Fact Check: ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

နေပြည်တော်ကို ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“‌ပြင်းအား (၆.၈) ငလျင်ကြီး လှုပ်

နေပြည်တော် စစ်တပ်အိမ်ရာပြိုကျ ၊ တပ်မိသားစု အများပြား သေဆုံး၊ ဝဋ်လည်ကုန်ပြီ” 

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media” ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာန ယူကျူ့အမည်နာမကို တုပပြီး  သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ တွေကို လိုအပ်သလို ပြန်လည်တည်ဖြတ်ပြောဆိုတာနဲ့ လုပ်ကြံပြောဆိုချက်တွေ ဖြန့်ဝေလေ့ရှိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ် ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့  အင်းအား ၆ ဒဿမ ၈ ရှိတဲ့ ငလျင်လှုပ်ပြီး နေပြည်တော်မှာ အဆောက်အဦးတွေ ပြိုကျပြီး တပ်မိသားစု အများအပြား သေဆုံးခဲ့တယ်ဆိုပေမဲ့ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ သတင်း‌ဖော်ပြချက် မတွေ့ရပါဘူး။ 

ဒီဗွီဒီယိုထဲမှာ အသံဖိုင်နဲ့ ဖတ်ကြားမှုအပါအဝင် နောက်ထပ်‌ရုပ်ကတ်မှာ‌ဖော်ပြရာမှာတော့  အင်းအား ၅ ဒဿမ ၆ ရှိ ငလျင်လှုပ်ခတ်ပြီး စစ်တပ်ဝန်ထမ်းအိမ်ရာ ပြိုကျကာ အများအပြားသေဆုံးခဲ့တယ်လို့လည်း ထပ်မံ ဆိုထားပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ အသုံးပြုထားတဲ့ ဓာတ်ပုံတွေဟာ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းကို ဗဟိုပြုပြီး ပြင်းအား ၇ ဒဿမ ၇ ငလျင်လှုပ်ခတ်ခဲ့စဉ်က အပျက်အစီး ဓာတ်ပုံတွေဖြစ်တယ်။ ဒီလင့်ခ်နဲ့ ဒီလင်ခ့်တွေမှာ ကြည့်ပါ။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ဝေ၊ လုပ်ကြံရေးသားပြောဆိုတာတွေပြုလုပ်ပါတယ်။ အခုလည်း နေပြည်တော်မှာ ပြင်အား ၅ ဒဿမ ၆ ရှိတဲ့ ငလျင်လှုပ်ခတ်ပြီး အများအပြားသေဆုံးတယ်ဆိုတာ လုပ်ကြံရေးသားမှုသာဖြစ်တယ်။

ပြောဆိုချက်- ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံး

Avatar

Title:Fact Check: ပြင်းအား ၆ ဒဿမ ၈ ငလျင် နေပြည်တော်မှာ လှုပ်ခတ်ပြီး တပ်မိသားစု အများအပြား သေဆုံးတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *