Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီလို့ NUG အတည်ပြု ထုတ်ပြန်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က အတည်ပြု ထုတ်ပြန်လိုက်ပြီလို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။  အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“တနိုင်ငံလုံး ကခုန်လို့ရပြီဟေ့

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီဟု 

NUG အတည်ပြု ထုတ်ပြန်ကြေညာပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ အာဂျင်တီးနားတရားရုံးက သမ္မတဟောင်း ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့  စစ်ခေါင်းဆောင်၊ ၄င်း အပေါင်းအပါများနည်းတူ တရားခံစာရင်းတွင်ထည့်သွင်းပြီး ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းနေခြင်းကို ဖယ်ရှားပေးရန်တောင်းဆိုတယ်ဆိုတဲ့ NUG ရဲ့  ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန်ချက်ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

သုံးသပ်ချက်

 “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိပါတယ်။  အာဂျင်တီးနားတရားရုံးက သမ္မတဟောင်း ဦးထင်ကျော်၊ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှုသတ်ဖြတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းမှုကို ဖယ်ရှားဖို့ NUG ရဲ့ တောင်းဆိုချက်ကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီလို့ NUG အတည်ပြု ထုတ်ပြန်

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီလို့ NUG အတည်ပြု ထုတ်ပြန်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *