မြန်မာစာ အက္ခရာ ၈ လုံးကိုဖျက်ပစ်လိုက်ပြီးဆိုတဲ့ လှည့်စားထားတဲ့သတင်းမှား

False လူမှုရေး

ဃ၊ဋ၊ဈ၊ဏ၊ဠ၊ဌ  စတဲ့အက္ခရာ ၈ လုံးကို ဖျက်လိုက်ပြီးဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပို့စ်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

အခုပယ်ဖျက်လိုက်တဲ့ အက္ခရာတွေဟာ သာသနာနဲ့သက်ဆိုင်တဲ့ ပါဋိနဲ့ သက်ဆိုင်တဲ့အတွက်  ပယ်ဖျက်လိုက် တယ်ဆိုပြီးတော့လည်း ရေးသားမျှဝေနေတာတွေရပါတယ်။

“U Thura Zaw”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူတွေက အောက်ပါအတိုင်းမျှ ဝေထားပါတယ်။ 

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ပထမတန်းသင်ရိုးသစ်မှာ ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ နှင့် ဠ စတဲ့စကားလုံးတွေ ဖြုတ်ထားတာမရှိပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

myanmarexam.org

သူငယ်တန်း မြန်မာစာ သင်ရိုးမှာ ဗျည်းအက္ခရာ ၃၃ လုံးကနေ ၈ လုံးဖြုတ်ပြီး သင်ကြားမှုကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ကတည်းက စတင်ခဲ့တာတွေ့ရပါတယ်။ ဒီလို အသံထွက်ရခက်ရေးရခက်တဲ့ ဗျည်းအက္ခရာ ၈ သူငယ်တန်းမှာပဲဖြုတ်သင်တာဖြစ်ပြီး ပထမတန်းမှာပြန်လည်ထည့်သွင်းသင်ကြားမှာဖြစ်ပါတယ်။ ဒီလို အက္ခရာ ၈ လုံးဖြုတ်ပြီး သင်ကြားမှုအတွက် အဲဒီအချိန်က အမြင်ကွဲလွဲမှုတွေအကြောင်းကို ဖော်ပြခဲ့တဲ့ ဒီဗွီဘီ သတင်းဌာနက သတင်းတစ်ပုဒ်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ပို့မြန်မာစာ သင်ရိုးမှာ ဗျည်းအက္ခရာ ၃၃ လုံးကနေ ၈ လုံးဖြုတ်ပြီး သင်ကြားမှုဟာ မူလတန်းမှာပဲ ဖြုတ်သင်တာတွေ့ရပြီး ပထမတန်းမှာ ပြန်လည်ထည့်သွင်းသင်ကြားမှာ တွေ့ရပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *