်ကြား နှစ်ဖက်တိုက်ပွဲများကြား ရွာသူရွာသားများထိတ်လန့် ကြောက်ရွံပြီးအိုးအိမ်စွန့်ကာ ထွက်ပြေးခဲ့ကြရသည်။ ရိတ်သိမ်း နေဆဲစပါးခင်းများကိုလည်း ဆက်လက်မရိတ်သိမ်းနိုင်ဘဲ ထားပစ်ခဲ့ရာ  ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲအမည်ခံ ဒီး မော့ဆို(DMO-PDF)တပ်ရင်းရှိ  အကြမ်းဖက်သမားများမှ တော်လှန်ရေးရိက္ခာ အတွက်ဟုဆိုကာ နိုဝင်ဘာလ၂၁ ရက်နေ့က ရိတ်သိမ်းပြီး ၎င်းတိုစခန်းများသို ခိုးယူသွားကြတယ်လို ဒေသခံများ ထံမှသိရပါတယ်။”လို့ ရေးသားပြီး နိုဝင်ဘာ ၂၃ ရက်မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading

Fact Check: ဆောမြို့မှာ စစ်ကားနဲ့အရပ်သားကားခေါင်းချင်းဆိုင်တိုက်မှုလား-မဟုတ်ပါ

ဆောမြို့နယ်မှာ စစ်ကားတစ်စီးကို အရပ်ကားနဲ့ခေါင်းချင်းဆိုင်တိုက်တဲ့ဗွီဒီယိုဆိုပြီးတော့ဖေ့စ်ဘွတ် အသုံးပြုသူ ရာဂဏန်းကမျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဖြစ်စဉ်ဟာ အိန္ဒိယနိုင်ငံကဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။  â€œMyo Min Oo” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မိုက်တယ်ဟ ဇာတ်ကားရိုက်နေတဲ့အတိုင်ပဲ😂 ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမူးကားကို  ဆောမြို့ခံ ပြည်သူတစ်ဦးက သူ့ကားနှင့် အမိုက်ခံဝင်တိုက်သွားတယ်ပြောဒါပဲ crd”လို့ ရေးသားပြီးမျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုပုံစံနဲ့ တူညီတဲ့ဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာတွေမှာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link Screenshot ဓာတ်ပုံ ပုံစံနဲ့ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ  အင်တာနက်မှာ အောက်တိုဘာလကတည်းက ပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။ “बोलता भोजपुर”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တူညီတဲ့ ဗွီဒီယိုကို အောက်တိုဘာ ၁၈ ရက်စွဲနဲ့တင်ထား […]

Continue Reading