
နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ(နစက)ဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်လို့ဆိုတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေ တာတွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“နစက ဖျက်သိမ်းရန် သဘောတူပြီ
ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရ ဖွဲ့မည်
ကြားဖြတ် သတင်းကြီး နေပြည်တော်မှာ ပျံ့နှံ့”

မူရင်းလင်ခ့် – Original link | Archive link
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Mandalay Khithit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာတွေလုပ်တဲ့နေရာတခု ဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း တကယ်တမ်း ဗွီဒီယိုအစ စစ်ကောင်စီကို ဖျက်သိမ်းဖို့ သဘောတူပြီးနောက် သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရအသစ်ဖွဲ့မယ်ဆိုပြီး ပြောဆိုရေးသားထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ် တခုတလေကမျှ ဖော်ပြချက်မတွေ့ရပါဘူး။ ဒီလိုပြောဆိုရေးသားဖြန့်ဝေထားတဲ့ ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုတခုလုံးမှာ ဒီသတင်း မပါဝင်ဘဲ တကယ်တမ်း ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့ သတင်းတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “နေပြည်တော်တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးစကား၀ိုင်း ကျင်းပနေမှု အဆိပ်ပင်ရေလောင်းသော အလုပ်မရှိ ကြောင် ရေချိုးသည့် လုပ်ရပ်ဟု KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး ဝေဖန်ရှုတ်ချ”၊ “ဗန်းမော်တိုက်ပွဲတွင် အမှတ် ၃ ဝန်တင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မြင့်ထွေးက တပ်သားများကို စစ် ဆင်ရေး စရိတ်နှင့် လစာများ မပေးဘဲ စစ်တိုက်ခိုင်းဟု အလင်းဝင်လာသော စစ်သား ၃ ဦးက ပြောဆို”၊ “ထိုင်း-မြန်မာနယ်စပ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်က ဗုံးကျဲနေသဖြင့် ထိုင်းစစ်တပ်က F-16 တိုက် လေယာဉ် ၂ စီးဖြင့် ကင်းလှည့်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်
“Mandalay Khithit”ယူကျူ့ချန်နယ်ဟာ အထူးသဖြင့် သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်း ဌာနကက သတင်းတွေကို ပြန်လည်ကူးပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတာ တွေလုပ်တဲ့နေရာဖြစ်တယ်။ စစ်တပ်က ၄င်းတို့ စစ်အာဏာသိမ်းအပြီးမှာ ဖန်တီးခဲ့တဲ့ နစကအဖွဲ့ကို ဖျက်သိမ်းမယ်ဆိုတဲ့ အထောက်အထားမရှိသလို သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်ဆိုတာလည်း အထောက်အထားမတွေ့ရပါဘူး။
ပြောဆိုချက်- နစကဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မယ်

Title:Fact Check: နစကဖျက်သိမ်းဖို့ သဘောတူလိုက်ပြီး သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်ပြီး အစိုးရဖွဲ့မည်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False