Fact Check: မန္တလေးငလျင်ကြီး ထပ်လှုပ်ပြီး အသေအပျောက်များတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မန္တလေးမှာ အဓိက ငလျင်ကြီးတခု ထပ်လှုပ်ပြီး လူအသေအ‌‌‌‌ပျောက် များတယ်ဆိုပြီး  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတုတွေသာဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

“8.6 ငလျင်ကြီး နမခ လှုပ်ခတ်

Breaking news ဟေ့ အသေများပြီ

စစ်တပ်ရဲ့ အလယ်ပိုင်းတိုင်း ဌါနချုပ်တည့်တည့် ငလျင်လှုပ်နေ

၂မိနစ်လောက် ကြာပြီး အသေအပျောက်ရမ်းများ တပ်မှာ အကုန်အော်နေငိုနေကြ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုတွေ ဖြန့်ဝေထားတဲ့ “Mandalay Khithit”နဲ့ “မန္တလေးခေတ်သစ်”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ကာ ပြန်လည်ဖြန့်ချိတယ်။ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ချက် တွေဖော်ပြခဲ့ပြီးဖြစ် တယ်။ 

အခုလည်း မန္တလေးမှာ အင်အားအလွန်ပြင်းတဲ့ ပြင်အား ၈ ဒဿမ ၆ ဝန်းကျင်ရှိတဲ့ ငလျင်ကြီး ထပ်မံလှုပ်ခတ်ပြီး အများအပြားသေတယ်လို့ဆိုထားပေမဲ့ ဒီသတင်းတုပါ အကြောင်းအရာဟာ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိဘဲ လုပ်ကြံရေးသားထားခြင်းဖြစ်တယ်။

တကယ်တမ်း သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေထဲပါအကြောင်းအရာတွေကို လေ့လာကြည့်မယ်ဆိုရင် လူထုနွေဦးသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မန္တလေးမြောက်ဘက်ဗဟိုပြုပြီး အင်အားအသင့်တင့်ရှိ မြေငလျင် လှုပ်ခတ်” ဆိုတဲ့ သတင်းကိုပြန်လည်ဖော်ပြပြီး ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ သတင်းထဲမှာ ဒီဇင်ဘာ ၁၀ ရက် ညနေ ၄ နာရီ ၅မိနစ်ခန့်မှာ မန္တလေးမြို့ရဲ့မြောက်ဘက် ၆၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၈ အဆင့်နဲ့ အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ် သွားတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ အသိပေးချက်ကို ကိုးကားရေးသားထားတာဖြစ်တယ်။ ဒီငလျင်ကြောင့် လူထိခိုက် သေဆုံးမှုရှိတဲ့ အထောက်အထားလည်း မတွေ့ရသလို အင်အား ၄ ဒဿမ ၈ ငလျင်ဟာ အပျက်အစီးဖြစ်နိုင် ခြေနည်းပါတယ်။

Original link | Archive link

သုံးသပ်ချက်

ဒီဇင်ဘာ ၁၀ ရက်က မန္တလေးမြောက်ဘက်မှာ အင်အား ၄ ဒဿမ ၈ ရှိ အင်အားသင့် ငလျင်လှုပ်ခတ်မှုကို  ချဲ့ကားပြီး လုပ်ကြံရေးသားထားတဲ့ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ ငလျင်ဟာ အင်အား အသင့်အတင့်သာရှိပြီး ဒီငလျင်ကြောင့် ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု အထောက်အထားမတွေ့ရပါဘူး။ 

ပြောဆိုချက်- မန္တလေးမှာ အဓိကငလျင်ကြီး ထပ်လှုပ်ပြီး အသေအပျောက်များ

Avatar

Title:Fact Check: မန္တလေးငလျင်ကြီး ထပ်လှုပ်ပြီး အသေအပျောက်များတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *