Fact Check: ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးသွားတယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။

ရုရှားတို့ရဲ့ ဒုတိယကမ္ဘာစစ်အတွင်း နာဇီ ဂျာမနီကို အောင်မြင်မှု အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပတဲ့ စစ်ရေးပြအခမ်းအနားကို ဒီနှစ် မြန်မာစစ်ခေါင်းဆောင်လည်း တက်ရောက်ဖို့ ဖိတ်ကြားခံရပါတယ်။ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းကတော့ အခမ်းအနားတက်ရောက်လာမယ့်သူတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ကြေညာထားပြီး ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ ရုရှားနိုင်ငံအပေါ် ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

ဒီလိုအခြေအနေမှာ မေ ၈ ရက်က “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီလို တိုက်ခိုက်ခံရလို့ စစ်ခေါင်းဆောင်သေဆုံးခဲ့တယ်ဆိုတဲ့ ဗွီဒီယိုတွေ ဆက်တိုက်ဖြန့်‌လာတာဖြစ်တယ်။ ပို့စ်စခရင်ရှော့ ဓာတ်ပုံနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှု  ၄ ဒသမ ၆ ထောင်ကျော်ရှိထားတယ်။ အလားတူ ရုရှားသွားစစ်ခေါင်းဆောင် တိုက်ခိုက်ခံရလို့ သေဆုံးမှုအဖြစ် ပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“ရုရှားရောက် မအလ သေပြီဟေ့

ရင်ပြင်နီကို ယူကရိန်းဒုံးကျည်နဲ့ပစ်ချလို့ 

မအလနဲ့အတူ ကြူကြူလှ ပါသေဆုံး”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖြန့်ချိတာ၊ လုပ်ကြံရေးသားဖြန့်ချိမှုတွေ လုပ်တဲ့ နေရာတခုဖြစ်တာတွေ့ရတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင် ရုရှား ရောက်ရှိချိန် ယူကရိန်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို တာဝေးပစ်ဒရုန်းများဖြင့် တတိယနေ့ အဖြစ် ဆက်လက်တိုက်ခိုက်၊ မော်စကိုလေဆိပ်တွင် လေကြောင်းခရီးစဉ် ၂၄၀ ကျော် ဖျက်သိမ်းရွှေ့ဆိုင်း”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

ရုရှားရောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယူကရိန်းတိုက်ခိုက်မှုမှာ သေဆုံးသွားတယ်ဆိုတာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ တကယ်တမ်းမှာ စစ်ခေါင်းဆောင် ရုရှားရောက်နေချိန်မှာ ကြိုတင်မျှော်လင့်ထားတဲ့အတိုင်း ယူကရိန်းက တိုက်ခိုက်မှုအကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ 

ပြောဆိုချက်- ရုရှားရောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယူကရိန်းရဲ့ တိုက်ခိုက်မှုမှာ သေဆုံး

Avatar

Title:Fact Check: ရုရှား ရင်ပြင်နီကို ယူကရိန်းတိုက်ခိုက်မှုမှာ စစ်ခေါင်းဆောင်နဲ့ ဇနီးဖြစ်သူ သေဆုံးတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *