Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

False နိုင်ငံရေး | Politics

ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးသွားတယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ။

အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

“အမေစု ကို ခိုး လွှတ်ပေးဖို့ လုပ်တဲ့ ဒုတပ်ချုပ် စိုးဝင်း

ရာထူးကနေဖြုတ်ချခံရပြီး သေဆုံးခဲ့ရလို့ လန့်ကုန်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိလေ့ရှိပါတယ်။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်မှာ ဒုစစ်ခေါင်းဆောင် သေဆုံးလို့ ဆိုထားပေမဲ့ အသံဖိုင်နဲ့ ဖတ်ကြားရာမှာတော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင်က စိုးဝင်းကို အရေးပါသော အစိုးရဝန်ကြီးဌာနဆိုင်ရာ အမျိုး သားအဆင့်ကော်မတီများနှင့်ဗဟိုကော်မတီများမှ ဖယ်ထုတ်”ဆိုတဲ့ သတင်းနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုသတင်းတွေကို ပြန်လည်ရောနှောကာ ‌ဖော်ပြထားတယ်။

ဒီအပြင် ဗွီဒီယိုထဲမှာဖော်ပြထားတဲ့ ဒုစစ်ခေါင်းဆောင် ဆေးရုံကုတင်ပေါ်က ဓာတ်ပုံတွေဟာ ဒီဂျစ်တယ် နည်းလမ်းနဲ့ ပြန်လည် ‌တည်ဖြတ်ထားခြင်းဖြစ်ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခံရစဉ်ကလည်း  သတင်းတွေမှာ‌ ဒဏ်ရာရရှိတဲ့ ဓာတ်ပုံတွေ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ 

သုံးသပ်ချက်

“The Daily Lens”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က ဖော်ပြချက် သတင်းတွေကို ပုံဖျက်ပြောဆိုပြီး လုပ်ကြံသတင်းခေါင်းစဉ်တွေတပ်ကာ ဖြန့်ချိတယ်။ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံးတယ်ဆိုတာ သတင်းတုဖြန့်ဝေနေခြင်းဖြစ်တယ်။ 

ပြောဆိုချက်- ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ခေါင်းဆောင်ကို အာဏာဖိဆန်လို့ လုပ်ကြံခံရပြီး သေဆုံး

Avatar

Title:Fact Check: ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း သေဆုံးမှု သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *