COVID-19 ရောဂါအမြစ်ပြတ်ကုသမယ့် တိုင်းရင်းဆေးဆိုတဲ့ သတင်းမှား

Coronavirus False ဆေးဘက်ဆိုင်ရာ၊ | Medical

“ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေး ရွှေမြန်မာဖော်ထုတ်လိုက်နိုင်ပြီ….(ဂုဏ်ယူစရာပါပဲဗျာ)”ဆိုတဲ့ခေါင်းစဉ်နဲ့ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

Fb linkFb link
Archive linkArchive link

ဝက်ဘ်ဆိုဒ်လင့်ခ်ကိုဖွင့်ကြည့်မယ်ဆိုရင် ပို့စ်မှာ သမ္မတရုံးကခွင့်ပြုပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို သွားရောက်ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပြီး ဆေးတံဆိပ်တစ်ခုကို မျှဝေထားတာတွေ့ရပြီး အောက်ပါအတိုင်း ပြောဆိုထားတာတွေ့ရပါတယ်။

“အရေးပေါ်အနေအထားအသက်ရှူစက်ကူနေရသူလူနာအား ၎င်းဆေးပေါင်းရည် .5 စီစီအားသွေးကြောတွင်း ထိုးသွင်းလိုက်ပါက ၅ မိနစ်အတွင်းအသက်ရှူကူစက်မလိုအောင်အသက်ရှူလာနိုင်မည် ပြီးလျှင်သိသိသာသာ သက်သာလာပါမည် မနက်နေ့လည်ည တစ်ရက်သုံးကြီမ်နှုန်းထိုးသွင်းကုသပါက သုံးရကမှငါးရက်အတွင်း ရောဂါ လုံးဝအလျှင်းပျောက်ကင်း နိုင်ပါသည်။ သာမန်ပိုးတွေ့လူနာများအားတစ်ကြိမ် လျှင်.5စီစီအား ပျားရည်စစ် လဘက်ရည်သောက်ဇွန်းတစ်ဇွန်းစာဖြင့်ရောစပ်၍ မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်ရက် နှစ်ကြိမ်နှုန်းဖြင့် ၃ရက်မှ၅ရက်တိုက်ကျွေးယုံနှင့်ရောဂါပိုးအလျှင်းပျောက် ကင်းစေရုံသာမက နောက်ထပ်မည်သို့မျှရောဂါပိုး ထပ်မံမကူးစက်နိုင်တော့ပါ ရောဂပိုးကူးစက်ခံရခြင်းမရှိသေးသူများ.5စီစီကိူပျားရည် ဖြင့်တစ်ကြိမ်ကြိုတင် ကာကွယ်သောက်သုံးထားယုံဖြင့် ရောဂါပိုးကူးစက်နိုင်ခြင်းလုံးဝမရှိအောင်ကာကွယ်ထားနိုငိပါသည် ယခုပို့စ်တင် သူကိုယ်တိုင်ကာကွယ်ဆေးသောက်ထားပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာယခင်နှင့်မတူသိသိသာသာကျန်းမာ ကြံ့ခိုင်လာပါသည်”လို့ ရေးသားထားပါတယ်။

LinkLink
Archive linkArchive link

အချက်အလက်စိစစ်ချက်

တိုင်းရင်းဆေးပညာဉီးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်း(ဆေးဝါး/ဉယျာဉ်) ကတော့ Fact Crescendo Myanmar ကိုအောက်ပါအတိုင်းပြောပါတယ်။

“ (နေမင်းလမင်းြသသဓ)အဲဒီဆေးတော့မရောက်သေးဘူး။ ကျန်တဲ့ဆေးတွေတော့ သဘောထားတောင်း ခံထား တာရှိပါတယ်။  အဲဒီလိုရောက်လာတာတွေကို Board of Directors နဲ့ထိုင်ပြီးတော့ သဘောထားမှတ်ချက်ကို ပြည်ထောင်စုဝန်ကြီးရုံးကို ပြန်တင်ရပါတယ်။စိစစ်နေတယ်ဆိုတာထာထက် သဘောထားမှတ်ချက် တောင်းတော့ လာသမျှကိုတော့ တစ်ဉီးထဲဆုံးဖြတ်ချက်မဟုတ်ဘဲနဲ့ ပညာရှင်အားလုံးရဲ့ ဆုံးဖြတ်ချက်ကို ယူပြီးတော့ ပြည်ထောင်စုဝန်ကြီးရုံးကို ပြန်တင်ပြထားရှိပါတယ်။ အဲဒီဆေးအမည်နဲ့ရောက်လာ တာတော့မရှိ သေးပါဘူး”လို့ ဒေါက်တာမြင့်မြင့်သန်းကပြောပါတယ်။

ဒီလိုသဘောထားမှတ်ချက်ပေးတယ်ဆိုတာဟာ ခွင့်ပြုတယ်ဆိုတဲ့ဆုံးဖြတ်ချက်မျိုးမဟုတ်ဘူးလို့လည်း ဒေါက်တာမြင့်မြင့်သန်းကပြောပါတယ်။

တိုင်းရင်းဆေးပညာဉီးစီးဌာနကလည်း ဒီလိုသတင်းမျိုးထုတ်ပြန်ထားတာမတွေ့ရှိရပါဘူး။ တိုင်းရင်းဆေး ပညာဉီးစီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

ကျန်းမာရေးဝန်ကြီးဌာနရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေမှာလည်း တိုင်းရင်းဆေးနဲ့ စမ်းသပ်ကုသတယ် ဆိုတဲ့သတင်းတစ်စုံတစ်ရာထုတ်ပြန်ချက်မတွေ့ရှိရပါဘူး။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါ တယ်။

MOHS

ဆေးဝါးအတော်များများနဲ့ စမ်းသပ်ကုသမှုတွေလုပ်နေတာတွေရှိပေမဲ့ COVID-19 ကိုကုသနိုင်၊ကာကွယ်နိုင်တဲ့ ဆေးဝါးတစ်စုံတစ်ရာမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ တိုင်းရင်းဆေးတစ်မျိုးမျိုးနဲ့ COVID-19 လူနာတွေကို စမ်းသပ်ကုသခဲ့တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဒီလိုပဲ ပျံ့နှံ့နေတဲ့ ပို့စ်မှာပါတဲ့ “နေမင်းလမင်း ြသသဓ”ဆိုတဲ့ ဆေးကိုလည်း တိုင်းရင်းဆေးပညာဉီးစီးဌာနဘက်က သဘောထားမှတ်ချက်ပေးထားတာမျိုးလည်းမရှိသေးတာတွေ့ရတဲ့အတွက် သတင်းတုသတင်းမှားအဖြစ် သတ်မှတ်ပါတယ်။

Avatar

Title:COVID-19 ရောဂါအမြစ်ပြတ်ကုသမယ့် တိုင်းရင်းဆေးဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *