Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ယခုရက်ပိုင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ ဆိုထား ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

အောက်ပါစခရင်ရှော့ကတော့ ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု လက်ရှိစစ်ခေါင်းဆောင်က ကြေညာ လိုက်တယ်လို့ဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ အလားတူတဲ့ နောက်ထပ်ဖြန့်ဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။

“ဗိုလ်ချုပ်ဟောင်း သန်းရွှေ သေဆုံးမှု

မင်းအောင်လှိုင် ကြေငြာလို့ လန့်ကုန်ပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-05-28T06-15-38.935Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေ ဒါမှမဟုတ် သတင်းတွေကို ခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း  ဗွီဒီယိုထဲမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အစည်းအဝေးမှာ ကြေညာလိုက်လို့ တနိုင်ငံလုံးက အံ့ဩခဲ့ရတယ်လို့ ဆိုထားပေမဲ့ ဒီအကြောင်းအရာကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖြစ်စေ ‌ဖော်ပြချက် မတွေ့ရပါဘူး။ 

သုံးသပ်ချက်

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးမှုဆိုတဲ့ အကြောင်းအရာဟာ  ‌ဖေ့စ်ဘွတ်အပါအဝင် ယူကျူ့မှာ မကြာခဏ ဖြန့်ဝေလေ့ရှိတဲ့အကြောင်းအရာဖြစ်ပြီး ဖြန့်ဝေတိုင်းမှာ ပြည်သူလူထုအကြား ရေပန်းစားပါတယ်။ အခုလည်း စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးမှုဆိုပြီး လုပ်ကြံ ရေးသားပြောဆိုမှုတွေ ဖော်ပြလေ့ရှိတဲ့ Local Celegram က ဖော်ပြခြင်းဖြစ်ပြီး ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တွေမှာဖော်ပြချက်မရှိတာ တွေ့ရပါတယ်။ 

ပြောဆိုချက်- စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးသွားပြီ

Avatar

Title:Fact Check: စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *