Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

နယ်မြေကျူးကျော်လာလို့ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်လို့ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုတပ် သတင်းဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။  စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“စစ်တပ်လေယာဉ် ထိုင်းပစ်ခတ်

နယ်မြေကျူးကျော်လို့ အကြမ်းက်စစ်တပ်လေယာဉ် ထိုင်းပစ်မိန့်

ကြေညာ၊ အိမ်နီးချင်း မပီသဟု မင်းအောင်လှိုင် ဒေါကန်နေ”

C:\Users\User\Downloads\Firefox_Screenshot_2025-05-29T14-49-03.096Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး ဒီမီဒီယာအပါအဝင် တခြား သတင်းဌာနတွေက သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ ဖြန့်ချိတဲ့ နေရာဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း  ဗွီဒီယိုထဲပါအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “ထိုင်း-မြန်မာနယ်စပ်အနီး ရောက်ရှိလာသော မြန်မာစစ်ကောင်စီ၏ Yak-130 တိုက်လေယာဉ်ကို ကြားဖြတ်ရန် F-16 တိုက်လေယာဉ် ၂ စီး ထိုင်းလေတပ်က အရေးပေါ် စေလွှတ်”ဆိုတဲ့ သတင်းနဲ့ တခြားသော သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ မူလသတင်းဖော်ပြချက်မှာ ထိုင်းပိုင်နက်ထဲကို မြန်မာစစ်လေယာဉ် ဝင်ရောက်သွားခြင်းမရှိတဲ့အကြောင်းနဲ့ တိုက်လေယာဉ် နယ်နိမိတ် မကျော်လာစေရန် F-16 နှစ်စီး အရေးပေါ် စေလွှတ်ခဲ့တာဖြစ်ကြောင်း စသည်ဖြင့်ဖော်ပြထားတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ 

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ အမည်နဲ့ အမှတ်တံဆိပ်ကို တုပသုံးစွဲပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။ မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းဘက်က ပစ်ခတ်လို့ စစ်ခေါင်းဆောင် ဒေါသထွက်

Avatar

Title:Fact Check: မြန်မာစစ်တပ်လေယာဉ်ကို ထိုင်းပစ်ခတ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *