Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတဲ့ သတင်းတု 

Missing Context နိုင်ငံရေး | Politics

မြန်မာစစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖမ်းဆီးမိန့်ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ICC ချက်ချင်း ဖမ်းဝရမ်းထုတ်ပြီ

မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ ICC ရှေ့နေချုပ် အရေးပေါ်

အမိန့်ကြေညာ၊ နေပြည်တော်အထိ ဖမ်းမိန့်ကျလာပြီ” 

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်း အရာတွေကို ပြန်လည်ဖော်ပြတာနဲ့ လုပ်ကြံပြောဆိုချက် တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ အသံနဲ့ ဖတ်ကြားမှုမှာ ရွေးကောက်ပွဲအပြီးမှာ မင်းအောင်လှိုင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတယ်ဆိုပြီး ပြောဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းရင်းမြစ်တွေမှာ သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ 

၂၀၁၄ ခုနှစ်ထဲမှာတော့ ICC ရှေ့နေ Karim Khan က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့အတွက် တရားသူကြီးတွေထံ တင်ပြခဲ့ပါတယ်။ အဲဒီလျှောက်ထားချက်နောက်ပိုင်းမှာ ICC တရားသူကြီးတွေက စစ်ခေါင်းဆောင်ကို ဖမ်းဆီးဖို့ အမိန့်ချလိုက်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

၉ မိနစ်ကျော်ရှည်လျားတဲ့ သတင်းတုဗွီဒီယိုထဲမှာပဲ နောက်ထပ်ပါဝင်တဲ့အကြောင်းအရာတွေကတော့ “ကမာရွတ် မြို့နယ်တွင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို မိုင်းခွဲ တိုက်ခိုက်”၊ “စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို မဟာမိတ်အဖွဲ့တွေ တိုက်ခိုက်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကို တုပထားပြီး သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေတဲ့နေရာဖြစ်တယ်။ ရွေးကောက်ပွဲအပြီးမှာ မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီး မိန့်ကြေညာတဲ့ အထောက်အထားမတွေ့ရပါဘူး။

ပြောဆိုချက်- ရွေးကောက်ပွဲအပြီး မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာ

Avatar

Title:Fact Check: မြန်မာစစ်ခေါင်းဆောင်ကို ICC က ဖမ်းဆီးမိန့်ကြေညာတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result:Missing Context


Leave a Reply

Your email address will not be published. Required fields are marked *