လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ်က ဝေဖန်လိုက်ပြီး လေယာဉ်ဆီလည်း ဖြတ်တောက် လိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“စစ်တပ်ကို တရုတ်အရေးယူပြီ
လေယာဉ်အသုံးပြုခွင့် ပိတ်လိုက်ပြီ
ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို တရုတ်ပြင်းထန် ဝေဖန်
လေယာဉ်ဆီ ဖြတ်တောက်လိုက်ပြီ”
အချက်အလက်စိစစ်ချက်
ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီး ဖြစ်တယ်။ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုပါအကြောင်းအရာဟာ “မြန်မာစစ်အုပ်စုကို စစ်လေယာဥ်ရောင်းချနေသည့် တရုတ်လက်နက် ကုမ္ပဏီ AVIC မှရင်းနှီးမြှုပ်နှံမှုအားလုံးကို Airbus ပြန်ရုပ်သိမ်း”၊ “စစ်ကောင်စီက လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့”၊ “ငလျင်ဒဏ်ကြောင့် တက္ကသိုလ်ဝင်တန်းစာဖြေလွှာများ ပျက်စီးသွား၍ ပြန်လည်ဖြေဆိုရာတွင် မန္တလေးတိုင်းမှ ထက်ဝက်ကျော် ပျက်ကွက်”စတဲ့သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Mandalay khitThit”ဟာ မီဒီယာတချို့မှာဖော်ပြပြီး သတင်းတွေကို ကူးယူဖော်ပြပြီး ခေါင်းစဉ်တုတပ် ဖြန့်ချိတယ်။ ပြည်သူကို ဗုံးကြဲနေလို့ စစ်ကောင်စီကို တရုတ်က ဝေဖန်ပြီး လေယာဉ်ဆီ ဖြတ်တောက်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။
ပြောဆိုချက်- လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ်က ဝေဖန်လိုက်ပြီး လေယာဉ်ဆီ လည်း ဖြတ်တောက် လိုက်တယ်

Title:Fact Check: လူထုကို သတ်ဖြတ်နေလို့ မြန်မာစစ်တပ်ကို တရုတ် လေယာဉ်ဆီ ဖြတ်တောက်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False