
ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်ရောက် အရေးယူမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့အကြောင်း ဖေ့စ်ဘွတ်မှာ ပို့စ်တခု ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာဖြန့်ဝေထားတဲ့ ဓာတ်ပုံပါစာသားကောက်နုတ်ချက်ဖြစ်တယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဓာတ်ပုံနဲ့အတူ ဓာတ်ပုံပို့စ်တခုအဖြစ် မျှဝေထားတာဖြစ်တယ်။
“တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေးနဲ့ ပတ်သက်ပြီး
မအိပန်ဆယ်လိုနဲ့ ထောက်ပို့တပ်သားများကို
ဝေဖန်ရေးသား တိုက်ခိုက်နေသည့် မည်သူကိုမဆို
အကြမ်းဖက်စစ်ကောင်စီကို အားပေးရာရောက်သဖြင့်
ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူသွားဖို့ရှိပါတယ်”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီလိုပြောဆိုချက်ကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ မတွေ့ရပါဘူး။ ဒီလိုပဲ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ဖေ့စ်ဘွတ်မှာလည်း မတွေ့ရပါဘူး။ ဒီလိုဖော်ပြထားတဲ့ ပို့စ်ပိုင်ရှင်ရဲ့ ဖော်ပြချက်မှာလည်း ဦးရည်မွန်က ဘယ်အချိန်နဲ့ ဘယ်နေရာမှာ ပြောခဲ့တယ်၊ ဘယ်သူက ဖော်ပြတယ်ဆိုတဲ့ ဖော်ပြချက်မရှိပါဘူး။
ဒီလိုလုပ်ကြံရေးသားချက်တွေကို ဖြန့်ဝေထားတဲ့ Aung N Htwe အမည်နဲ့ဖေ့စ်ဘွတ်အကောင့်ဟာ အခုလိုပဲ မှားယွင်းတဲ့ပြောဆိုချက်တွေ ဖြန့်ချိလေ့ရှိတဲ့ အကောင့်တခုဖြစ်တာလည်းတွေ့ရပါတယ်။ ဒီအကောင့်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။
ဒီအကောင့်ဟာ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏဆိုသလို ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ သတင်းမှား ဖြန့်ဝေမှုတွေ မကြာခဏလုပ်ခဲ့ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကို ကြည့်ပါ။
သုံးသပ်ချက်
ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်ရောက် အရေးယူမယ်လို့ ဦးရည်မွန်ပြောတဲ့အကြောင်း အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် မတွေ့ရှိပါဘူး။ ဒီလို ဦးရည်မွန်ပြောတယ်လို့ ဖော်ပြထားတဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မကြာခဏ အခုလို လုပ်ကြံရေးသား ဖြန့်ဝေချက်တွေ လုပ်လေ့ရှိတဲ့ အကောင်တခုဖြစ်တာတွေ့ရါတယ်။
ပြောဆိုချက်- ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်ရောက် အရေးယူမယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ပြော

Title:Fact Check: ရန်ပုံငွေ ရှာဖွေနေသူတွေကို ဝေဖန်မှု ထိထိရောက်ရောက် အရေးယူမယ်လို့ ဦးရည်မွန်ပြောတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False