Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံတကာ၊ | International

ကမ္ဘာတစ်လွှားမှာ မေ ၂၀ ရက်နေ့အထိ COVID-19  ရောဂါဟာ လူ ၅ သန်းဝန်းကျင်ကူးစက်ခဲ့ပြီး ကူးစက်ခံရသူတွေထဲမှာ လူ ၃ သိန်း ၂ သောင်းထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။

COVID-19 ရောဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေးကူးစက်နိုင်တယ်ဆိုတဲ့ သာဓကအနေနဲ့  ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံများရဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာတွေရှိပါတယ်။

ဒီလိုအခြေအနေမျိုးကြောင့်ပဲ “Trump တော့ posstive ဖြစ်သွားပြီ”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဖော်ပြထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

Google မှာ “fox news trump tested with covid-19”လို့ရိုက်ရှာရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။

အမေရိကန်သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရဘဲ မေ ၇ ရက်က ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာဆောင်ရွက်ပေးရသူထဲက တစ်ယောက်ယောက်ဖြစ်တဲ့ အမေရိကန်ရေတပ်က အရာရှိတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပြီး သူဟာ ထရမ့်အပါအဝင် ဒုတိယသမ္မတနဲ့ ထိစပ်မှုရှိ တဲ့အတွက် ထရမ်နဲ့ ဒုတိယ သမ္မတကိုလည်း ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးခဲ့ရာမှာ အဖြေမှာ မရှိကြောင်း အဖြေထွက်ခဲ့တယ်လို့ Fox သတင်းမှာဖော်ပြခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာဝင်ရောက်လေ့ လာနိုင်ပါတယ်။

Fox News

ဒီလိုပဲ ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာဆောင်ရွက်ပေးသူ စစ်တပ်အရာရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး စီအင်အင်သတင်းဌာနက ဖော်ပြချက်နဲ့ သမ္မတထရမ့်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ နေ့စဉ် စစ်ဆေးမှုတွေလုပ်နေတယ်ဆိုပြီးတော့ စီအင်အင်သတင်းဌာနက တင်ဆက်ထားတဲ့သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

အလားတူ သမ္မတထရမ့်ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိ နေ့စဉ်စစ်ဆေးမှုတွေလုပ်ခဲ့ရာမှာ စစ်ဆေးမှုတိုင်းမှာ ပိုးမရှိအဖြေထွက်ကြောင်း ဆင်ဟွာသတင်းဌာနက မေ ၁၉ ရက်မှာ ရေးသားထားတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Xinhuanet

“Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေခဲ့တဲ့ ၈ စက္ကန့်ကြာသတင်းဟာ မူလ FOX သတင်းဌာနက တင်ပြခဲ့ တဲ့ ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာဆောင်ရွက်ပေးရသူထဲတစ်ဉီး ကူးစက်ခံရသူအကြောင်း ကြေညာစဉ်က အချိန် ၁၄ စက္ကန့်အကြာမှာ မြင်ရတဲ့ မြင်ကွင်းနဲ့ ထပ်တူကျနေတာတွေ့ရပါတယ်။

FOX သတင်းဌာနက တင်ပြခဲ့တဲ့ ၂ မိနစ်နဲ့ ၃၂ စက္ကန့်ရှည်လျားတဲ့ ဗွီဒီယိုဖိုင်နဲ့ Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေခဲ့တဲ့ ၈ စက္ကန့်ကြာသတင်းအောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

https://www.facebook.com/donald.myat/videos/3447023951994204/

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေ သမ္မတထရမ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ အထောက်အထားမတွေ့ရဘဲ မေ ၇ ရက်က သမ္မတထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာဆောင်ရွက်ပေးတဲ့ စစ်တပ်က အရာရှိတစ်ဉီး ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရကြောင်း Fox ရဲ့ သတင်းကြေညာချက်ကို သမ္မထရမ်ကူးစက်ခံသလို ဗွီဒီယိုကို ပြန်လည်တည်း ဖြတ်ထားခြင်းဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *