Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတယ်လို့ ဆိုထားတဲ့ ပြောဆိုချက်တွေ ဒီရက်ပိုင်းထဲ ယူကျူ့ချန်နယ် အတော်များများမှာ ဖြန့်ဝေနေပြီး ပျံ့နှံ့မှု အားကောင်းနေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာ ဖြစ်တယ်။ 

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  ဒီနေရာမှာလည်း ကြည့်ပါ။ 

“ညနေ(၆) နာရီ အ‌မေစု ထွက်လာပြီ တပ်ချုပ် ရဲ့ဝင်းဦးရဲ့ အမိန့်ဟုသိရ၊MRTVကနေ ကြေညာပြီ ၊ တနိုင်ငံလုံး နိုင်ကျဉ်းတွေပါဝင်လာ”

Original link | Archive link

အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။ 

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသားပြောဆိုချက်တွေ ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။ ဒီချန်နယ်တွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ (ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။)

အခုလည်း  ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်အကြီးအသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြန်လည်လွှတ်ပေးလိုက်တယ်၊ စစ်တပ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည်လွှတ်ပေးလိုက်တယ်စသည်ဖြင့် သတင်းတုဗွီဒီယိုတွေမှာ ဆိုထားပေမဲ့ ဒီအကြောင်းအရာကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ဒီလိုပဲ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ ဖော်ပြထားတာ မတွေ့ရပါဘူး။ 

သုံးသပ်ချက်

‌ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ သတင်းဟာ သတင်းတုဗွီဒီယိုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တွေက လုပ်ကြံရေးသား ဖြန့်ချိထားခြင်းဖြစ်ပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှ ဖော်ပြချက်မရှိပါဘူး။ သတင်းတု ဗွီဒီယိုတွေပါ တချို့ဓာတ်ပုံတွေဟာ AI နည်းပညာအသုံးပြု ဖန်တီးထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်။

Result Stamp

Title: Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာတဲ့ သတင်းတု 

Fact Check By: Zun Zee

Result: False