Fact Check: လားရှိုးမြို့ကို MNDAA ပြန်သိမ်းဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

လားရှိုးမြို့ကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီးလို့ဆိုလိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။

ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နိုဝင်ဘာ ၁၉ ရက်မှာ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ ကြည့်ရှု့မှု‌ပေါင်း ၁ ဒဿမ ၂ သိန်းဝန်းကျင်ရရှိထားတယ်။ 

“လားရှိုး MNDAA ပြန်သိမ်းပြီ

လူပါးဝနေတဲ့ စစ်တပ်ကို MNDAA က ၁၈၀၀ ခန့် အရှင်ဖမ်း

MNDAA ကို စိန်ခေါ်တဲ့ ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦး ဖမ်းဆီးခံရ

PDF နဲ့ NUG ကို လွှဲပြောင်းပေးမည်ဟု MNDAA ကြေညာ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိတာတွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏအချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့ သတင်းအကြောင်းအရာဟာ လူထုနွေးဦးသတင်းဌာနကဖော်ပြခဲ့တဲ့ လားရှိုးအနီးနဲ့ ပြည်‌ထောင်စုလမ်းပိုင်းမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ နိုဝင်ဘာလ ၁၁ ရက်နေ့က လာရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ် ဆွေးနွေးပွဲမှာ မြန်မာစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးက ဖိအားပေး တောင်းဆိုခဲ့တာကို MNDAAက လက်မခံလို့ ဆွေးနွေးပွဲပျက်ခဲ့ရပြီး နှစ်ဖက် ပြန်လည်တင်းမာလာတာကို ကိုးကားရေးသားတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြထားတယ်။ မူလသတင်းဆောင်းပါးဖော်ပြချက် အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒါပေမဲ့ MNDAA က လားရှိုးကို ပြန်သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ MNDAA က လားရှိုးကို ပြန်လည်ထိန်းချုပ်လိုက်တာ ဒါမှမဟုတ် ပြန်လည် ဝင်ရောက်စီးနင်းတိုက်ခိုက်တယ်ဆိုတဲ့ ဖော်ပြချက်မတွေ့ရပါဘူး။ 

သုံးသပ်ချက်

ဗွီဒီယို ဖြန့်ချိထားတဲ့ “Mandalay Khitthit”ဟာ မီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ကာ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ လားရှိုးကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီဆိုတဲ့ အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- လားရှိုးကို MNDAA က ပြန်လည်သိမ်းပိုက်လိုက်ပြီ

Avatar

Title:Fact Check: လားရှိုးမြို့ကို MNDAA ပြန်သိမ်းဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *