လူသတ်မှုနဲ့စွဲချက်တင်ခံရတဲ့ ကလေးပုံကို နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူအဖြစ်ဖော်ပြနေတဲ့သတင်းမှား

False နိုင်ငံတကာ၊ | International

အချုပ်သားဝတ်စုံနဲ့ကလေးငယ်တစ်ဦး တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ပုံကို ငွေကြေးကြပ်တည်းတဲ့ မိသားစုက မိဘကို သိတတ်တဲ့ ကလေး၊ နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ရသူ အဖြစ်ဖော်ပြ နေတဲ့သတင်းမှားတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

ပို့စ်မှာ “၁၅) နှစ်အရွယ်ကလေးဟာ စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။ အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။ ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။ ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို တရားသူကြီးက မေးတော့တယ်”စသည်ဖြင့်အစပျိုးထားပြီး တရားသူကြီးနဲ့ ကလေးကြားအမေးအဖြေပုံစံနဲ့ ရေးသားထားတာဖြစ်ပါတယ်။ ကလေးဟာ နေမကောင်းတဲ့ အမေကိုပြုစု နေသူဖြစ်ပြီး ပိုက်ဆံအတွက် အလုပ်လုပ်တော့ အလုပ်ကထုတ်ခံလိုက်ရ ပိုက်ဆံလိုက် ချေးတော့လည်း ချေးမရတဲ့နောက် ကြံရာမရအဆုံး စတိုးဆိုင်ကနေ ပေါင်မုန့်နဲ့ ဒိန်ခဲကို အမေအတွက် ခိုးခဲ့ရတာလို့  ကလေးက ပြန်လည် ဖြေကြားပြီးနောက်မှာ တရားသူကြီး တရားခွင်ထဲက သူတွေကို ကလေးအတွက် တစ်ယောက် ၁၀ ဒေါ်လာစီပေးကြဖို့၊ မပေးဘဲ ဘယ်သူမှ တရားခွင်ထဲက ထွက်ခွင့်မပြုကြောင်း အမိန့်ချမှတ်လိုက်တယ်စသည်ဖြင့် ရေးသားထားပါတယ်။

Fb linkArchive link

အလားတူ gugugargar.com အမည်နဲ့ဝက်ဆိုဒ်မှာလည်းဖော်ပြထားတာတွေ့ရပါတယ်။

တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ကလေးက စတိုးဆိုင်ကနေ အမေအတွက်ပေါင်မှုန့်ခိုးခဲ့လို့ အမှုရင် ဆိုင်နေရ တာလား။ မဟုတ်တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တရားခွင်မှာ အချုပ်ဝတ်စုံနဲ့ကလေးအမှုရင်ဆိုင်နေရတဲ့ ပုံကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြရှာ မယ်ဆိုရင်အောက်ပါအတိုင်းတွေ့ရပါတယ်။ 

တရားခွင်မှာ အမှုရင်ဆိုင်နေရတဲ့ကလေးဟာ ၂၀၁၂ ခုနှစ်ထဲမှာ လူသတ်မှုနဲ့စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ ဓာတ်ပုံမှာပါတဲ့ ဓာတ်ပုံစာညွှန်းအရ ဂျက်ဆင်ဗီးလ်မြို့မှာ လူသတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ အသက်ငယ်ဆုံး အမှု ဖြစ်လာတဲ့ ၁၂ နှစ် အရွယ် ခရစ္စတီယန်ဂျိုအန်ဖာနန်ဒက်ကို ဇွန် ၂ ရက်ကစွဲချက်တင်ခံရတဲ့ မြင်ကွင်းပုံဖြစ်တာ တွေ့ရပါတယ်။ “သူဟာ အသက် ၂ နှစ်အရွယ် ညီဖြစ်သူ ဒေးဗစ်ဂါလာရာဂါကို သေတဲ့အထိ ရိုက်နှက်ခဲ့မှုနဲ့ စွဲချက်တင်ခံခဲ့ရတာဖြစ်တယ်။ ဒေးဗစ်ဂါလာရာဂါဟာ ဦးခေါင်းခွံကွဲ၊ ဦးနှောက်သွေးယို၊ ဘယ်ဘက်မျက်လုံးနဲ့ နှာခေါင်းမှာ ထိခိုက်ဒဏ်ရာတွေနဲ့ မတ်လမှာ သေဆုံးသွားခဲ့တယ်”စသည်ဖြင့် ရေးသားထားပါတယ်။ အောက်ပါလင့်ခ် တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ အချုပ်သားဝတ်စုံနဲ့ကလေးငယ်တစ်ဦး တရားခွင်မှာ တရားရင်ဆိုင်နေရတဲ့ ပုံဟာ ငွေကြေးအကြပ်အတည်းကြောင့် ကြံရာမရဖြစ်ပြီးနောက် နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့မှုနဲ့ အမှုရင်ဆိုင်ရသူမဟုတ်ဘဲ လူသတ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ကလေးငယ်ဖြစ်တာတွေ့ရပါတယ်။

Avatar

Title:လူသတ်မှုကျူးလွန်မှု စွဲချက်တင်ခံရတဲ့ ကလေးပုံကို နာမကျန်း မိခင်အတွက် ပေါင်မုန့်နဲ့ ဒိန်ခဲခိုးခဲ့ ရသူအဖြစ်ဖော်ပြနေတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *