အာရက္ခတပ်တော်(AA)က ကျောက်ဖြူမြို့ကို အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုကို ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“ကျောက်ဖြူမြို့ AA အပြီးသတ်သိမ်းပိုက်၊ စစ်ခွေး (၅၀၀)
ကျော် လက်နက်ချ ၊ AA ကလဲ့စားချေနေပြီ”

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမကို တုပထားပြီး သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး အချက်အလက်စိစစ်ချက်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ကျောက်ဖြူကို AA က အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုထားပေမဲ့ ဒီသတင်းကို ရခိုင်ဒေသအကြောင်း အထူးပြုရေးသားနေတဲ့ သတင်းဌာနတွေ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ) အပါအဝင် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိက ကျတဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်မရှိပါဘူး။
အာရက္ခတပ်တော်( AA)ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။ ရခိုင်ပြည်နယ်တခုလုံးနီးပါးကို သိမ်းပိုက်ထားနိုင်တဲ့ AA ဟာ ကျောက်ဖြူမြို့ကိုလည်း အပြင်းအထန်ထိုးစစ်ဆင်နေတယ်။
နိုဝင်ဘာထဲမှာပဲ အခုလို ကျောက်ဖြူမြို့ကို AA က သိမ်းပိုက်လိုက်ပြီလို့ အခုသတင်းတု ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်က ဖော်ပြခဲ့ပါသေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

အလားတူ ဗွီဒီယိုတွေ ဖြန့်ချိထားတဲ့ ချန်နယ်တွေကို ကြည့်မယ်ဆိုရင်လည်း ဒီချန်နယ်တွေဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေနဲ့ လုပ်ကြံပြောဆိုချက်တွေ ဖြန့်ချိတဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
ကျောက်ဖြူမြို့သိမ်းပိုက်လိုက်ပြီဆိုတဲ့ ဗွီဒီယိုတွေကို ယူကျူ့ချန်နယ်တွေက ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ကျောက်ဖြူမှာကို AA က အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထားလည်း မတွေ့ရှိပါ။
ပြောဆိုချက်- ကျောက်ဖြူမှာ AA သိမ်းပိုက်လိုက်ပြီ
Title:Fact Check: ကျောက်ဖြူကို AA အလုံးစုံသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False

