ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကလုပ်တာလို့ နိုဗယ်ဆုရ ဂျပန်ဇီဝကမ္မ ဗေဒပါမောက္ခ Tasuku Honjoကပြောတယ်ဆိုတဲ့ သတင်းတု

Coronavirus False ဆေးဘက်ဆိုင်ရာ၊ | Medical နိုင်ငံတကာ၊ | International

ဂျပန်ဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာပါမောက္ခဒေါက်တာ Tasuku Honjo ဟာကိုရိုနာဗိုင်းရပ်စ်က “သဘာဝ မဟုတ်သောအရာ”လို့ ယနေ့မီဒီယာများရှေ့တွင်ဖွင့်ဟခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် သုံးစွဲသူ တွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။အောက်ပါစာသားတွေကတော့ လူမှုကွန်ယက်သုံးစွဲသူတွေမျှဝေထားတဲ့ ပို့စ်ထဲက ကောက်နှုတ်ထား တဲ့စားသားအချို့ဖြစ်ပါတယ်။

“အကယ်၍သာ ၎င်းသည်သဘာဝအတိုင်းဖြစ်ပေါ်လာသည်ဆိုပါက ကမ္ဘာတစ်ခုလုံးကိုဆိုးဆိုးရွားရွားထိခိုက်လိမ့် မည်မဟုတ်ပါ။ဘာကြောင့်လဲဆိုတော့ နိုင်ငံများတွင် အပူချိန်များသည် ကွဲပြားခြားနားသောကြောင့် ဖြစ်ပါသည်။  အကယ်၍သာ ၎င်းဗိုင်းရပ်စ်သည် သဘာဝအလျှောက်ဖြစ်ပေါ်လာပါက တရုတ်နိုင်ငံနှင့်အပူချိန်တူသော နိုင်ငံများ ကိုသာ ထိခိုက်ပေလိမ့်မည်။  ၎င်းအစား ဆွစ်ဇာလန်နိုင်ငံကဲ့သို့သော နိုင်ငံတစ်နိုင်ငံတွင်ပျံ့နှံ့နေသည်၊ သဲကန္တာရ ဒေသများတွင်ပျံ့နှံ့နေသည်။  ၎င်းသည်သဘာဝအလျှောက်ဖြစ်ပေါ်ခဲ့လျှင် ၎င်းသည်အအေးခန်းများ တွင်ပျံ့နှံ့သွား သော်လည်းပူသောနေရာများတွင်သေဆုံးသွားပေမည်။ကျွန်တော်သည်နှစ်ပေါင်း 40ကြာသည့်တိုင်အောင် တိရိစ္ဆာန်များနှင့်ဗိုင်းရပ်စ်များအပေါ်သုတေသနပြုခဲ့ပြီးပါပြီ။  ဒါဟာ သဘာဝမဟုတ်ပါဘူး။  ၎င်းဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှထုတ်လုပ်ထားပြီး လူများဖန်တီးလိုက်သောဗိုင်းရပ်စ်အတုသာလျှင် ဖြစ်ပါသည်။ ကျွန်တော်သည် တရုတ်နိုင်ငံရှိ Wuhan ဓာတ်ခွဲခန်းတွင် ၄ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပါသည်။” 

Dagu Mg အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Current Affairs”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာမျှဝေထားတာလည်း တွေ့ရပါတယ်။

Fb linkArchive link

Sein Wai Thwint အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူကလည်း အလားတူမျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

ကိုရိုနာဗိုင်းရပ်စ်မျိုးသစ်စတင်တွေ့ရှိရာ ဝူဟန်မြို့နဲ့ ဒီမြို့ကဇီဝဓာတ်ခွဲခန်းနဲ့ ပတ်သက်ပြီး ပြောဆိုရေးသား မှုတွေဟာ မကြာခဏ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဂျပန်ပါမောက္ခပြောစကားကို အချက်အလက်စိစစ်ကြည့် ရအောင်ပါ။

အချက်အလက်စိစစ်ချက်

ပထမဆုံး Google မှာ “tasuku honjo”ဆိုပြီးအဓိကကျတဲ့စကားလုံးတွေကို အသုံးပြုရှာဖွေရှာမှာ အောက်ပါ အတိုင်း အချက်အလက်တွေတွေ့ရှိရပါတယ်။

မီဒီယာတွေရှေ့မှာပြောကြားခဲ့တယ်လို့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ပို့စ်တွေမှာ ပြောကြာထားပေမဲ့ နိုင်ငံတကာက အထင်ကရမီဒီယာတွေမှာ ဖော်ပြခဲ့တာမျိုးမတွေ့ရပါဘူး။

ဂျပန်ဇီဝကမ္မနဲ့ဆေးပညာပါမောက္ခTasuku Honjo  ဟာ ၂၀၁၈ ခုနှစ်မှာ ဆေးဘက်ဆိုင်ရာ နိုဗယ်ဆုကို James P. Allison ဆိုတဲ့ တက္ကဆပ်ပြည်နယ် တက္ကသိုလ်က ပါမောက္ခနဲ့အတူ ပူးတွဲရရှိခဲ့တာကို နိုဗယ်ဆုအဖွဲ့က ထုတ်ပြန် ထား အောက်ပါအတိုင်းတွေ့ရပါတယ်။ သူဟာကူးစက်ရောဂါနဲ့ ဗိုင်းရပ်စ်အကြောင်းကို အဓိကလေ့လာရင်း နိုဗယ်ဆုရခဲ့တာမဟုတ်ဘဲ ကင်ဆာဆဲလ်တွေအပေါ်မှာကိုယ်ခံအားရဲ့ တုန့်ပြန်ပုံကို အဓိကလေ့လာလိုက်စားခဲ့တဲ့ ပညာရှင်ဖြစ်တာတွေ့ရပါတယ်။

Nobelprize.org

ပါမောက္ခTasuku Honjo  ဟာ ၂၀၁၈ ခုနှစ်မှာ ဆေးဘက်ဆိုင်ရာနိုဗယ်ဆုရချိန်က Nobelprize.org ကိုပြောထားတဲ့ သူ့အလုပ်နဲ့ သူ့ဘဝအကြောင်းကို အောက်ပါယူကျူ့ဗွီဒီယိုမှာလေ့လာနိုင်ပါတယ်။

Link

ဒီလိုပဲ ကျိုတိုအဆင့်မြင့်တက္ကသိုလ်ဝက်ဆိုဒ်မှာဖော်ပြချက်အရ Tasuku Honjo ဟာ တက္ကသိုလ်ရဲ့ ဒုတိယညွှန် ကြားရေး မှူးချုပ်နဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ်အလုပ်လုပ်နေတာတွေ့ရပြီး ကျိုတိုဆေးတက္ကသိုလ် ကိုယ်ခံ အားစနစ်နဲ့ မျိုးရိုးဗီဇာဆိုင်ရာဌာက သူ့ရဲ့ကိုယ်ရေးရာဇဝင်အသေးစိတ်ကို တင်ထားတာတွေ့ရပါတယ်။ ဒီကိုယ်ရေးရာဇဝင် အရ Tasuku Honjo ဟာ လူမှုကွန်ယက်မှာဖော်ပြခဲ့တဲ့ သတင်းမှာလို ဝူဟန်ဓာတ်ခွဲခန်းမှာ ၄ နှစ်ကြာအလုပ်လုပ် ခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိတာတွေ့ရပါတယ်။

Kyoto University

ပါမောက္ခ Tasuku Honjo နဲ့ ဂျပန်အခြေစိုက် Neikkei သတင်းဌာနဲ့ ဧပြီ ၁၀ ရက်မှာ အင်တာဗျူးတစ်ခုရှိခဲ့ပေမဲ့ ဒီအင်တာဗျူးမှာလည်း ကူးစက်ရောဂါကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကိုပဲ အဓိက ပြောကြားခဲ့တာတွေရပြီး ဝူဟန်ဓာတ်ခွဲခန်းအကြောင်းပြောကြားခဲ့တာမျိုးမတွေ့ရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။

Nikkei

ဒီအချက်အလက်တွေဟာ အခြားနိုင်ငံက Whatsapp နဲ့ ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာလည်း ပျံ့နှံ့ခဲ့တာ တွေ့ရပြီး အဖွဲ့အစည်းအသီးသီးက အချက်အလက်စိစစ်ထားတာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link
Link

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ဂျပန်နိုင်ငံ၏ဇီဝကမ္မဗေဒသို့မဟုတ်ဆေးပညာပါမောက္ခဒေါက်တာ Tasuku Honjoသည် ကိုရိုနာဗိုင်းရပ်စ်သည် “သဘာဝမဟုတ်သောအရာ” ဟုယနေ့မီဒီယာများရှေ့တွင် ဖွင့်ဟခဲ့ တယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရသလို ဝူဟန်ဓာတ်ခွဲခန်းမှာ အလုပ်လုပ်ခဲ့တယ်ဆိုတဲ့အချက်ဟာ အထောက်အထားလည်းမတွေ့ရှိရတဲ့အတွက် သတင်းတု သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:ကိုရိုနာဗိုင်းရပ်စ်ဟာ ဝူဟန်ဓာတ်ခွဲခန်းကလုပ်တာလို့ နိုဗယ်ဆုရ ဂျပန်ဇီဝကမ္မ ဗေဒပါမောက္ခ Tasuku Honjoကပြောတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *