Fact Check: နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ သတင်းမှား

နေပြည်တော်ထောင်ခါလို့ အမေစုနဲ့ သမ္မတကြီးလွတ်မြောက်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ဗွီဒီယိုဖြစ်ပါတယ်။  မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ ခေါင်းစဉ်တုခေါင်းစဉ်လွဲတပ်ပြီး ရန်ကုန်ခေတ်သစ်မီဒီယာက သတင်းဗွီဒီယို ဖိုင်တစ်ခုကို မျှဝေနေခြင်းဖြစ်တာတွေ့ရပါတယ်။ မူလကရန်ကုန်ခေတ်သစ်မီဒီယာက မေ ၂၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်ဖော်ပြခဲ့တဲ့ ဗွီဒီယိုကို ဒီလင့်ခ်မှာကြည့်ပါ။  ၆ မိနစ်ကျော်‌ကျော်သာရှည်လျားတဲ့ ဒီမူလဗွီဒီယိုထဲမှာ  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမှာ မုန်တိုင်းသင့်ပြည်သူ တွေကို တစ်ဦးလျှင် ဆန် ၂ ဘူးစီ စစ်တပ်ကပေးအပ်တာမှာ မယူသူများပြားတဲ့အကြောင်း၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ဝမ်ပေါင်ကြေးနီ စီမံကိန်းက ရဲကင်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ […]

Continue Reading

Fact Check: ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီးပြီး စစ်သား ၁၃ ဦးသေဆုံးတဲ့ သတင်းတု

ရန်ကုန်လေတပ်စခန်း ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ပစ်ခတ်မှု လေယာဉ် ၂ စီးပျက်စီး စစ်ကောင်စီတပ်က ၁၃ ဦးသေဆုံး တဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ရန်ကုန် လေတပ်စခန်းရှော့ဒုံး(၁၀)လုံးနဲ့ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”စသည်ဖြင့် ရေးသားထားသလို ဗွီဒီယိုထဲမှာလည်း “ (၂၃) ရက်နေ့ မနက်ခင်းသတင်းထူး ရန်ကုန်လေတပ်စခန်း ရှော့ဒုံး (၁၀)လုံးနဲ့ ပစ်ဆော်လေယာဉ်(၂)စီးပျက်စီးကာစစ်ခွေး(၁၃)ကောင်သေဆုံး”လို့လည်းရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာမှာ မေ ၂၂ ရက်က ဖော်ပြခဲ့တဲ့ PDF နဲ့ စစ်ကောင်စီလက် အောက်ခံ တပ်တွေထိခိုက်မှုသတင်းတွေကို မျှ‌ဝေနေခြင်းဖြစ်တယ်။ […]

Continue Reading

Fact Check: Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ Non-CDM ဝန်ထမ်း ၆၀ မေ ၂၄ ရက်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ရေးသားထားပါတယ်။ အောက်ပါ ဗွီဒီယိုကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ဗွီဒီယိုကို ယူကျူ့ရဲ့  ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကပ်ထဲမှာ ဖြန့်ဝေထားသလို Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးခံရတာ မှန်ပေမဲ့ သူတို့တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာ တွေရဲ့ ‌ဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။  ပခုက္ကူ – ရေစကြိုလမ်းပိုင်းမှာ […]

Continue Reading

Fact Check: တရုတ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဓာတ်ငွေ့ယိုဖိတ်ကာ အစောင့် ၁၀ ဦးသေဆုံးတဲ့ သတင်းမှား

တရုတ်ပိုက်လိုင်းပေါက်ကွဲလို့ဓာတ်ငွေ့တွေယိုဖိတ်ကုန်ပြီး အစောင့် ၁၀ ပါ တပါတည်း ရှင်းခဲ့တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းဖြစ်တယ်။ အောက်ပါ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link  | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ မန္တလေးတိုင်း တောင်သာမြို့အနီးက တရုတ်ဓာတ်ငွေ့ပိုက်လိုင်းဂိတ်စောင့် စစ်တပ်ကို PDF တွေက တိုက်ခိုက်ခဲ့တဲ့ သတင်းနဲ့ အခြားသော ပစ်ခတ်တိုက်ခိုက်မှုသတင်းတွေ ကိုမျှဝေနေခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ အကြောင်းအရာဟာ မေ ၂၃ ရက်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ သတင်းထဲမှာ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် […]

Continue Reading

Fact Check: တောင်ငူထောင်မှာအကျဉ်းသား ၉၀ ထွက်ပြေးတယ်ဆိုတဲ့ချဲ့ကားထားတဲ့ သတင်းမှား

တောင်ငူထောင်ကနေ အကျဉ်းသား (၉၀ )ထွက်ပြေးလွတ်မြောက်သွားပြီး စစ်ကောင်စီဘက်မှ စစ်သား (၃၀)ပစ်သတ်ခံရကာ သေနတ် (၄)လက် လုယူသွားတယ်ဆိုတဲ့ ဗီဒီယိုပို့စ်တခု လူမူကွန်ယက်စာမျက်နှာမှာ ယနေ့ ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မူရင်းသတင်းအမှန်ကို ချဲ့ကားပြီး သတင်းတု ပြန်လည် ဖန်တီးထားတာကို တွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့  ဗွီဒီယိုရုပ်ကတ်ထဲမှာ “၁၉ ရက်နေ့တောင်ငူထောင် မီးလောင်ပြီ အကျဉ်းသား (၉၀)ထွက်ပြေးလွတ်မြောက် စစ်ခွေး (၃၀)ပစ်သတ် သေနတ် (၄)လက်လုယူ” စသဖြင့် Bestss Videos အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ရေးသားမျှဝေထားတာ အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –FB link  | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာတော့ တောင်ငူထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသူ ၁ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးက […]

Continue Reading

Fact Check: ဦးဝါသဝအုပ်စုနဲ့ စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်း ဗုံးမှားကြဲလို့ ၆၀ ကျော် သေဆုံးတဲ့ သတင်းမှား

ဘုန်ကြီးဝတ် ပျူစောထီး‌ခေါင်းဆောင် ဦးဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကိုဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်းမှာ  ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုမှာ “ဝါသဝအုပ်စုနဲ့စစ်တပ်တို့တပ်စွဲတဲ့ဘုန်းကြီးကျောင်းကို ဗုံးမှားကြဲ စစ်ကြောင်းမှူးအပါ(၆၀)ကျော်သေဆုံး” စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ MyanmarHot News အမည်နဲ့ ယူကျူ့ချန်နယ်က ၁၈ ရက်က ဗွီဒီယိုကို ဖြန့်ဝေထားပုံဖြစ်ပါတယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ၁၇၀၀၀ ကျော်က ကြည့်ရှု့ထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မတွေ့ရပါဘူး။ ၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်လေ့လာကြည့်ရာမှာ ၂၀၂၃ ခုနှစ် မေ ၁၈ ရက်က ရန်ကုန်ခေတ်သစ်သတင်း ဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: PDFတွေလက်နက်နဲ့ပြန်ဝင်လာရင်ကားစီးနဲ့ တိုက်တလုံးပေးမည်လို့ စစ်ကောင်စီဖိတ်ခေါ်တဲ့ သတင်းမှား

ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ အလင်းဝင်ရင် ကားတစီးနဲ့ တိုက်တလုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ယူကျု့ချန်နယ်မှာ ဖြန့်ဝေထားရာမှာ  ပျံ့နှံ့မှုအား ကောင်းခဲ့ပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိမှုဖြစ်တယ်။ ဒီပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုရုပ်ကတ်ထဲမှာ “PDFတွေ လက်နက်နဲ့ ပြန်ဝင်လာရင် ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဟု စစ်ကောင်စီက အထူးဖိတ်ခေါ် မနိုင်တော့တာ ဝန်ခံလိုက်ပြီ” လို့ စသဖြင့် ရေးသား ထားပါတယ်။ 7days media အမည်နဲ့ ယူကျု့ချန်နယ်က  မျှဝေထားတဲ့ ဗွီဒီယိုကို အောက်ပါတိုင်း တွေ့ရပါတယ်။ မူရင်းလင်ခ့် –Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF )‌တွေ လက်နက်နဲ့ ပြန်ဝင်လာရင်ကားတစ်စီးနဲ့ တိုက်တစ်လုံး ပေးမည်ဆိုပြီး စစ်ကောင်စီကဖိတ်ခေါ်နေတယ်ဆိုတဲ့သတင်းကို […]

Continue Reading

Fact Check: လက်ရှိစစ်ခေါင်းဆောင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေအနားပေးတဲ့ သတင်းမှား

လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက အာဏာပြန် သိမ်းပြီး အနားပေးလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်း‌ခေါင်းစဉ်လွဲနဲ့ သတင်းမှားဖြန့်ချိ နေခြင်းဖြစ်တယ်။  အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။   “သန်းရွှေ အာဏာပြန်သိမ်းဟု နေပြည်တော်မှာသတငိးထွက်နေ”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသား ထားသလို “မင်းအောင်လှိုင်အနား‌ပေးခံရ (၁၁)ရက်နေ့ ဦးသန်းရွှေ မွှေနေပြီ လုပ်ရည်ကိုင်ရည် မရှိဟုဝေဖန်” စသည်ဖြင့်လည်း ဗွီဒီယိုထဲမှာ ရေးသားမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှု သိန်းဂဏန်းရှိပါတယ်။ တူညီတဲ့ ဗွီဒီယိုကို ယူကျူ့မှာ တင်ထားရာမှာလည်း ဝင်ရောက်ကြည့်ရှု့မှုပေါင်း ၂ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link အချက်အလက်စိစစ်ချက် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ […]

Continue Reading

Fact Check: အာဆီယံအစည်းအဝေး NUG ကိုယ်စားလှယ်တက်ရောက်တဲ့ သတင်းမှား

NUG ကိုယ်စားလှယ် အာဆီယံအစည်းအဝေးတက်ရောက်ခဲ့တယ်ဆိုပြီး ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါ တယ်။ သတင်းမှားသာဖြစ်ပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့ပါတယ်။  “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တနှစ် ၂ ကြိမ် အာဆီယံနိုင်ငံ တွေအကြား အလှည့်ကျစနစ်နဲ့ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး ဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စား ပြုနေရာနဲ့ ပတ်သက်ပြီး ချန်လှပ်ခဲ့တာ တွေ့ပါတယ်။  […]

Continue Reading

Fact Check: NUG ကို အာဆီယံက အစိုးရအဖြစ်သတ်မှတ်တဲ့ သတင်းမှား 

NUG ကို အာဆီယံက အစိုးရအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းမှားသာဖြစ်ပါတယ်။ အာဆီယံအစည်းအဝေးမှာ မြန်မာထိုင်ခုံနေရာ လစ်လပ်နေခဲ့သလို NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုလိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ “အာဆီယံဆွေးနွေးပွဲ NUG ကိုယ်စားလှယ်တက်ရောက်#အဖွဲ့ဝင် ၁၀နိုင်ငံ ဝမ်းပန်းသာ ကြိုဆို”လို့ ဗွီဒီယိုခေါင်းစီး စာသားမှာရေးသားထားသလို ဗွီဒီယိုထဲမှာလည်း အလားတူ ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ယခုနှစ် အာဆီယံအစည်းအဝေးနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကို ဒီမှာတွေ့နိုင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ မေ ၉ ရက်က ၁၁ ရက်အထိ ကျင်းပခဲ့ပြီး အာဆီယံ အစည်းအဝေးတွေမှာ ၂၀၂၁ ခုနှစ် […]

Continue Reading