Fact Check: Voice of Mandalay ဖေ့စ်ဘွတ်စာမျက်နှာစီမံခန့်ခွဲသူ အဖြစ်ဖော်ပြ နေတဲ့ဓာတ်ပုံအမှား

Voice of Mandalay page ရဲ့ admin တစ်ဦးဖြစ်တဲ့ မယုဝေမြင့် မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေးခံထားရပုံဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ အဝါရောင် ရင်စေ့အင်္ကျီနဲ့ လှလှပပအမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံနဲ့ အခြားရိုက်နှက်ထုထောင်းခံ ထားရလို့ မျက်နှာမှာဖူးယောင်နေပြီး မျက်လုံးလုံးဝဖွင့်လို့မရဘဲ ဒူးထောက်လက်မြှောက်ပုံစံနဲ့ ဓာတ်ပုံရိုက်ခံထား ရသူတစ်ဦးရဲ့ဓာတ်ပုံတစ်ပုံပါဝင်ပါတယ်။  တစ်ပုံဟာ မယုဝေမြင့်အဖြစ်မှန်ကန်ပေမဲ့ ကျန်တဲ့တစ်ပုံဟာ ကလေးမှာ စစ်တပ်ရဲ့ဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ကိုနေသူထွန်း(ခ) ပုပုဖြစ်ပါတယ်။ “Voice of Mandalay page ရဲ့ admin လို့ စွပ်စွဲခံရတဲ့ Yuh Wai Myint ကို မနေ့က မန္တလေးမြို့မှာ ဖမ်းဆီးခံလိုက်ရပြီး လူမဆန်စွာ နှိပ်စက်စစ်ဆေး ခံထားရ❗ စက်တင်ဘာ ၁၄ #bahaninformation #DMZ”လို့ ရေးသားပြီး “Zaw […]

Continue Reading

Fact Check: မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတဲ့ သတင်းတု

မြဝတီမှာ လေယာဉ် ၂ စီး ပစ်ချခံရပြီး ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်သား ၃၀၀ ကျော်အဖမ်းခံရတယ်ဆိုတဲ့  ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၁၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၇၉၀၀၀ ကျော်ရရှိထားတယ်။  “လေယာဉ် ၂စီး မြဝတီမှာ ပစ်ချခံရ ဗိုလ်ချုပ် ၁ ဦးနဲ့ စစ်တပ် ၃၀၀ ကျော် အရှင်ဖမ်းဆီး ထိုင်းကိုထွက်ပြေးတဲ့ စစ်တပ် ၂၀၀ ကျော် ထိုင်းစစ်တပ်က အသေဖမ်းဆီး KNLA နဲ့ အမေရိကန် တပ် […]

Continue Reading

Fact Check: အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာ စစ်အုပ်စု ကြေညာတဲ့ သတင်းတု

အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာတွေ့ရတယ်။ သတင်းတုသာဖြစ်တယ်။ ယူကျူ့မှာ ဖြန့်ဝေထားတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  “တစ်နိုင်ငံလုံး အပစ်ရပ်စဲခြင်း စတင်ကြေညာ အချက် ၃ ချက် အတည်ပြု အမေရိကန်နဲ့ တရုတ် ဦးဆောင်မည် စစ်တပ်ထိန်းချုပ်မှု အောက်ကနေ လွတ်ရတော့မည် တစ်နိုင်ငံလုံး စစ်သံတိတ် ရတော့မည်” Original link | Archive link အချက်အလက်စိစစ်ချက် အမေရိကန်နဲ့ တရုတ်ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေး မြန်မာစစ်အုပ်စုက ကြေညာလိုက်တယ် ဆိုတဲ့ သတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။  ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အစိုးရ လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတု 

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်း နေပြည်တော်အစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဒီရက်ပိုင်း ပျံ့နှံ့မှု ပြန်လည်အားကောင်း နေတာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။  အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။အလားတူတဲ့ မျှဝေမှုကို ဒီချန်နယ်ကပဲ ဒီနေရာမှာမျှဝေထားတာလည်း တွေ့ရတယ်။  “အမှု အားလုံး ရုတ်သိမ်းကြောင်း ကြေညာ  အိန္ဒိယ ပြန်ရောက်လာတဲ့ မင်းအောင်လှိုင် နိုင်ငံတကာ ထောက်ခံမှု ရချင်လို့ ဒေါ်စုကို လွတ်ပေးဖို့ အမိန့်ကြေညာလိုက်ပြီ” Original link | Archive link နောက်ထပ် ယူကျူ့ချန်နယ်တခုမှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွပ်စွဲချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအကုန်လုံး ကင်းလွတ်ခွင့်ပေးပြီး ပြန်လွတ်လာပြီလို့လည်း ဆိုထားပါတယ်။  Original link […]

Continue Reading

Fact Check: သဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းပြောတဲ့ သတင်းတု

ငြိမ်းချမ်းရေးသဘောတူညီချက်အရ သမ္မတဦးဝင်းမြင့်ကို ရာထူးပြန်ပေးမယ်လို့ စစ်ခေါင်းဆောင်ဟောင်းက ပြောဆိုလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ သတင်းသာ ဖြစ်တယ်။ အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော ပျံ့နှံ့မှုအား‌ကောင်းနေတဲ့ ဒီလိုပြောဆိုဖြန့်ဝေ ထားတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။  “ငြိမ်းချမ်းရေး သဘောတူပြီဟု မအလ ထုတ်ဖော် သမ္မတ ဦးဝင်းမြင့်ကို ရာယူးပြန်ပေးမည်ဟုပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မည့်ရက် အတိအကျ ထုတ်ဖော်” Original link | Archive link အချက်အလက်စိစစ်ချက် ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ ဗွီဒီယိုဖြန့်ဝေထားတဲ့ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်တဲ့ သတင်းတု

တနိုင်ငံလုံး ခရီးသွားလာခွင့်ပိတ်သိမ်းလိုက်ပြီး ကားနဲ့အပြင်ထွက်သူတိုင်း ကို ဖမ်းဆီးဖို့ စစ်ကောင်စီ အမိန့်ထုတ်ကာ ဆီဆိုင်တွေလည်း ပိတ်သိမ်းလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြစ်တယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။ “တနိုင်ငံလုံး ခရီးသွားလာခွင့် ပိတ်သိမ်းပြီဟေ့ ကားနဲ့ အပြင်ထွက်တိုင်းဖမ်းဖို့အမိန့်ထုတ် ဆီပြတ်သွားလို့ ဆီဆိုင်အားလုံး ပိတ်ခိုင်းပြီတဲ့” Original link | Archive link အချက်အလက်စိစစ်ချက် ဆီဆိုင်အားလုံး ပိတ်ခိုင်းလိုက်ပြီး တနိုင်ငံလုံးခရီးသွားလာခွင့် ပိတ်သိမ်းကာ ကားနဲ့ အပြင်ထွက်တဲ့သူတိုင်းကို ဖမ်းဖို့ အမိန့်ထုတ်တယ်ဆိုတဲ့အကြောင်း သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက် မတွေ့ရပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ […]

Continue Reading

Fact Check: ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးတဲ့ သတင်းတု 

ဧပြီ ၁၃ ရက်က ပြင်းအား ၇ ဒဿမ ၉ ရှိတဲ့ ငလျင်ကြီးထပ်လှုပ်ပြီး စစ်တပ်က ထောင်ချီသေဆုံးခဲ့တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ဖေ့စ်ဘွတ်မျာ ပျံ့နှံ့မှုအားကောင်းခဲ့တာ တွေ့ရပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ယူကျူ့ ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။  ဒီဗွီဒီယိုဟာ တရက်အတွင်း ကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရရှိထားတယ်။ “စစ်တပ်နေရာ အများဆုံး သေဆုံး ၇.၉ ပြင်းအားရှိ ငလျင်ကြီးထပ်လှုပ် မင်းအောင်လှိုင် ဘုရားပေါ်တက်တိုင်း ငလျင်လှုပ်နေ အမျိုးသားရေး သသ်တပ် ဘောမ ထောင်ချီ သေဆုံး” Original link | Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြရာမှာ […]

Continue Reading

Fact Check: ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးဆိုတဲ့ သတင်းတု

ဗဟိုဘဏ်ဥက္ကဌကို စစ်ကောင်စီ ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ခေါင်းစဉ်တုတပ်ဗွီဒီယိုတခုသာဖြစ်တယ်။ အောက်ပါစာသားနဲ့စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားခြင်းဖြစ်ပါတယ်။  “ဗဟိုဘဏ်ဥက္ကဌ စစ်တပ် ဖမ်းဆီး ဘဏ်အပ်ငွေ(၅)ဘီလျံ စစ်သားတွေခိုးထုတ်နေပြီ ဒေဝါလီ ခံလိုက်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ဗွီဒီယိုဖြန့်ဝေထားတဲ့  “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး အခုလိုပဲ လိုအပ်သလို ခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိလေ့ရှိတယ်။ Fact Crescendo Myanmar ရဲ့ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဗဟိုဘဏ်ဥက္ကဌ […]

Continue Reading

Fact Check: ပြည်သူထံအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချဆိုတဲ့ သတင်း‌တု

ပြည်သူထံ ချက်ချင်းအာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကုလသမဂ္ဂအမိန့်ချလိုက်တယ်၊ စစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဆက်တိုက်ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။  အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီယူကျူ့ချန်နယ်ကပဲ အလားတူတဲ့ ဖြန့်ဝေမှုကို ထပ်မံ ဖြန့်ဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။ “လူထုကို ချက်ချင်းအာဏာပြန်ပေးဖို့အမိန့်ချ ကုလအထူးရဲ့လုပ်ပိုင်ခွင့်ထုတ်သုံးပြီ၊ ချက်ချင်းအာဏာလွှဲခိုင်းလို့ ဗိုလ်ချုပ်တွေ ကယောင်ကရမ်းဖြစ်ကုန်ပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲ တပ်ပြီး သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ရေးသားဖြန့်ဝေလေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ […]

Continue Reading

Fact Check: NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုဆိုတဲ့ သတင်းတု

NUG ကို တရားဝင်အစိုးရအဖြစ် ထိုင်းလွှတ်တော်အတည်ပြုလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ မတ် ၈ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရရှိ ထားတယ်။ “ထိုင်ပါလီမန် ကြေညာချက်ထုတ်ပြန်ပြီ NUG ကိုတရားဝင်အသိမှတ်ပြုဖို့ ထိုင်းပါလီမန်အတည်ပြု” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Mandalay Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လူမှုကွန်ယက်အသုံးပြုသူတွေရေးသားခဲ့တဲ့ အကြောင်းအ ရာတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေ နိုင်တဲ့ […]

Continue Reading