
မြန်မာနိုင်ငံက ထင်ရှားကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဟာ Glucopro ကိုသောက်ဖို့ ညွှန်းတယ်ဆိုပြီး လူတွေကိုနားလည်မှုလွဲစေနိုင်တဲ့ ကြေညာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြားမှာပျံ့နှံ့လျှက်ရှိပါတယ်။ မြန်မာနိုင်ငံက endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုနဲ့ အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိတဲ့ Surya Swandito ဆီးချိုရောဂါဖြင့် ရုန်းကန်ခဲ့ရပေမဲ့ အခု GlucoPRO သောက်လို့ပျောက်ပြီလို့ လည်း ဆေးကြော်ငြာကဆိုပါတယ်။ သတင်းတုဖြစ်ပါတယ်။ အဟာရဖြည့်စွက်ဆေးတစ်ခုကို ၂၀၁၇ ခုနှစ်က သေဆုံးသွားပြီဖြစ်တဲ့ အပြင်မှာတကယ်မရှိတော့တဲ့ ဂျပန်ဆရာဝန်တစ်ဦးကို အသုံးပြုပြီး ကြော်ငြာထားတာ တွေ့ရပါတယ်။ တကယ်တော့ ဒီဆေးဟာ တကယ်ပဲ ပြောသလိုအစွမ်းရှိတယ်ဆိုတဲ့အထောက် အထားလည်းမရှိပါဘူး။
အောက်ပါစာသားကတော့ ဘလော့ဂ်ပို့စ်ပါ ဆေးကြော်ငြာထဲက ကောက်နှုတ်ချက်အဖြစ်ပါတယ်။
“ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ်
မြန်မာနိုင်ငံ၏ ကျော်ကြားသော endocrinologist၊ တီထွင်သူ၊ ပါမောက္ခ၊ ပညာရှင်၊ နိုဘယ်ဆုလက်ခံသူနှင့် အခြားဆေးဘက်ဆိုင်ရာဆုများ အများအပြားရှိသည့် Surya Swandito သည် အသက် ၆၅ နှစ်တွင် အငြိမ်းစားယူခဲ့တယ် ဒါပေမဲ့ သူ့ရဲ့ စိတ်ဓာတ်က ဆေးလောကအတွက် ဘယ်တော့မှ အနားယူမှာ မဟုတ်ပါဘူး အငြိမ်းစားယူပြီး 7 နှစ်ကျော်ကြာ ပါမောက္ခ Surya ဟာ ဆီးချိုရောဂါဖြင့် ရုန်းကန်နေရတယ် ယခုသူက မြန်မာတွင် နှစ်ပေါင်း ၉၀ ရှိပြီး ပုံမှန်သကြားထက် ၃ နှစ် လုံးဝမပိုပါ”
သတင်းထောက်နဲ့အင်တာဗျူးပုံစံနဲ့ ရှည်လျားလှတဲ့ ဒီဆေးကြော်ငြာဘလော့ဂ်မှာ နောက်ဆုံးတော့ Glucopro ကိုသောက်ဖို့ ညွှန်းဆိုသွားပြီး ဆေးမှာယူရန်အတွက်လည်း အချက်အလက်ဖြည့်သွင်း ဖို့ပါဝင်ပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
အချက်အလက်စိစစ်ချက်
ကြော်ငြာပါဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာကြည့်ရာမျာ ဓာတ်ပုံထဲက ပုဂ္ဂိုလ်ဟာ ဂျပန်ကဆရာဝန်တစ်ဦးဖြစ်တဲ့ ရှိကဲယာကီ ဟီနိုးဟားရ(Shigeaki Hinohara)ရဲ့ဓာတ်ပုံဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၈ ရက်က အသက် ၁၀၅ နှစ်အရွယ်မှာ ဂျပန်နိုင်ငံ တိုကျိုမှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ သူကွယ်လွန်တဲ့သတင်းတွေကို အမေရိကန်အခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ Newyork Times နဲ့ CNBC သတင်းဌာနတွေဖော်ပြခဲ့တာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာကြည့်ပါ။

မူရင်းလင်ခ့် – Medicaltalk | Archive link
မြန်မာပညာရှင်လို့ပြောတဲ့ဓာတ်ပုံနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဂျပန်ကဆရာဝန် ရှိကဲယာကီ ဟီနိုးဟားရရဲ့ ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒီဆေးကြော်ငြာဆောင်းပါးမှာပါတဲ့ ဒေါက်တာ ရှိကဲယာကီ ဟီနိုးဟားရ နောက်ထပ်ဓာတ်ပုံတစ်ပုံကိုလည်း Independent သတင်းဌာနရဲ့ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။
ထို့အပြင် မြန်မာနိုင်ငံက ထင်ရှားဒေါက်တာလို့ဆိုပေမဲ့ ဒေါက်တာ Surya Swandito သို့မဟုတ် ပါမောက္ခ Surya Swandito ဆိုတဲ့နာမည်နဲ့ဖေ့စ်ဘွတ်ရှာကြည့်ရင်ဖြစ်စေ Google မှာရှာကြည့်ရင်ဖြစ်စေ တစ်စုံတစ်ရာ မတွေ့ရပါဘူး။
အခု ဆီးချိုနဲ့ပတ်သက်တဲ့ ပြောဆိုချက်နဲ့ Gluco Pro ဆိုတဲ့ဆေးအကြောင်း ကြည့်ရအောင်ပါ။ ပထမဆုံး “ဆီးချိုရောဂါက ကုသလို့ရပြီး ကျန်းမာစွာသင်နေထိုင်နိုင်ပါတယ် အသက် ၉၀ ရှိတဲ့မြန်မာလူမျိုးက သူရဲ့ ဆီးချိုရောဂါသက်သာနည်းလျှို့ဝှက်ချက်ကိုဝေမျှခဲ့တယ်”ဆိုတဲ့အချက်အကိုကြည့်ရအောင်ပါ။ ဆီးချိုရောဂါဟာ ဖြစ်ပြီဆိုရင် ပျောက်ကင်းအောင် ကုသလို့ရတဲ့ရောဂါမဟုတ်ပါဘူး။ သွေးတွင်းသကြားကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်မှုလို့ဆိုနိုင်တဲ့ ဒီရောဂါမှာ အဓိကက သွေးတွင်း သကြားဓာတ်မြင့်မားမှုသို့မဟုတ် အရမ်းနည်းသွား မျိုးမဖြစ်အောင် အစားအသောက်နဲ့ထိန်းသိမ်းဖို့က အဓိကဖြစ်တာတွေ့ရပါတယ်။ ဆီးချိုရှိသူ တစ်ယောက်အနေနဲ့ ကျန်းမာနေစေဖို့ အာဟာရပြည့်ဝမျှတဖို့ လိုအပ်ပါတယ်။ ကစီဓာတ်နဲ့အချိုကဲတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရပြီး ပရိုတင်းနဲ့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးနိုင်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေဟာ နောက်ဆက်တွဲရောဂါတွေဖြစ်တတ်တာမို့ ကုသတယ်ဆိုတာလည်းကလည်း နောက်ဆက်တွဲရောဂါတွေမဖြစ်အောင်ကုသခြင်းသာဖြစ်ပါတယ်။ အမေရိကန်ကျန်းမာရေးဌာနကလည်း ဒီအချက်ကိုအတည်ပြုပါတယ်။
Gluco Pro ဆိုတဲ့ဆေးဟာ ဆီးချိုရောဂါကိုပျောက်ကင်းနိုင်တယ်ဆိုတဲ့ အာမခံချက်ရှိမျိုးမတွေ့ရပါဘူး။ ဉပမာအားဖြင့် အမေရိကန်ဆေးဝါး နှင့်အစားအသောက်ကွပ်ကဲရေးဌာန(FDA)က ဆေးဝါးစာရင်းမှာ ဒီဆေးအမျိုးအစားမတွေ့ရပါဘူး။
မြန်မာနှလုံးပညာရှင် ဦးကျော်သူမောင်ဆိုပြီး ပြင်သစ်နိုင်ငံဖွား အမေရိကန်နိုင်ငံသား ရုရှားလူမျိုးရုပ်သံ သတင်းသမား Vladimir Pozner Jr.ရဲ့ ဓာတ်ပုံကိုအသုံးပြုပြီး သွေးတိုးကျပြီး နှလုံးကောင်းစေတဲ့ ဆေးဝါးတစ်မျိုးဆိုပြီး အခုလိုပဲကြော်ငြာရောင်းချခဲ့သေးတာတွေ့ရပါတယ်။
သုံးသပ်ချက်
ကြော်ငြာထားတဲ့ဆေးဝါးဟာ အွန်းလိုင်ဝက်ဘ်ဆိုဒ်အချို့မှာ အရောင်းကြော်ငြာထားတာတွေ့ရပေမဲ့ ပြောဆိုထား သလို အကျိုးပြုတယ်ဆိုတဲ့ အထောက်အထားမျိုးမရှိချိန်မှာ ဆေးဝါးကြော်ငြာမှာဖော်ပြထားတဲ့ မြန်မာနိုင်ငံက ကျော်ကြားတဲ့ ဆီးချိုပညာရှင်ဆိုပြီးဖော်ပြထားတဲ့ နာမည်ဟာလည်း အပြင်လောကတကယ်မရှိဘဲ ဓာတ်ပုံဟာ လည်း ဂျပန်နိုင်ငံက ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာတစ်ယောက်ရဲ့ ဓာတ်ပုံကို အသုံးပြုထားပါတယ်။

Title:Fact Check: သတင်းတုနဲ့အကြောင်းအရာမှားတွေပေးပြီး ကြော်ငြာနေတဲ့ Gluco Pro ဆီးချိုဆေး တကယ်မလုပ်မဖြစ်ပါ
Fact Check By: Nayar MaungResult: False