
၁ ရက်အတွင်း သူတို့ကို အာဏာမလွှဲပေးရင် ဖမ်းထားတဲ့ တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ အာရက္ခတပ်တော်(AA)က ကြေညာဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။
နိုဝင်ဘာ ၂၃ ရက်က ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၇၈၀၀၀ကျော်ရှိထားတယ်။
“AA တပ်ချုပ်ရဲ့ နောက်ဆုံးသတိပေးချက်
လေယဉ်ပါသိမ်းပိုက်
(၁)ရက်အတွင်း AA ကို အာဏာမလွှဲပေးဘူးဆိုရင်
ဖမ်းထားတဲ့တိုင်းမှူးနဲ့ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်တဲ့ “
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက် မတွေ့ရပါဘူး။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒီလို ပြောဆိုတဲ့ အထောက်အထား လည်းမရှိပါဘူး။
တကယ်တမ်းမှာ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတုတွေ၊ သတင်းမီဒီယာတွေက ဖော်ပြချက်သတင်းတွေကို သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိမှုတွေလုပ်နေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ် ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။
သုံးသပ်ချက်
“Local Celegram” ယူကျူ့ချန်နယ်ဟာ လုပ်ကြံသတင်းတုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်ဆိုတဲ့အကြောင်းအပါအဝင် ၁ ရက်အတွင်း အာဏာပြန်လွှဲဖို့ AA စစ်ဦးစီးချုပ်က ပြောတဲ့အကြောင်း အထောက်အထား မတွေ့ရပါဘူး။
ပြောဆိုချက်- ၁ ရက်အတွင်း အာဏာ မလွှဲရင် တရုတ်ပိုက်လိုင်းနဲ့ တိုင်းမှူးကို ဖောက်ခွဲမယ်လို့ AA စစ်ဦးစီးချုပ်ပြော

Title:Fact Check: ၁ ရက်အတွင်း အာဏာမလွှဲပေးရင် တရုတ်ပိုက်လိုင်းကို ဖောက်ခွဲမယ်လို့ AA ကို ကြေညာဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False