Fact Check: NUG အစားထိုး အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာတဲ့ သတင်းတု

False နိုင်ငံရေး | Politics

NUG အစားထိုးဖွဲ့စည်းလိုက်တဲ့ အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာ တယ်ဆိုပြီး ဗွီဒီယို ယူကျူ့ချန်နယ်တခု က ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ သတင်းတုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ 

“NUG အပြီးသတ် ဖျက်သိမ်း

အစိုးရ သစ်ဖွဲ့စည်းပြီး သမ္မတသစ်ကြေညာ

NUG စစ်ဦးစီးချုပ်နေရာ ဗိုလ်ချုပ် ထွန်းမြတ်နိုင် တာဝန်ယူပြီး

သမ္မတနေရာ ဗိုလ်ချုပ်ဂွမ်မော် တာဝန်ယူပြီ ”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ မီဒီယာတွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ဖျက်သိမ်းတယ်ဆိုတဲ့ အထောက်အထားဖြစ်စေ စစ်ဦးစီးချူပ်နေရာကို အာရက္ခတပ်တော်(AA)က ဗိုလ်ချုပ်ထွန်းမြင့်နိုင်၊ သမ္မတနေရာကို ကချင်အမျိုးသား လွတ်လပ်ရေးတပ်မတော်(KIA)က ဗိုလ်ချုပ်ဂွမ်မော် သမ္မတဖြစ်လာတယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

ဗွီဒီယိုအစမှာ ပြသတဲ့ရုပ်ကတ်မှာ အထက်မှာ‌ဖော်ပြခဲ့သလို တိုင်းရင်းသား ၂ ဦးက စစ်ဦးစီးချုပ်နဲ့ သမ္မတ ဖြစ်လာတယ်‌လို့ ပြောဆိုထားပေမဲ့ တကယ်တမ်း ဗွီဒီယိုထဲမှာဖော်ပြခဲ့တဲ့ အကြောင်းအရာတွေဟာ သံလွင်တိုင်းမ်း သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “စနစ်ပြောင်းတော်လှန်ရေး ဆက်လုပ်သွားမယ်လို့ NUG ပြော”၊ “ကရင်ပြည်နယ်ရဲ့ မြို့နယ်တချို့မှာ စမ်းသပ်မဲပေးခိုင်းမှုတွေ လုပ်ဆောင်နေ”၊ “မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ဖယောင်းတောင် ရွှေတွင်းကို စစ်တပ်ပြန်ထိန်းချုပ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay khitThit”ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း NUG ဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပူးပေါင်းဆောင်ရွက်သူတွေကို အရေးယူမယ်ဆိုတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တု တပ်ထားခြင်းဖြစ်တယ်။ NUG အစားထိုး အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာတယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ဗိုလ်ချုပ်ဂွမ်မော် NUG သမ္မတဖြစ်လာပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်လာ

Avatar

Title:Fact Check: NUG အစားထိုး အစိုးအဖွဲ့သစ်မှာ ဗိုလ်ချုပ်ဂွမ်မော်က သမ္မတနဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ဦးစီးချုပ်ဖြစ်လာတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *