Fact Check: ဒီဓာတ်ပုံက မင်းကင်းမှာPDF စခန်းအားမီးရှို့ဖျက်ဆီးမှုလား-မဟုတ်ပါ
မင်းကင်းမှာ PDF စခန်းတစ်ခု မီးရှို့ဖျက်ဆီးမှုဆိုပြီးတော့ ဓာတ်ပုံ ၃ ပုံနှင့်အတူ မျှဝေထားရာမှာ ဒီပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံ ၃ ပုံမှာ အဝေးမှာ မီးလောင်နေတဲ့ မြင်ကွင်း၊ လူ ၃ ယောက်မှောက်လျှက်သားဖမ်းဆီးထားပုံနဲ့ လက်လုပ်သေနတ်အနည်းငယ်ကို စီတန်းရိုက်ထားတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။ သို့သော် မီးလောင်နေတဲ့ဓာတ်ပုံဟာ မင်းကင်းမြို့နယ် ဘင်ကျေးရွာ မီးရှို့ခံရမှုက ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ “ဖေဖော်ဝါရီ ၂၊ ၂၀၂၂။ အင်အား၃၀၀ကျော်ရှိသော မင်းကင်းpdf စခန်းတဲတွေကို တပ်တော်မှတိုက်ခိုက်ပီး PDF၃၅ဦးကိုဖမ်းဆီးမိသွား PDFအမျိုးသား၃ဦးနားထင် စနိုက်ပါမှန်သေဆုံး စခန်းအားမီးရှိုဖျက်ဆီးခဲ့ #စွန်ရဲ ”လို့ “အစိမ်းရောင် ချစ်သူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ […]
Continue Reading
