Fact Check:တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

False နိုင်ငံရေး | Politics

တရုတ်ကို ပညာပြတဲ့အနေနဲ့ အာရက္ခတပ်တော်(AA)က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်ပြီဆိုတဲ့  ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။ 

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။

“တရုတ်ကို အေအေ ပညာပေးပြီ ဓာတ်ငွေ့ ပိုက်လိုင်း AA ဖျက်ဆီးလိုက်ပြီ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အေအေ ဗုံးခွဲ ပျက်စီး၊ တရုတ် စစ်တပ်(၅ဝ) နီးပါး သေဆုံး၊အများပြား အရှင်းဖမ်းမိ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဓာတ်ငွေ့ပိုက်လိုင်းကို AA က ဖျက်ဆီးလိုက်ပြီဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Thadin” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို  ဒီလင့်ခ်မှာ ကြည့်ပါ။  ဒီလိုပဲ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ် ဟာလည်း ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ် အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး သတင်းခေါင်းစဉ်တုနဲ့ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဖြန့်ချိနေတာဖြစ်တယ်။  အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။  

အခုလည်း “Khit Thit Thadin”က ဓာတ်ငွေ့ပိုက်လိုင်းကို AA ‌ဖောက်ခွဲလိုက်ပြီလို့ ဆိုထားပေမဲ့  ဗွီဒီယိုထဲမှာ “မြင်းခြံမြို့နယ်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံး၊ ကျောက်ရုံးကြီးနဲ့ မဲရုံတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု”၊ “လောင်းလုံးတွင် မြို့မရဲစခန်းနှင့် မောင်းမကန်ရွာ မဲရုံတို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု”၊ “မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်တပ်ကို တိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံး”စတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လည် ကူးယူဖော်ပြပြီး သတင်း ခေါင်းစဉ်တုတပ်ထားတယ်။

ဒီလိုပဲ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က “ကျောက်ပြုပြီ AA အပြင်းထန် ထိုးစစ်ဆင်တိုက်ခိုက် ၊ တရုတ် ဓါတ်ငွေ့ ပိုက်လိုင်း ဖောက်ခွဲတိုက်ခိုက်ခံရ”ဆိုပြီး ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ အသံဖိုင်နဲ့ ဖတ်ကြားမှု မှာလည်း ဖော်ပြပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မရှိပါဘူး။ တရုတ်ပိုက်လိုင်းကို  AA က ‌ဖောက်ခွဲလိုက်ပြီးဆိုပြီး မကြာသေးခင်ကလည်း သတင်းတု ဖြန့်ချိခဲ့ပါသေးတယ်။ 

သုံးသပ်ချက်

ဗွီဒီယိုတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲလိုက်တယ်ဆိုတဲ့ အထောက်အထားလည်း မတွေ့ရှိပါဘူး။

ပြောဆိုချက်- တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က  ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲ

Avatar

Title:Fact Check: တရုတ်ကို ပညာပြတဲ့အနေနဲ့ AA က ဓာတ်ငွေ့ပိုက်လိုင်းကို ‌ဖောက်ခွဲတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *