Fact Check: ထရမ့် NLD တံဆိပ်ဦးထုပ်ဆောင်းပြီး မဲပေးပို့တိုက်တွန်း ခဲ့သလား-မဟုတ်ပါ

အမေရိကန်သမ္မတထရမ့် NLD စာသားနဲ့ ဦးထုပ်ဆောင်းထားတဲ့ပို့စ်ကို လူမှုကွန်ယက်မှာ ဖြန့်ဝေနေတာ တွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ “အနိုင်ရရှိသွားတဲ့ Trump က မြန်မာပြည်သူပြည်သားတွေအားလုံး NLDကိုမဲပေးကြပါတဲ့” လို့လည်း ရေးထားပြီး ထရမ့်ဟာ “NLD”လို့ရေးသားထားတဲ့ အဖြူရောင်စာသားပါ အနီရောင်ဉီးထုပ် ကိုလည်း ဆောင်းပြီး လက်မထောင်နေပုံလည်း ပါဝင်ပါတယ်။ ထရမ့်ဆောင်းထားတဲ့ အနီရောင်ဉီးထုပ်မှာ “NLD”လို့ ရေးသားထားတဲ့ စကားလုံးဟာ မူရင်းဓာတ်ပုံကို ပြုပြင် တည်းဖြတ်ထားတာတွေ့ရပြီး ထရမ့်   NLD ကိုမဲပေးပါလို့ပြောခဲ့တဲ့အထောက်အထား Fact Crescendo Myanmar အနေနဲ့မတွေ့ရှိရပါတယ်။  မူရင်းလင်ခ့် – Fb link  |  Archive link အချက်အလက်စိစစ်ချက် ပထမဆုံး အမေရိကန်သမ္မတထရမ့်ရဲ့ ဓာတ်ပုံကိုရှာကြည့်ရာမှာ ဒီဓာတ်ပုံကို သတင်းဓာတ်ပုံတင်တဲ့ Getty Images […]

Continue Reading

Fact Check: အမေရိကန်ဖွဲ့စည်းပုံဉပဒေမှာ သမ္မတက ခရစ်ယာန်ဖြစ်ရမယ်လို့ ပြဌာန်းထားသလား-မဟုတ်ပါ

အမေရိကန်မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာဝင်သာဖြစ်ရမည်လို့ ဉပဒေနဲ့ ဘာသာရေးကို ကန့်သတ်ထားတယ်ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်အသုံးပြုသူတွေအကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ မျှဝေလျက်ရှိတဲ့ ပို့စ်မှာ အမေရိကန်အခြေခံဉပဒေ ၅၉(စ)မှာ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ခရစ်ယာန်ဘာသာ ဝင်သာဖြစ်ရမှာဖြစ်သလို သမ္မတအိမ်ဖြူတော်မှာ ခရစ်ယာန်ကလွဲလို့ အခြားဘာသာဝင်တွေ တာဝန်ထမ်းဆောင်ခွင့်မရှိဘူးဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။ ဒီပို့စ်တွေဟာ သတင်းမှားတွေဖြစ်တာ Fact Crescendo Myanmar ကတွေ့ရပါတယ်။ အမေရိကန်ဖွဲ့အစည်းပုံ အခြေခံဉပဒေမှာ သမ္မတအပါအဝင် အစိုးရဝန်ထမ်းဖြစ်ဖို့အတွက် ဘာသာရေးယုံကြည်မှုကို ထုတ်ဖော်ပြောကြား ရန် မလိုအပ်တာတွေ့ရပါတယ်။ လူမှုကွန်ယက်အသုံးပြုတွေကြားမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို “Kyaw Moe Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၅၄၀ ရှိပါတယ်။ သို့သော်လည်း ဒီပို့စ်အောက်က မှတ်ချက်တွေကို ကြည့်မယ်ဆိုရင် မယုံကြည်သူအများအပြားရှိပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

ဂျင်းက COVID-19 ကိုကာကွယ်ကုသနိုင်တဲ့ အထောက်အထားမရှိပါ

ဂျင်းက COVID-19 ကာကွယ်ကုသနိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်မှာ ဂျင်း ဆားပြုတ်ရည်ကို နာရီဝက်လောက်ကြိုသောက်ထားမယ်ဆိုရင် COVID-19 ပိုးမတွေ့ နိုင်ဘူးလို့လည်း ပြောကြားထားပြီး “ဂျင်း၊ဆားပြုတ်ရည်ဟာ လည်ချောင်းဝ၊ ချွဲအရည်ကြည်မှာ ပိုးကို ခိုကပ်အား မယူနိုင်အောင်၊ ကြာရှည် မနေနိုင်အောင် မောင်းထုတ်နိုင်တယ်ဆိုတာမျိုး ဖြစ်ဖို့များပါတယ်။ သူကြာကြာ မနေနိုင်ရင် ပွားများလာပြီး အဆုတ်နဲ့ ခန္ဓာကိုယ်ကို ဆက်တိုက်ခိုက်ဖို့ အင်အားလျော့နည်းသွားစေတဲ့ သဘောဖြစ်ပါတယ်”လို့ “Min Han”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကရေးသားမျှဝေထားတွေ့ရပါတယ်။ Link Archive link တကယ်တော့ ဒီလိုပြောဆိုချက်ဟာ ကိုယ်ပိုင်ယူဆချက်တစ်ခုဟာဖြစ်ပြီး ဆေးဘက်ဆိုင်ရာမှာ ကာကွယ်ကုသနိုင်တယ်ဆိုတဲ့အထောက်အထားမျိုးမရှိတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အမေရိကန်အမျိုးသားသိပ္ပံအဖွဲ့အစည်းက ဂျင်းကို စားတာဖြစ်စေ ဂျင်းလက်ဖက်ရည်ကို သောက်တာဖြစ်စေ ဂျင်းပါတဲ့ဆေးလုံးကို စားတာဖြစ်စေ ဂျင်းမှုန့်ကို ရှူတာ၊ အစားထဲမှာ […]

Continue Reading

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ မှာ ထိုးမယ်ဆိုတာမဟုတ်ပါ

အမေရိကန်မှာ COVID-19 ကာကွယ်ဆေး လူသန်း ၂၀၀ ကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ထိုးမယ်ဆိုတဲ့ ပို့စ်တစ်ခု ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “အောက်တိုဘာ 22 Covid19 ကာကွယ်ဆေး USA မှာလူသန်း 200စထိုးပြီ..CNN”လို့ “Lwin Moe”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားထားပြီး ဒီသတင်းကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေခဲ့ကြ တာတွေ့ရပါတယ်။ Link Archive link အချက်အလက်စိစစ်ချက် Google မှာ “us covid-19 vaccine on october 22 cnn”လို့ အဓိကကျတဲ့စကားလုံးတွေကို ရိုက်ရှာမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ COVID-19 ကာကွယ်တားဆီးရန်အလားအလာကောင်းများ ကာကွယ်ဆေးတွေအတွက် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်ချထားပေးခြင်းတွေကို အားဆွေးနွေးဖို့အတွက် ၂၀၂၀၊ အောက်တိုဘာ ၂၂ ရက်တွင်ကာကွယ်ဆေးနဲ့ […]

Continue Reading

ဆန္ဒပြသူတွေရှေ့မှာ အမေရိကန်ကရဲတွေ ဒူးထောက်တာဟာ တောင်းပန်တာမဟုတ်ပါ

မေ ၂၅ ရက်က အမေရိကန်နိုင်ငံ မီနီယာပိုလိစ်မှာ ရဲဖမ်းဆီးစဉ်အတွင်း အာဖရိကဖွားအမေရိကန်အမျိုးသား ဂျော့ဖလွိုက်(George Floyd) သေဆုံးခဲ့ရမှုအပေါ် စိတ်ဆိုးဒေါသထွက်နေကြသူတွေက အမေရိကန်တစ်ဝှမ်းမှာ ဆန္ဒပြနေကြပြီး ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတစ်ချို့ရှိသလို အကြမ်းဖက်ဖျက်ဆီးမှုတွေလည်းရှိခဲ့ပါတယ်။ ဝါရှင်တန်၊လော့အိန်ဂျလိစ်၊ချီကာဂို၊မီယာမီ၊ဒက်ထရွိုက်၊ဖိလဒယ်ဖီးယားစတဲ့ မြို့ကြီးပေါင်း ၄၀ ထက်မနည်းမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “ဖလော်ရီဒါပြည်နယ် မီယာမီမြို့က ရဲတပ်ဖွဲ့ဝင်တွေဟာ ဒေါသထွက်နေတဲ့ဆန္ဒပြည်သူ တွေကို ငြိမ်းချမ်းစွာ ဒူးထောက်၍ အသနားခံတောင်းပန်နေ”ဆိုတဲ့ ပို့စ်တစ်ခုကို  extramm.com အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ရေးသားထားတာတွေ့ရပါတယ်။ Link Archive link “ခွန်အားရှိသော စာပေများ” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “WT Kaung”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူလည်း ပြန်လည်မျှဝေထားသလို “Su Su San” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း မျှဝေထားတာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ရဲအရာရှိကြီးငယ်တွေက အုပ်စုလိုက် ဒူးထောင်နေကြတာတွေ့ရပါတယ်။ ဒီလိုမျှဝေထားတဲ့ […]

Continue Reading

Trump ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ကမ္ဘာတစ်လွှားမှာ မေ ၂၀ ရက်နေ့အထိ COVID-19  ရောဂါဟာ လူ ၅ သန်းဝန်းကျင်ကူးစက်ခဲ့ပြီး ကူးစက်ခံရသူတွေထဲမှာ လူ ၃ သိန်း ၂ သောင်းထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ COVID-19 ရောဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မြန်ဗိုင်းရပ်စ်အမျိုးအစားတစ်ခုဖြစ်ပြီး ဆင်းရဲချမ်းသာ အဆင့်အတန်းမရွေးကူးစက်နိုင်တယ်ဆိုတဲ့ သာဓကအနေနဲ့  ဗြိတိန်ဝန်ကြီးချုပ်အပါအဝင် နိုင်ငံများရဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်တစ်ချို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာတွေရှိပါတယ်။ ဒီလိုအခြေအနေမျိုးကြောင့်ပဲ “Trump တော့ posstive ဖြစ်သွားပြီ”ဆိုပြီးတော့ ဗွီဒီယိုတစ်ခုကို “Win Myat”အမည်နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူက ဖော်ပြထားတာတွေ့ရပါတယ်။ Fb link Archive link အချက်အလက်စိစစ်ချက် Google မှာ “fox news trump tested with covid-19”လို့ရိုက်ရှာရာမှာ အောက်ပါအတိုင်းတွေ့ရပါတယ်။ အမေရိကန်သမ္မတထရမ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတစ်စုံတစ်ရာမတွေ့ရဘဲ […]

Continue Reading

အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့သတင်းမှား

ဧပြီ ၁၃ ရက်အထိ အမေရိကန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူဉီးရေ ၅၂၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၀၀၀၀ ကျော်ရှိလာပြီး ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အဆိုးရွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရင်ဆိုင်နေရပါတယ်။ ဧပြီ ၁၃  တစ်ရက်ထဲမှာပဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၉၂၈ ယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်မှာ ပြည်သူတွေကို တမာရွက်ခြောက် လိုက်လံဝေငှနေတယ်ဆိုတဲ့ ပို့စ်တစ်ခုကို “ဟာသရပ်ကွက် (၂)” အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ “Shwe Yote Min Mu”အမည်နဲ့ လူမှုကွန်ယက်သုံးစွဲသူက မျှဝေထားတာတွေ့ရပါတယ်။ “အမေရိကန် ပြည်ထောင်စုတွင် ပြည်သူများအား တမာရွက်ခြောက်များ လိုက်လံဝေငှနေတာဖြစ်ပါတယ်။ မြန်မာပြည်က ဆေးနည်း ကမ္ဘာကျော်ခဲ့ပါပြီ။မောင်လေး တမာရွက်စားပေးရတယ်ဆိုတဲ့ အသံပိုင်ရှင်အမကြီးကိုလဲ  နိုဘယ်ဆုပေးဖို့ လိုက်ရှာနေတယ်လို့ သတင်းရပါတယ်”ဆိုပြီးတော့ မျှဝေထားတာဖြစ်ပါတယ်။  Fb link Archive link […]

Continue Reading