Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီးနောက် အချက် ၆ ချက်သဘောတူညီချက်ရပြီလို့ ဆိုတဲ့ ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ 

မေ ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။

“အချက် ၆ ချက်သဘောတူ လိုက်ပြပြီ

NUGနဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး

ပြည်သူတွေ ဝမ်းသာလို့ရပြီ”

C:\Users\User\Downloads\screenshot-www.youtube.com-2025.05.27-19_40_28.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitthit” ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး  Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။

အခုလည်း  ဗွီဒီယိုပါအကြောင်းအရာဟာ မေ ၂၃ ရက်မှာ ဧရာဝတီတိုင်းမ်းသတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာစစ်ကောင်စီနဲ့ NUG ကြား တွေ့ဆုံဆွေးနွေးဖို့ အချိန်ကျပြီလို့ မလေးရှား ပြော”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူပြီး ခေါင်းစဉ်တုတပ် ဖော်ပြထားခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက် စခရင်ရှော့ ဓာတ်ပုံကို အောက်မှာကြည့်ပါ။ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စစ်ကောင်စီနဲ့ အတိုက်ခံအင်အားစုတွေအကြား သီးခြားစီ တွေ့ဆုံဆွေးနွေးမှုဟာ ရလာဒ်ထွက်ပေါ်ခဲ့တယ်လို့ ပြောကြားခဲ့တဲ့အကြောင်းဖော်ပြထားပြီး NUG ပြောရေးဆိုခွင့်ရ ဦးနေဘုန်းလတ်ကတော့ အချက် ၆ ချက်ကို လက်ခံရင် စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောဆိုထားတဲ့အကြောင်း သတင်းထဲမှာ ဖော်ပြထားတယ်။

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ နောင်ချိုမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၁၅ လုံးကြဲချတဲ့သတင်း၊ ရခိုင်ပြည်က လူငယ်တွေကို ပြည်ပနဲ့ ပြည်မဘက် ထွက်ခွာမှု AA တားမြစ်တဲ့ သတင်းစတာတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်“Mandalay khitthit” ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တု တပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူဖော်ပြလေ့ရှိတဲ့နေရာတခုဖြစ်ပါတယ်။ NUG နဲ့ စစ်ကောင်စီတို့ အကြိတ်အနယ်ဆွေးနွေးပြီး နောက် အချက် ၆ ချက်သဘောတူညီချက်ရ တယ်ဆိုတဲ့ အထောက်အထား တစုံတရာမရှိသလို နှစ်ဘက်တွေ့ဆုံဆွေး‌နွေးကြပြီဆိုတဲ့ သတင်းလည်းမတွေ့ရပါဘူး။

Avatar

Title:Fact Check: NUG နဲ့ စစ်ကောင်စီ ဆွေးနွေးမှုအပြီး အချက် ၆ ချက်သဘောတူဆိုတဲ့ သတင်းတု 

Written By: နေရာမောင်  

Result: False