
ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ သတင်းတုတခုသာဖြစ်တယ်။
ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရရှိထားတယ်။
“စစ်တပ်နေရာ အများဆုံး သေဆုံး
၇.၉ ပြင်းအားရှိ ငလျင်ကြီးထပ်လှုပ်
မင်းအောင်လှိုင် ဘုရားပေါ်တက်တိုင်း ငလျင်လှုပ်နေ
အမျိုးသားရေး သသ်တပ် ဘောမ ထောင်ချီ သေဆုံး”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိနေတာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ “မိတ္တီလာမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ တိုက်တာနှင့်နေအိမ်များ ယိမ်း ထိုးသွား၍ မန္တလေး၊ ဝမ်းတွင်း အပါအဝင် မြို့ပြပြည်သူများ လမ်းပေါ်ပြေးဆင်းရ”ဆိုတဲ့ သတင်းနဲ့ တခြား သတင်းတွေကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိထားခြင်းဖြစ်တယ်။ မူလသတင်းမှာ ဒီငလျင်ကြောင့် လူသေဆုံးရမှုအကြောင်းလည်း ဖော်ပြချက်မပါဝင်သလို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေကလည်း သတင်းဖော်ပြချက်မတွေ့ရပါဘူး။
သုံးသပ်ချက်
“Mandalay Khit Thit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိပါတယ်။ နောက်ထပ် ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ အဓိက ငလျင်တခု ထပ်မံလှုပ်ခတ်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။
ပြောဆိုချက်- ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံး

Title:Fact Check: ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False