Fact Check: မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဒီဇင်ဘာ ၂၂ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၁ ဒဿမ ၅ သိန်းကျော်ရရှိထားတယ်။ 

“မင်္ဂလာဒုံလေတပ် UG တပ်ဖွဲ့ ရှော့တိုက်ဒုံး(၁၁)လုံးနဲ့ တိုက်ခိုက်

လေယာဉ်(၂)စီးပျက်စီး၊ အရာရှိကြီးတွေပါ သေကုန်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ရန်ကုန်ခေတ်သစ်မီဒီယာရဲ့ ယူကျူ့အမည်ကို တုပထားတဲ့ ဒီဗွီဒီယိုကိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့က သတင်းတွေကို သတင်းခေါင်းစဉ်တု တပ်ကာ ဖြန့်ချိလေ့ရှိ ပါတယ်။ ဒီချန်နယ်နဲ့ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။  

အခုလည်း မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်မှု သတင်းကို ပြီးခဲ့တဲ့နှစ်တွေအတွင်းက တိုက်ခိုက်ခဲ့တဲ့ သတင်းဖော်ပြချက်တွေ(လင့်ခ်၊ လင့်ခ်၊ လင့်ခ် နဲ့ လင့်ခ်)တွေ့ရပေမဲ့ ဒီရက်ပိုင်းမှာ အခုလို ရှော့တိုက်ဒရုန်း ၁၁ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ သတင်းမတွေ့ရပါဘူး။ 

၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ “တပ်တွင်းပြိုကွဲမှုကို စိုးရိမ်နေသည့် မင်းအောင်လှိုင် – စစ်ရေးအကျပ်အတည်းကြားမှ စစ်သားများကို အမြဲအသင့်ပြင် ခိုင်းနေ”၊ “အတုအယောင် ရွေးကောက်ပွဲတွင် စစ်တပ်က အနိုင်ကျင့်နေသည်ဟု ဝင်ပြိုင်မည့် ပါတီများ ငြီးတွားနေ”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး ခေါင်းစဉ် တုတပ် ဗွီဒီယိုတွေ ပြန်လည် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးသွားတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်အရင်းအမြစ်တွေမှာ ဖော်ပြချက် အထောက်အထားမတွေ့ရပါဘူး။

ပြောဆိုချက်- မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးသွား

Avatar

Title:Fact Check: မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး လေယာဉ် ၂ စင်း ပျက်စီးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *