Fact Check: ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲက Facebook ကို ရှုတ်ချတဲ့ ဆန္ဒပြဆိုင်းဘုတ်ကို လက်ရှိအဖြစ်အပျက်သဖွယ် မျှဝေနေ

ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေး စွက်ဖက်တဲ့အတွက် ဖေ့စ်ဘွတ်(Facebook)ကို ဆန္ဒပြရှုတ်ချတယ်လို့ ရေးသား မျှဝေထားတဲ့ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်မှာ မဲရုံမှူးဆရာ ဆရာမ ကိစ္စ၊ UEC ကိစ္စ၊ အကြည်တော်ကိစ္စတွေအပြီးမှာ ဖေ့စ်ဘွတ်ကို ဆန္ဒပြနေ ကြပြီးလို့ ရေးသားမျှဝေထားတာဖြစ်ပြီး အမျိုးသားအချို့က “မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”လို့ စာတန်းနဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ခုလည်း ပါဝင်ပါတယ်။ တူညီစွာရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ သို့သော်လည်း“မဆီမဆိုင် နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်”ဆိုတဲ့ ဆိုင်းဘုတ် ဟာ ၂၀၁၈ ခုနှစ်က တပ်မတော်ထောက်ခံပွဲတွေမှာ ဆန္ဒပြသူတွေ  ကိုင်ဆောင်ခဲ့တဲ့ ဆိုင်းဘုတ်တွေ […]

Continue Reading

Fact check: ဒေါက်တာနန္ဒလှမြင့်က ဦးဇော်ဌေးကို တရားစွဲမယ်ဆိုတဲ့ သတင်းအမှား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကို တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်မှာ ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပို့စ်အပြည့်အစုံမှာ “#ဦးဇော်ဌေးအားအရေးယူမည်ဟုသိရ သမ္မတဦးဝင်းမြင့်နှင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းတို့သည် ရွေးကောက်ပွဲတွင် ဥပဒေမဲ့လုပ်ရပ်များရှိခဲ့သည်ဟုဆိုကာ အတိုက်အခံပါတီများက စာချွန်တော်လျှောက်ထားမှုအပေါ် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းကို တရားလွှတ်တော်ချုပ်မှ ဆုံးဖြတ်ရမည်ဖြစ်ပြီး သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ တာဝန်မဟုတ်ကြောင်း ထို့ပြင် ပြောရန်မသင့်တဲ့ ဥပဒေမဲ့စကားများကို ပြောကြားခဲ့သည့်အတွက် ဦးဇော်ဋ္ဌေးအား အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။ Nay Thurain It is learned that action will be taken against # Zaw Htay President Win Myint and Election Commission Chairman […]

Continue Reading

Fact Check: မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်းမှာ ဝါးတွေထည့်ပြီး ဖောက်လုပ်သလား

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုကွန်ကရစ်လမ်း ဖောက်လုပ်ရာမှာ ကွန်ကရစ်အတွင်း သံချောင်းတွေအစား ဝါးလုံးတွေထည့်ပြီး ဖောက်လုပ်တယ်ဆိုပြီး ပုံနဲ့တကွရေးသားထားတဲ့ပို့စ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ရေးသားမျှဝေနေတာ တွေ့ရပါတယ်။ ဒီပိုစ်မှာ ဖောက်လက်စကွန်ကရစ်လမ်းရဲ့ လမ်းအတွင်းသားထဲ ဝါးလုံးတွေ စီပြီး ခင်းထားတဲ့ပုံတွေကို “ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ခဂရန်းယန်ကျေးရွာမရောက်မှီမှာ ပြုလုပ်ထားတဲ့ လမ်းခင်းနေမှုဖြစ်ပါတယ်။ ဝါးကိုအသုံးပြုပြီး ခင်းလမ်းနေတာဟာ အရည်အသွေးပြည့်မှီပါ့မလား? လမ်းလုပ်ငန်းဆောင်ရွက်ဖို့ စာချုပ်စာတမ်းမှာရော ဒီလိုဝါးအသုံးပြုဖို့ ချုပ်ဆိုတတ်ကြသလား? အစိုးရရဲ့လမ်း တင်ဒါဒီဇိုင်းမှာရော ဒါမျိူးဒီဇိုင်းတွေရှိပါသလား? သိတဲ့သူများ ကျေးဇူးပြု၍ ပြောပေးကြပါ။ လေ့လာချင်လို့ပါဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ရေးသားထားပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် အထက်ပါပို့စ်နဲ့ပတ်သက်ပြီး အဲ့ဒီလမ်းကို ဖောက်လုပ်နေတဲ့ […]

Continue Reading

Fact Check: ဗြိတိန်မှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်အသစ်က အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုတာ မဟုတ်ပါ

ဗြိတိန်နိုင်ငံမှာတွေ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်ဟာ လက်ရှိ ဗိုင်းရပ်စ်ထက် အဆ ၇၀ ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်တယ်၊ အဆ ၇၀ ပိုမိုပြင်းထန်တယ်ဆိုပြီးတော့ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်မှာ စတင်ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ အင်္ဂလန်မှာ ကိုရိုနာဗီဇပြောင်းဗိုင်းရပ်စ်ဟာ ကူးစက်နှုန်း အဆ(၇၀)အထိ မြန်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဒီဇင်ဘာလ(၁၉)ရက်က သတင်းစာရှင်း လင်းပွဲမှာ ထုတ်ဖော်ပြောဆို သွားခဲ့တယ်လို့ ရေးသားခဲ့ကြသလို ဇန်နဝါရီ  ၂ ရက်ဝန်းကျင်မှစပြီး ဗိုင်းရပ်စ် အသစ်ကို မကြောက်ကြောင်း တရုတ်ဘက်က တာဝန်ရှိသူပြောကြားဆိုတဲ့ သတင်းတွေမှာ “အဆ ၇၀ ပိုမိုပြင်းထန်”ဆိုပြီး ထပ်မံသုံးစွဲမျှဝေနေကြတာတွေ့ရပါတယ်။ သို့သော်လည်း ဗြိတိန်မှာ ဗိုင်းရပ်စ်မျိုးကွဲအသစ်တွေ့ရှိရကြောင်း ကြေညာခဲ့တဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် မျိုးစိပ်အသစ်မှာ  အဆ ၇၀ ပိုမိုမြန်ဆန်စွာကူးစက်မှု သို့မဟုတ် […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် OIC အတွင်းရေးမှူး တွေ့ဆုံသည့်ပုံကို အသုံးပြုပြီး သတင်းမှားဖြန့်ဝေ

ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြည်နယ်ပေးဖို့သဘောတူနေစဉ်ပုံလို့ရေးသားပြီး ဓာတ်ပုံတစ်ပုံကို လူမှုကွန်ယက်အသုံးပြုသူများအကြား မျှဝေနေတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစ္စလာမ်နဲ့သက်ဆိုင်တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး တွေ့ဆုံဆွေးနွေး နေပုံနှင့်အတူ ရိုဟင်ဂျာပြည်နယ်ပေးရေးသဘောတူခဲ့တယ်လို့ ရေးသားမျှဝေနေတာဖြစ်ပါတယ်။ ဒီဓာတ်ပုံဟာ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ် စက်တင်ဘာက ၂၀ ရက်က ကုသမဂ္ဂအထွေထွေ ညီလာခံသွား တက်ရောက်စဉ်မှာ ညီလာခံပြင်ပ တွေ့ဆုံမှုအနေနဲ့ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းရေးအဖွဲ့(OIC-Organization for Islamic Cooperation)အတွင်းအရေးမှူးချုပ် Iyad bin Ameen Madaniနဲ့ တွေ့ဆုံမှုပုံဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ သို့သော်လည်း ဒီတွေ့ဆုံမှုမှာ ရိုဟင်ဂျာပြည်နယ် ပေးဖို့ဆွေးနွေးခဲ့တယ် ဆိုတဲ့ အထောက်အထားမျိုးမတွေ့ရပါဘူး။ လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်းမှုလွဲမှားစေတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။  ဒီနေရာမှာလည်း မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading

Fact Check: ရန်ကုန် ကျောက်တန်းက အပန်းဖြေစခန်းကို မုံရွာနဲ့ ရွှေဘိုမှာရှိတဲ့ အပန်းဖြေစခန်းအဖြစ် မျှဝေနေ

“သူကြီးအိမ်”လို့ရေးသားထားတဲ့ ဆိုင်ဘုတ်တစ်ခုနှင့်အတူ ကျေးလက်ဒေသအလှဖော်မြင်ကွင်းဘန်ဂလိုများနဲ့ ဓာတ်ပုံတစ်ချို့ကို  မုံရွာမှာ မကြာခင်ဖွင့်လှစ်တော့မယ် သွားရောက်လည်ပတ်သင့်တဲ့ နေရာသစ် တစ်ခုဖြစ် ရေးသား မျှဝေထားရာမှာ လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထား တာတွေ့ရပါတယ်။ နေရာလေးကတော့ မုံရွာမြို့ကနေ မြစ်နောက်ဘက် ကနီ မြို့နယ် တွင်းမရွာနားမှာရှိပြီး မုံရွာကနေ တစ်နာရီခွဲ လောက်ပဲမောင်းရတယ်လို့လည်း ရေးသားထားပါတယ်။  သို့သော်လည်း ဒီပုံတွေဟာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် စင်မကောရွာမှာ တည်ဆောက်ထားတဲ့ သူကြီးအိမ် အပန်းဖြေစခန်းက ပုံတွေဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ မျှဝေထား တဲ့ ပို့စ်အောက်က မှတ်ချက်တွေကို လေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ်ပုံတွေဟာ အမှန်တကယ် မုံရွာနားက နေရာတစ်ခုအဖြစ် ယုံကြည်နေကြတာတွေ့ရပါတယ်။   ဒီဓာတ်ပုံတွေကိုပဲ ဒီဇင်ဘာ […]

Continue Reading

Fact Check: NLDက တပ်မတော်ကို ICJမှာ တိုင်ကြားထားပြီး UNတပ်တွေနဲ့ တပ်မတော်ကို တိုက်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းအမှား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီက ပြည်တွင်းရေးပြဿနာတွေကို ကမ္ဘာကသိအောင် လုပ်ဆောင်ကာ တပ်မတော်ကို အပြည်ပြည်ဆိုင်ရာတရားရုံးကို တိုင်တန်းထားပြီး ကုလသမဂ္ဂတပ်တွေနဲ့ တပ်မတော်ကိုတိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့အချက်အပါဝင် အချက်အလက်မခိုင်မာတဲ့အချက်အမြောက်အများကို အခြေပြုပြီး တပ်မတော်ထေက်ခံသူအချင်ချင်းကြား လှုံဆော်ဟန်နဲ့ရေးသားထားတဲ့ပို့စ်တစ်ခုဟာ လူမှုကွန်ယက် အသုံးပြုသူတွေကြား ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ဒီပို့စ်မှာ “မိုက်ရိုင်းလိုက်တဲ့ NLD”လို့ ခေါင်းစဉ်တပ်ထားပြီး “ခုပဲ သိရလို့ သိသိခြင်း မျှဝေလိုက်ရပါသည်။ ဒါ့ကြောင့် အချိန်ဆွဲနေမှန်း ခုမှသိတော့တယ် …၁။ မဲလိမ်လည်မှု မပေါ်ပေါက်ရအောင် လူသုံးယောက်ကို အစဖျောက်ထား လိုက်တယ် -၂။ နိုင်ငံတော်ပိုင်ငွေကြေး ဘီလျံရာကျော်ကို အလွဲသုံးစားလုပ်ထားတာ မပေါ်ပေါက်အောင် ကိုဗစ်နဲ့ ဖုံးကွယ်နေတယ် -၃။ နိုင်ငံတော်အာဏာကို အတင်းအဓမ္မရယူရန် နည်းမျိုးစုံဖြင့် ကြိုးစားနေတယ် ၄။ ပြည်တွင်းရေးပြသနာကို ကမ္ဘာသိအောင်ချပြပြီး သူ့ကိုမြန်မာ့တပ်မတော်က နည်းမျိုးစုံဖြင့် တိုက်ခိုက်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ […]

Continue Reading

Fact Check: ၂၀၀၂ ခုနှစ်က မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်ရဟတ်ယာဉ် ပျက်ကျ သတင်းကို လက်ရှိအဖြစ်အပျက်သဖွယ်ပြန်လည်မျှဝေနေ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာပိုင်နက်အတွင်းဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်ကရဟတ်ယာဉ်တစ်စီး ပျက်ကျပြီး ဘင်္ဂလားဒေ့ရှ်တပ်သား ၄ဦးသေဆုံးတယ်တဲ့ပို့စ်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုတွေကြား ပျံ့နှံ့နေတာတွေရပါတယ်။ ဒီလိုရေးသာနေတဲ့ပို့စ်မှာ ပျက်ဆီးနေတဲ့ရဟတ်ယာဉ်ကိုယ်ထည်အပိုင်းအစတွေအနီးမှာ စစ်သည်တချို့ လုံခြုံရေးယူနေပုံ ကြည်ရှု့စစ်ဆေးနေပုံနဲ့အတူ ပုံအညွှန်းကို “ဒီနေ့ ဘကုန်းတပ်က ရဟတ်ယာဉ်တစ်စီး မြန်မာပိုင်နယ်စပ်အနား ခိုးကြောင်ခိုးဝှက်ကပ်လာတာ မြန်မာဘက်ကသိတော့ အတင်းပြန်မောင်းပြေးတာ TV tower နဲ့ငြိမိပြီးပျက်ကျပါလေရော… (၄)ကောင် မိုးမျှော်သွား သတဲ့…..”လို့ ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီပို့စ်ကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။ မူရင်းပို့စ်ကိုတော့ အောက်ကပါလင့်ခ်မှာလေ့လာကြည့်ရှု့နိုင်ပါတယ်။ မူရင်းလင့်ခ် – FB Link  |   Archive Link အချက်အလက်စိစစ်ချက် ဒီလိုရေးမျှဝေနေကြတဲ့ပို့စ်နဲ့ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာတွေမှာပါ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာသတင်းဖော်ပြတာမျိုး မတွေ့ရပါဘူး။ ဒါ့ကြောင့်ဒီပို့စ်မှာအသုံပြုထားတဲ့ပုံတွေကို Google ပုံရှာနည်းနဲ့ရှာဖွေရာမှာတော့ ဒီပုံတွေဟာ […]

Continue Reading

Fact Check: အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ

ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကြီးကို ရုံးအဖွဲ့က ဖိတ်ကြားခဲ့ပေမဲ့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးမတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားပါတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးကို NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ တကယ်တမ်းသွား ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။ တကယ်တော့  ဒီလိုမျှဝေနေတဲ့ အချက်ဟာ သတင်းတု သတင်းမှားဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  “NLD – CEC […]

Continue Reading

Fact Check: ထမီခါးတောင်ကြိုက်အိတ်ထမ်းနေတဲ့ NLD အမတ် ဒေါ်သီရီရတနာပုံအဖြစ်မျှဝေနေ

ရေကြီးရေလျံနေသော အိမ်တစ်လုံးနဲ့အတူ အမျိုးသမီးတစ်ယောက် ခါးတောင်ကြိုက်ကာ အိတ်ထမ်းနေပုံကို ဘီးလင်းမြို့ NLD လွှတ်တော်အမတ်ဒေါ်သီရီရတနာအဖြစ် လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။  ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ တပ်မတော်အရာရှိတစ်ယောက်နဲ့ စကားပြောနေဟန်၊အုတ်တံတိုင်ခတ် ခြံစည်းရုံး တစ်ခုပေါ်က ကျော်ကြည့်နေတဲ့ပုံစတဲ့ အခြားသော ပုံတွေလည်းပါဝင်ပြီး ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံကို ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ အဖြစ်ရေးသားလျှက် မျှဝေနေတာဖြစ်ပါတယ်။ ပို့စ်ပါ အခြားသောပုံတွေဟာ ဒေါ်သီရီရတနာပုံတွေဖြစ်တာတွေ့ရပေမဲ့ ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံဟာသူမဟုတ်ကြောင်း ဒေါ်သီရီရတနာ ငြင်းဆိုထားတာတွေ့ရပါတယ်။  လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link […]

Continue Reading