Fact Check: ရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးအကုန်လုံး သတ်ဖြတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ 

“အရေးပေါ်သတင်းထူးကြီး

လူမျိုးရေကြေငြာပြီ     (၁၃)ရက်နေ့

ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ 

အကုန်ပစ်သတ်မည်ဟု မအလ အမိန့်ထုတ်ပြန်”

C:\Users\User\Downloads\Firefox_Screenshot_2025-01-13T10-16-04.567Z.png

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit thit channel”ဟာ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ  အကုန်ပစ်သတ်မည်ဟု စစ်ခေါင်းဆောင်က အမိန့်ထုတ်ပြန် လိုက်တယ်လို့ ဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာဟာ “ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ”ဆိုတဲ့ Western News က သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားတယ်။ ဒီသတင်းထဲမှာ တခြားတိုင်းရင်းသားတွေနည်းတူ ရခိုင်တွေကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး၊ မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းမရှိတာတွေကို ‌အဖမ်းခံရတဲ့ မိသားစုတွေကို ကိုးကားပြီး သတင်းဖော်ပြထားတယ်။ ဒါပေမဲ့ သေဆုံးမှုဖြစ်စေ၊ အသတ်ခံရတာဖြစ်စေ ဖော်ပြခြင်းမရှိဘဲ ဒီလို ဖမ်းဆီးခံရမှုတွေမှာ တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

ဒီလိုပဲ ၆ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ “မြိုင်မြို့ပေါ်ရှိ စစ်တပ် စခန်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို အရှင်ဖမ်းမိ”၊ “ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းမှ ရဲတပ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။

သုံးသပ်ချက်

ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ထုတ်ပြန်လိုက်တယ်ဆိုတာ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တယ်။ စစ်ကောင်စီက ရန်ကုန်မှာ ရခိုင်တွေကို ဦးတည်ပြီး တင်းတင်းကြပ်ကြပ်စစ်ဆေးတာ၊ ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်နေတဲ့ အကြောင်း သတင်းဖော်ပြချက်ကို လိုအပ်သလို လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးမှန်သမျှ အကုန်ပစ်သတ်မယ်လို့ စစ်ခေါင်းဆောင် အမိန့်ထုတ်

Avatar

Title:Fact Check: ရန်ကုန်မှာရှိတဲ့ ရခိုင်လူမျိုးအကုန်လုံး သတ်ဖြတ်ဖို့ စစ်ခေါင်းဆောင် အမိန့်ပေးတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *