သဲကုန်းက COVID-19 စစ်ဖို့ နှာခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ကလေးပုံကို မြောက်ဦးက ၂ လသမီးအရွယ်ကလေးအဖြစ်သတင်းမှားဖြန့်
သဲကုန်းမြို့က COVID-19 စစ်ဖို့ နှားခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ ကလေးငယ်တစ်ဦးပုံကိုရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လသမီးအရွယ်ကလေးအဖြစ် လူမှုကွန်ယက်အသုံးပြုသူတွေအကြားမှာ ပျံ့နှံ့ လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံအုပ်ကြီးကပြောပါတယ်စသည်ဖြင့်ေရးသားထားတဲ့သတင်းကို 7day အမည်နဲ့ဝက်ဘ်ဆိုဒ်တစ်ခုက မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။
ဒီသတင်းကို ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
သဲကုန်းမြို့နယ် ကျန်းမာရေးလှုပ်ရှားမှုတွေနဲ့ ဆေးရုံရဲ့ ဆောင်ရွက်ချက်တွေကို ဖော်ပြနေတဲ့ “သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ်သမီးအဖြစ်ဖော်ပြနေတဲ့ ဒီကလေးငယ်ရဲ့ပုံကို တင်ထားတာတွေ့ရပါတယ်။
“25-8-2020 (၁၃) ကြိမ်မြောက်မှာကံကောင်းနိုင်ပါ့မလား ယနေ့စစ်တွေ ပြန်(၁) ဦးအပါအဝင် စုစုပေါင်း(၁၃) ကို ကိုဗစ်နမူနာရယူလိုက်ပါပြီ မနက်ဖြန်ပို့ပါမည်”စသည်ဖြင့်ရေးသားပြီး ြသဂုတ် ၂၅ ရက်မှာ သဲကုန်းမြို့နယ်ပြဘ်သူ့ဆေးရုံအမည်နဲ့စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထားပါတယ်။
ြသဂုတ် ၂၅ ရက်နေက ြသဂုတ် ၂၉ ရက် မနက် ၈ နာရီအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 အတည်ပြုလူနာ သတင်းထုတ်ပြန်ချက်အရ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်မှာ အတည်ပြုလူနာမရှိသေး တာလည်း တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ဦးက COVID-19 အတည်ပြုလူနာ ၂လအရွယ် သမီးအဖြစ်ဖော်ပြနေတဲ့ ဒီကလေးငယ်ဟာ သဲကုန်းမြို့က COVID-19 စစ်ဖို့ နှားခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ ကလေးငယ်တစ်ဦးပုံဖြစ်တာတွေ့ရပါတယ်။
Title:သဲကုန်းက COVID-19 စစ်ဖို့ နှာခေါင်းတို့ဖက်နမူနာယူခဲ့တဲ့ကလေးပုံကို မြောက်ဦးက ၂ လသမီးအရွယ်ကလေးအဖြစ်သတင်းမှားဖြန့်
Fact Check By: Nayar MaungResult: False