Fact Check: စစ်ခေါင်းဆောင် ကျည်ထိမှန်ပြီး အရေးပေါ်ခွဲစိပ်မှုခံနေရတယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပစ်ခတ်ခံရပြီး ကျည်ထိမှန်လို အရေးပေါ်ခွဲစိပ်ကုသနေရတယ် ဆိုတဲ့ ဗွီဒီယိုကို “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“စစ်ခေါင်း‌ဆောင် ပစ်ခတ်ခံရ

လုံခြုံရေးတင်းကြပ်သည့်ကြား မင်းအောင်လှိုင်

ကျဉ်ထိမှန်၊ အရေးပေါ်ခွဲစိပ်မှုခံနေရ”

C:\Users\User\Downloads\Firefox_Screenshot_2025-06-27T11-06-49.076Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ပထမဆုံးအနေနဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်နာမကို တုပထားတဲ့ ချန်နယ်တခု ဖြစ်တာတွေ့ရပါတယ်။ ဒီအပြင် ဒီချန်နယ်ဟာ မီဒီယာတချို့မှာ ‌‌ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေ ဒါမှမဟုတ် လုပ်ကြံရေးသားဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာ တွေ့နိုင်တယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။   

အခုလည်း ဗွီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနက‌ဖော်ပြခဲ့တဲ့ “စစ်ခေါင်းဆောင် လုံခြုံရေးစိုးရိမ်နေသလား”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်‌ဖော်ပြထားတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ကိုင်းမြို့ပေါ်က စာသင်ကျောင်း တခုကို သွားရောက်စဉ်မှာ အနီးကပ်လက်နက်ကိုင် လုံခြုံရေးတွေကို အသုံးပြုထားတဲ့ အပြင် ကိုယ်တိုင်ကလည်း ကျည်ကာအင်္ကျီ ဝတ်ဆင်ထားတာဟာ သူ့အနေနဲ့ သူ့လုံခြုံရေးကို အရမ်းစိုးရိမ်နေတာကို ပြသတာဖြစ်တယ်လို့ ဝေဖန်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ဖြစ်တယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။

၉ မိနစ်ကျော်ရှည်လျားတဲ့ ဒီသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ‌ဖော်ပြခဲ့တဲ့ “ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ မြို့များပေါ်တွင်သာ စစ်တပ်က စိုးမိုးနိုင်တော့ပြီး တော်လှန်ရေးတပ်များက နေရာအများစုကို ထိန်းချုပ်ကာ ရန်ကုန်နှင့်အနီးဆုံးသို့ တရွေ့ရွေ့ ဦးတည်လာနေ”၊ ဧရာဝတီတိုင်းမ်သတင်း ဌာနက ‌ဖော်ပြခဲ့တဲ့ “ဗန်းမော်တိုက်ပွဲသို့ စစ်ကူပို့သည့် လေယာဉ်များပစ်ချခံနေရ၍ ရေကြောင်းမှ စစ်ကူပို့ရန် စစ်ကောင်စီ ကြိုးပမ်း”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူအမည်ကို တုပထားပြီး  ခေါင်းစဉ်တုတပ် ဗွီဒီယိုတွေလည်း ဖြန့်ချိတယ်။ စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး ကျည်ဆံထိမှန်လို့ အရေးပေါ်ခွဲစိပ်ရတယ်ဆိုတာ လုပ်ကြံရေးသားပြောဆိုမှုဖြစ်ပြီး အထောက်အထားမရှိပါဘူး။

ပြောဆိုချက်- စစ်ခေါင်းဆောင် တိုက်ခိုက်ခံရပြီး ကျည်ဆံထိမှန်လို့ အရေးပေါ်ခွဲစိပ်ရ

Avatar

Title:Fact Check: စစ်ခေါင်းဆောင် ကျည်ထိမှန်ပြီး အရေးပေါ်ခွဲစိပ်မှုခံနေရတယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *